Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကယားမှာ စစ်ရှောင်ကလေးငယ်တွေကြား ရေယုန်အရေပြားရောဂါဖြစ်ပွားနေ

လသားအရွယ် ကလေးငယ်တွေအပါအဝင် ကလေး ၄၀ ဦးခန့်မှာ အဲဒီရေယုန်အရေပြားရောဂါ ဖြစ်နေတာလို့ ကရင်နီ (ကယား) ပြည်နယ် သတင်းနဲ့ ကူညီမှုအဖွဲ့ကဆိုထားပါတယ်။

ဓာတ်ပုံ − Job For Kayah
ဓာတ်ပုံ − Job For Kayah

ကယား(ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ထဲက စစ်ရှောင်ကလေးငယ်တွေမှာ ရေယုန်အရေပြားရောဂါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

လသားအရွယ် ကလေးငယ်တွေအပါအဝင် ကလေး ၄၀ ဦးခန့်မှာ အဲဒီရေယုန်အရေပြားရောဂါ ဖြစ်နေတာလို့ ကရင်နီ (ကယား) ပြည်နယ် သတင်းနဲ့ ကူညီမှုအဖွဲ့ကဆိုထားပါတယ်။

ကလေးအများစုဟာ မျက်နှာ ၊ဦးခေါင်း ၊ဝမ်းဗိုက်နဲ့ခြေထောက်တွေမှာ ရေယုန်ပေါက်နေကြတယ်လို့သိရပါတယ်။

ဒါဟာ စစ်ရှောင်ရင်း တောတောင်ထဲမှာ ရေပုံမှန်မချိုးရတာ ၊ သောက်ရေ သုံးရေသန့်သန့်ရှင်းရှင်းမရရှိတာတွေကြောင့်ဖြစ်ပြီး ဒီနေ့မှာ ဆရာဝန်နဲ့ ကလေးငယ်တွေကို ပြသပေးဖို့ စီစဉ်ထားတယ်လို့ ကရင်နီ (ကယား) ပြည်နယ် သတင်းနဲ့ ကူညီမှုအဖွဲ့ ကပြောထားပါတယ်။

Public Service Announcement

Public Service Announcement

ရေယုန်ရောဂါ ကလေးငယ်တွေကြား ဖြစ်ပွားနေတဲ့ ဒေသဟာ ဒီးမော့ဆိုမြို့နယ် ၊ ဒေါတမကြီး အုပ်စု ထဲက ကျေးရွာ ၂ ရွာ က ကလေးတွေဖြစ်ကြပါတယ်။

ဒီးမော့ဆိုဟာရှမ်းပြည်နယ် ဖယ်ခုံနဲ့ထိစပ်နေပြီး. ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဒီးမော့ဆိုအရှေ့ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

သတင်း

မြန်မာကြက်ခြေနီ သည် စစ်တပ်၏ အရံတပ်ဖွဲ့ဖြစ်ကာ စစ်ကောင်စီကို ထောက်ပံ့ကူညီနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း KNUက အသိပေးသည်။