Connect with us

Hi, what are you looking for?

သတင်း

ပြည်မြို့ မင်းကြီးတောင်ရှိ စရဖရုံးဗုံးကွဲပြီး သုံးဦးသေ

ယမန်နေ့ (မတ် ၁၂ ရက်) ညနေ ၄ နာရီခွဲဝန်းကျင်က ပြည်မြို့ မင်းကြီးတောင်ပေါ်ရှိ ယုံဖြူတောင် ၌တပ်စွဲထားသော စရဖရုံးတွင် ပေါက်ကွဲမှုဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။

(ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရသော စရဖရုံး။ဓာတ်ပုံ - CJ)
(ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရသော စရဖရုံး။ဓာတ်ပုံ - CJ)

ပဲခူးတိုင်း ပြည်မြို့ရှိ မင်းကြီးတောင်ပေါ်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ​၏ရစစ်ဘက် ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံး(စရဖ)တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ် သားသုံးဦးသေဆုံပြီး တစ်ဦးဆေးရုံရောက်ရှိကြောင်း ဒေသခံများက People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့ (မတ် ၁၂ ရက်) ညနေ ၄ နာရီခွဲဝန်းကျင်က ပြည်မြို့ မင်းကြီးတောင်ပေါ်ရှိ ယုံဖြူတောင် ၌တပ်စွဲထားသော စရဖရုံးတွင် ပေါက်ကွဲမှုဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။

(ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရသော စရဖရုံး။ဓာတ်ပုံ - CJ)
(ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရသော စရဖရုံး။ဓာတ်ပုံ – CJ)

“မနေ့(မတ် ၁၂)ကညနေ ၄ နာရီခွဲက အဲမှာ(ယုံဖြူတောင်)တပ်စွဲထားတဲ့ စခ(စစ်သား)တွေ ဗုံးစမ်းရင်း ပေါက်ကွာတာလို့ သိရတယ်။ သုံးကောင်သေတယ်။တစ်ကောင်က ကုတင် ၁၀၀ ဆေးရုံရောက်သွားတယ်”ဟု ပြည်မြို့ခံတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ် သားလေးဦး ထိခိုက်သေဆုံးသည့်အပြင် တစ်ထပ်အဆောက်အအုံတစ်လုံး အမိုးလန်ပျက်စီးကာ ရုံးလုပ်ငန်းသုံး စားပွဲနှင့် ထုံခုံများ ကျိုးပဲ့ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

(ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရသော စရဖရုံး။ဓာတ်ပုံ - CJ)
(ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရသော စရဖရုံး။ဓာတ်ပုံ – CJ)

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယမန်နေ့ညပိုင်းက ပြည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားရာ ဘဏ်များ၊ စာသင်ကျောင်းများ၏ အနီးဝန်းကျင်ရှိ စျေးဆိုင်များကို ည ၈ နာရီအထိသာရောင်းချရန် သတိပေးမှုများရှိခဲ့ကြောင်း ပြည်မြို့ ဒေသခံများထံမှ စုံစမ်းသိရသည်။

အထက်ပါ မင်းကြီးတောင်ပေါ်ရှိ စရဖ ရုံးသည် စစ်ကြောရေးပြုလုပ်သည့်နေရာတစ်ခုဖြစ်ပြီး စစ်တပ်အာ ဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတင်းကျပ်ထားသောကြောင့် အရပ်သားများအလွယ်တကူဝင်ရောက်နိုင်ခြင်းမရှိသည့် ကန့်သတ်နယ်မြေတစ်ခု ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော် မီးရထားဌာန နှင့် မွေးမြူရေးဌာန ဝန်ထမ်းအိမ်ယာများပြိုကျမှုတွင် သေဆုံးသူရုပ်အလောင်းများကို ယနေ့ (ဧပြီလ ၉ရက်)အထိ ပြန်ဖော်နိုင်ခြင်းမရှိသေးဘဲ ဘေးပတ်ဝန်းကျင်တွင် အပုတ်နံ့များထွက်​နေသည်။

သတင်း

ပစ်ခတ်မှုပြီးနောက် လူငယ် ၁၀ဦးထက်မနည်း စစ်တပ် ဖမ်းဆီး

သတင်း

စစ်​ကောင်စီက လေကြောင်းမှ ဗုံးကြဲ​သော​ကြောင့် စဥ့်ကူးမြို့နယ်၊လက်ပံလှကျေးရွာတွင် သေဆုံးသူ ၂၇ ဦးအထိရှိလာကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်- မန္တလေးပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က လူထုနွေဦး သို့ပြောသည်။

သတင်း

သေဆုံးသူတွေက​တော့ ကိုကောင်းမြတ်သူ၊ကိုသန်းတင့်၊မသန်းတင့်၊ကိုအောင်မျိုးခန့်၊ကို အောင်မျိုးသန့်တို့ဖြစ်ကြပါတယ်။