Connect with us

Hi, what are you looking for?

သတင်း

မြောက်ဥက္ကလာ (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဗုံးခွဲတိုက်ခိုက်၊ ထိခိုက်မှုရှိနိုင်ဟု YUF ပြော

ပစ်ခတ်လိုက်သည့် ပေါက်ကွဲအားပြင်း လက်ပစ် ဗုံးသည် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ထောက်တိုင်များစုဝေးနေသည့်နေရာအနီးကျရောက် ပေါက်ကွဲခဲ့ပြီး မီးခိုးလုံးများထွက် လာပြီးနောက် အော်ဟစ်သံများပါကြားရကြောင်း YUF တာဝန်ရှိသူက ရှင်းပြသည်။

မြောက်ဥက္ကလာ (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဗုံးခွဲတိုက်ခိုက်၊ ထိခိုက်မှုရှိနိုင်ဟု YUF ပြော
မြောက်ဥက္ကလာ (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဗုံးခွဲတိုက်ခိုက်၊ ထိခိုက်မှုရှိနိုင်ဟု YUF ပြော

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ (ဃ) ရပ်ကွက် စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Underground Force(YUF)က ပြောသည်။

ယနေ့ (မတ် ၁၆ ရက်) နေ့လယ် ၂ နာရီ မိနစ် ၄၀ ခန့်က (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စစ်တပ်ထောက်တိုင်များစုဝေးနေစဥ် YUF မှဦးဆောင်၍ Freeland Attack Force (FlA)၊ Emerald Girls Army ( EGA)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ဖောက်ခွဲမှုလုပ်မယ့်အချိန် အဲဒီရုံးထဲ စကစအုပ်ကြီးတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ စစ် တပ်ထောက်တိုင် သတင်းပေးဒလန်တွေ ရှိနေပါတယ်။ အဲဒီလူအုပ်ထဲကို ပစ်ခတ်ဖောက်ခွဲခဲ့တာပါ။ အများအပြား ထိခိုက်နိုင်ပါတယ်ဗျ”ဟု YUF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်လိုက်သည့် ပေါက်ကွဲအားပြင်း လက်ပစ် ဗုံးသည် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ထောက်တိုင်များစုဝေးနေသည့်နေရာအနီးကျရောက် ပေါက်ကွဲခဲ့ပြီး မီးခိုးလုံးများထွက် လာပြီးနောက် အော်ဟစ်သံများပါကြားရကြောင်း YUF တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွားပြီး မိနစ်ပိုင်းအကြာတွင် စစ်ကောင်စီတပ်မှ အင်အား (၄၀)ခန့်ဖြင့် (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ရောက်ရှိလာပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုဖြစ်မြောက်ရေးအတွက် ကူညီပေးခဲ့သော Milk Tea Aliance Yangonနှင့် အလှူရှင် မိဘပြည်သူတစ်ယောက်ချင်းဆီအား ကျေးဇူးအထူးတင်ရှိကြောင်းနှင့် UG ရဲဘော်များ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း YUF က အသိပေးထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းကလည်း မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးရုံးသို့ စစ်ကောင်စီတပ်များစုဝေးရောက်ရှိနေချိန် YUF က ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အခြေခံပညာကျောင်းတွေစဖွင့်တဲ့ ဒီနေ့(ဇွန်၁)မှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတစ်ခုအနီးက ကုက္ကိုလ်ပင်ကို မိုးကြိုးပစ်ခဲ့လို့ အပင်အောက်မှာ မိုးခိုနေတဲ့ဆရာမနဲ့ ကျောင်းသား ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ ရဲတွေ ကားနဲ့တိုက်သတ်ခံရပြီး နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံးတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။