Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုထောက်ပို့တပ် စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်

ယမန်နေ့ (မတ်လ ၁၆ ရက်)က နံနက် ၈နာရီခွဲ ခန့်က ရွှေဘိုမြို့ ထောက်ပို့တပ်မှ ကားအကြီး တစ်စီးဖြင့်လာချသွားသော အင်အား ၃၀ခန့်ပါ စစ်ကောင်စီတပ်အား တအုံကျေးရွာ အရှေ့ဘက် အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Who am i-Army အဖွဲ့က ပြောသည်။

(၂ဝ၂၁ မတ်လက ရန်ကုန်မြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုအား ဖြိုခွင်းရန် ရောက်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CJ)
(၂ဝ၂၁ မတ်လက ရန်ကုန်မြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုအား ဖြိုခွင်းရန် ရောက်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ထောက်ပို့တပ်မှ စစ်ကောင်စီတပ်အား မိုင်းဆွဲပြီး ဒရုန်းဖြင့်ပါ ဗုံးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (မတ်လ ၁၆ ရက်)က နံနက် ၈နာရီခွဲ ခန့်က ရွှေဘိုမြို့ ထောက်ပို့တပ်မှ ကားအကြီး တစ်စီးဖြင့်လာချသွားသော အင်အား ၃၀ခန့်ပါ စစ်ကောင်စီတပ်အား တအုံကျေးရွာ အရှေ့ဘက် အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Who am i-Army အဖွဲ့က ပြောသည်။

ထိုသို့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှာ ရှေ့ဆက်မတက်ဘဲ နောက်သို့ခြေလျင်ပြန်ခေါက်သွားခဲ့ကြောင်း Who am i-Army အဖွဲ့က ဆိုသည်။

အဆိုပါစစ်ကြောင်းအား ရွှေဘိုမြို့အဝင်အနီး၌ ဒရုန်းဖြင့် ဗုံးသီးချထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Black Wolf-Army အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“နေ့လယ် ၁ နာရီလောက်မှာ တအုံကျေးရွာ အရှေ့ဘက် ကျွန်းတောကနေ ကင်းပုန်းဝပ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဗုံးသီးနှစ်လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။”ဟု အထက်ပါ တာဝန်ခံက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Who am i-Army နှင့် Black Wolf-Armyတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်အတွင်းဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)ကနေဆောက်လုပ်ပေးဖို့စီစဥ်ခဲ့ပေမယ့် အစီအစဥ်ပျက်သွားတဲ့တံတားကိုဒေသခံပြည်သူတွေကိုယ်ထူကိုယ်ထစနစ်နဲ့ အကောင်အထည်ဖော်တည်ဆောက်နေ​ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း မဲတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၂ဦး အပါအဝင် ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်စီးအောင်ကျေးရွာကို စစ်တပ်စစ်ကြောင်းတွေ ရောက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဆီသို့လှမ်းချီ ‘Road to Tenasserim’ ကမ်ပိန်းက အမေရိကန်ဒေါ်လာ ၁ သိန်း ၆ သောင်းကျော် ထောက်ပို့ကူညီခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။