Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာ လဝကဦးစီးမှူး အသတ်ခံရ

မတ္တရာမြို့နယ်၊ဝါးရင်းတုတ်ကျေးရွာ တစ်နေရာတွင် သေနတ်ဖြင့် သုံးချက်အနီးကပ် ပစ်သတ် သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက People’s Springသို့ ပြောသည်။

ဓာတ်ပုံ - Voice Of Mandalay PDF
ဓာတ်ပုံ - Voice Of Mandalay PDF

မန္တလေးတိုင်း မတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ဦးစီးမှူး ကျော်နိုင်ဦး ယနေ့(မတ် ၁၄ရက်)နံနက် ၁၀နာရီခန့်တွင် လူတစ်စုက သေနတ်ဖြင့်ပစ်သတ်သွားကြောင်း ‌ဒေသခံများက ပြောသည်။

မတ္တရာမြို့နယ်၊ဝါးရင်းတုတ်ကျေးရွာ တစ်နေရာတွင် သေနတ်ဖြင့် သုံးချက်အနီးကပ် ပစ်သတ် သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက People’s Springသို့ ပြောသည်။

“ကျော်နိုင်ဦးက ဒီဘက်(ပစ်သတ်ခံရသည့်နေရာဝန်းကျင်)ကို မကြာခဏလာတဲ့သူ။ သူက စစ်ကောင်စီလူအမာခံပါ။ ဒီနေ့မနက်သူ့ကိုပစ်သတ်သွားတာ”ဟု မတ္တရာမြို့ခံတစ်ဦးက ပြော သည်။

မတ္တရာမြို့နယ် လဝကဦးစီးမှူး ကျော်နိုင်ဦးသည် ပျူစောထီးစည်းရုံးရေးနှင့် ပျူထောက်ပို့လုပ်နေသူဖြစ်ပြီး ဝရင်းတုတ်ကျေးရွာ တံတား​နောက်ဘက်ထိပ်တွင် သေနတ်ဖြင့် သုံးချက်အပစ်ခံပြီး သေဆုံးသွားကြောင်း၊ ကျော်နိုင်ဦးသည် ကိုယ်ခံပညာတတ်သူဖြစ်ပြီး ၎င်းထံမှ သွေးစွန်းနေသော ဓားနှင့် စာရင်းစာရွက်များ တွေ့ရှိကြောင်းသိရသည်ဟု မန္တလေးကင်းထောက်အဖွဲ့ဖြစ်သော Voice Of Mandalay ဖေ့စ်ဘွတ်ခ်စာမျက်နှာက ရေးသားထားသည်။

Public Service Announcement

Public Service Announcement

မတ္တရာမြို့နယ် လဝက ဦးစီးမှူး ကျော်နိုင်ဦးသည် အသက် (၅၀)ခန့်ရှိပြီး စစ်ကောင်စီအလိုကျ လိုက် နာပြီး ရွေးကောက်ပွဲဖြစ်ရေး လှုံ့ဆော်နေသူဖြစ်ကြောင်း သိရသည်။ ဦးကျော်နိုင်ဦးသည် သုံးရက်အတွင်း နှစ်ဦးမြောက် ရှင်းလင်းခံရသော စစ်ကောင်စီလက်အောက်ခံ လဝကဦးစီးမှူးဖြစ်သည်။

မတ်လ ၁၂ရက်ကလည်း ဖားကန့်မြို့နယ် လ၀က ဦးစီးမှူးမြင့်လွင် သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဆရာတော်အား စစ်ကောင်စီက မည်သည့်အတွက်ကြောင့်ဖမ်းဆီးခဲ့သည်ကို မသိရသေးကြောင်း၊ ဆရာတော်သည် အာဏာသိမ်းကာလအစောပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများတွင် စိတ်အားထက်သန်ခဲ့သူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက မတ္တရာမြို့နယ်အရှေ့ပိုင်း၊ သရက်ကိုင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်က သတ်ဖြတ်သွားသည့် စစ်ဘေးရှောင်ပြည်သူ အမျိုးသား ခြောက်ဦး၏ ရုပ်အလောင်းများအား ဒေသခံများက တွေ့ရှိခဲ့​သည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားသော စစ်ကောင်စီတပ်သားများအား စစ်ကားနှစ်စီးဖြင့်လာရောက်သယ်ဆောင်သွားသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၉ ရက်ကလည်း စဉ့်ကူးမြို့နယ် သဲအင်းရွာ၊ကြက်တူရွေးရွာ၊မြစ်ကမ်းကြီးရွာနှင့် ဟင်္သာမရွာတို့မှ နေအိမ် ၆ဝ ခန့် မီးရှို့ဖျက်ဆီးခဲ့သေးသည်။