Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီး ထွေအုပ်ရုံးနဲ့ လျှပ်စစ်ရုံး တိုက်ခိုက်ခံရပြီး ၁ဦးသေဆုံး၊ ၃ဦးဒဏ်ရာရ

မနက် ၁၀ နာရီ ခွဲဝန်းကျင်မှာ ထွေအုပ်ရုံးရှေ့လမ်းပေါ်နဲ့ ရုံးဝန်းထဲကို ဗုံး ၂ လုံးကျသလို ၊ လျှပ်စစ်ရုံးမှာ ခြံစည်းရိုးအစပ်ကို ဗုံးကျတာလို့သိရပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်မှုတစ်ခုကိုတွေ့ရစဉ်
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်မှုတစ်ခုကိုတွေ့ရစဉ်

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲက လျှပ်စစ်ရုံးနဲ့ ထွေအုပ် ရုံးတို့ မနေ့ မတ်လ ၁၃ ရက်မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးချခံလိုက်ရပြီး ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရသွားပါတယ်။

မနက် ၁၀ နာရီ ခွဲဝန်းကျင်မှာ ထွေအုပ်ရုံးရှေ့လမ်းပေါ်နဲ့ ရုံးဝန်းထဲကို ဗုံး ၂ လုံးကျသလို ၊ လျှပ်စစ်ရုံးမှာ ခြံစည်းရိုးအစပ်ကို ဗုံးကျတာလို့သိရပါတယ်။

Public Service Announcement
Public Service Announcement

အဲဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူဟာ ထွေအုပ်ရုံးက ယာဉ်မောင်းအမျိုးသားဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့ ကျန် ၃ ဦးမှာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ၊ ထွေအုပ်အကြီးတန်း စာရေးနဲ့ လျှပ်စစ်ရုံး စာရေးတို့ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ နွားထိုးကြီးမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်ဟာ ယာဘက် နားထင် ကို ဗုံးစ ဖောက်ဝင် ဒဏ်ရာရပြီး စိုးရိမ်ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။