Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုထောက်ပို့တပ် စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်

ယမန်နေ့ (မတ်လ ၁၆ ရက်)က နံနက် ၈နာရီခွဲ ခန့်က ရွှေဘိုမြို့ ထောက်ပို့တပ်မှ ကားအကြီး တစ်စီးဖြင့်လာချသွားသော အင်အား ၃၀ခန့်ပါ စစ်ကောင်စီတပ်အား တအုံကျေးရွာ အရှေ့ဘက် အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Who am i-Army အဖွဲ့က ပြောသည်။

(၂ဝ၂၁ မတ်လက ရန်ကုန်မြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုအား ဖြိုခွင်းရန် ရောက်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CJ)
(၂ဝ၂၁ မတ်လက ရန်ကုန်မြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုအား ဖြိုခွင်းရန် ရောက်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ထောက်ပို့တပ်မှ စစ်ကောင်စီတပ်အား မိုင်းဆွဲပြီး ဒရုန်းဖြင့်ပါ ဗုံးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (မတ်လ ၁၆ ရက်)က နံနက် ၈နာရီခွဲ ခန့်က ရွှေဘိုမြို့ ထောက်ပို့တပ်မှ ကားအကြီး တစ်စီးဖြင့်လာချသွားသော အင်အား ၃၀ခန့်ပါ စစ်ကောင်စီတပ်အား တအုံကျေးရွာ အရှေ့ဘက် အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Who am i-Army အဖွဲ့က ပြောသည်။

ထိုသို့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှာ ရှေ့ဆက်မတက်ဘဲ နောက်သို့ခြေလျင်ပြန်ခေါက်သွားခဲ့ကြောင်း Who am i-Army အဖွဲ့က ဆိုသည်။

အဆိုပါစစ်ကြောင်းအား ရွှေဘိုမြို့အဝင်အနီး၌ ဒရုန်းဖြင့် ဗုံးသီးချထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Black Wolf-Army အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“နေ့လယ် ၁ နာရီလောက်မှာ တအုံကျေးရွာ အရှေ့ဘက် ကျွန်းတောကနေ ကင်းပုန်းဝပ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဗုံးသီးနှစ်လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။”ဟု အထက်ပါ တာဝန်ခံက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Who am i-Army နှင့် Black Wolf-Armyတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

ကော့ကရိတ်မြို့သို့ စစ်ကူရောက်ရှိလာသော စစ်ကြောင်းမှာ မည်သည့်လမ်းကြောင်းမှ ရောက်ရှိလာသည်ကို မသိရဘဲ အင်အား ရာနှင့်ချီပါဝင်သည်ဟု ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

မြဝတီမြို့မှာ တော့ မြို့စောင့်တပ် ခလရ ၂၇၅ ဆုတ်ခွာလိုက်ရပြီး အဲဒီတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းဘက်ကို တိမ်းရှောင်ဖို့ သောင်ရင်းမြစ်ကူး ချစ်ကြည်ရေးတံတားအမှတ် ၂ ဆီ ရောက်ရှိနေကြပါတယ်။