Connect with us

Hi, what are you looking for?

သတင်း

ရွှေပေါက္ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြအဖွဲ့တွေ တိုက်ခိုက်

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

နိုဝင်ဘာ-၂၀၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ မိုင်းခွဲပြီးအသီးနဲ့ပါထုခဲ့တာ။ အုပ်ကြီးပါထိနိုင်တယ်” လို့ ပြောပါတယ်။

‌Yangon Armyနဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ ပူးပေါင်းစစ်ဆင်ရေးအနေနဲ့ နိုဝင်ဘာ ၁၉ ရက် ည ၁၀နာရီခန့်မှာ ရွှေပေါက္ကံမြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းနှစ်လုံး ၊ လက်ပစ်ဗုံးတစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

” ညဘက်အစာရှာကြတာ။ ပြန်ပေးသမားတွေ။ ဧည့်စစ်မယ် ဟိုလိုလိုဒီလိုလိုနဲ့လူငယ်တွေကိုဖမ်းမယ်၊ ပြီးရင်ရောင်းစားမယ်” လို့ တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှုးရုံးရဲ့ ပြည်သူ‌တွေအပေါ် ဖိနှိပ်နေတဲ့ အကြောင်းကိုအထက်ပါတာဝန်ရှိသူက‌ ပြောပါတယ်။

အနောက်ပိုင်းခရိုင်ပကဖကလည်း ဒီမစ်ရှင်အကြောင်းကို သတင်းထုတ်ပြန်ထားပါတယ်။

မြေပြင်ကဒေသခံတွေရဲ့ ပြောကြားချက်ကို ‌ဖော်ပြပေးလေ့ရှိတဲ့ Hlaing Info ရဲ့တယ်လီဂရန်ချန်နယ်မှာလည်း ပေါက်ကွဲမှာဖြစ်ပြီး စစ်ကောင်စီဘက်တော်သားတွေထိခိုက်မှုရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

Yangon Army နဲ့ အနောက်ပိုင်းခရိုင်ပကဖ တို့က မနေ့ကလည်း လှည်းကူးမြို့ ဇရပ်ကွင်းအုပ်ချုပ်ရေးမှုးရုံးကိုတိုက်ခိုက်ခဲ့တာ ပျူစောထီးနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် အဲဒီပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၁ရက်ကလည်း ရွှေပေါက္ကံရဲစခန်း တိုက်ခိုက်ခဲ့သလို အောက်တိုဘာလထဲမှာလည်း လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်္ဂလာဒုံမြို့နယ် ကြံ့ဖွံ့ပါတီရုံးနဲ့ ရွှေပြည်သာမြို့နယ် (၇) ရပ်ကွက်ရုံး တို့ကိုတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံးတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပစ်ခတ်ခံရသော စန်းငွေကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂ရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီ၏ သန်းခေါင်စာရင်းအတွက် ကူညီလုပ်ဆောင်နေသည့် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကာလပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်ရှိ စစ်ကောင်စီ​၏ (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Facebook