Connect with us

Hi, what are you looking for?

သတင်း

ကယားမှာ စစ်ရှောင်ကလေးငယ်တွေကြား ရေယုန်အရေပြားရောဂါဖြစ်ပွားနေ

လသားအရွယ် ကလေးငယ်တွေအပါအဝင် ကလေး ၄၀ ဦးခန့်မှာ အဲဒီရေယုန်အရေပြားရောဂါ ဖြစ်နေတာလို့ ကရင်နီ (ကယား) ပြည်နယ် သတင်းနဲ့ ကူညီမှုအဖွဲ့ကဆိုထားပါတယ်။

ဓာတ်ပုံ − Job For Kayah
ဓာတ်ပုံ − Job For Kayah

ကယား(ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ထဲက စစ်ရှောင်ကလေးငယ်တွေမှာ ရေယုန်အရေပြားရောဂါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

လသားအရွယ် ကလေးငယ်တွေအပါအဝင် ကလေး ၄၀ ဦးခန့်မှာ အဲဒီရေယုန်အရေပြားရောဂါ ဖြစ်နေတာလို့ ကရင်နီ (ကယား) ပြည်နယ် သတင်းနဲ့ ကူညီမှုအဖွဲ့ကဆိုထားပါတယ်။

ကလေးအများစုဟာ မျက်နှာ ၊ဦးခေါင်း ၊ဝမ်းဗိုက်နဲ့ခြေထောက်တွေမှာ ရေယုန်ပေါက်နေကြတယ်လို့သိရပါတယ်။

ဒါဟာ စစ်ရှောင်ရင်း တောတောင်ထဲမှာ ရေပုံမှန်မချိုးရတာ ၊ သောက်ရေ သုံးရေသန့်သန့်ရှင်းရှင်းမရရှိတာတွေကြောင့်ဖြစ်ပြီး ဒီနေ့မှာ ဆရာဝန်နဲ့ ကလေးငယ်တွေကို ပြသပေးဖို့ စီစဉ်ထားတယ်လို့ ကရင်နီ (ကယား) ပြည်နယ် သတင်းနဲ့ ကူညီမှုအဖွဲ့ ကပြောထားပါတယ်။

Public Service Announcement

Public Service Announcement

ရေယုန်ရောဂါ ကလေးငယ်တွေကြား ဖြစ်ပွားနေတဲ့ ဒေသဟာ ဒီးမော့ဆိုမြို့နယ် ၊ ဒေါတမကြီး အုပ်စု ထဲက ကျေးရွာ ၂ ရွာ က ကလေးတွေဖြစ်ကြပါတယ်။

ဒီးမော့ဆိုဟာရှမ်းပြည်နယ် ဖယ်ခုံနဲ့ထိစပ်နေပြီး. ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဒီးမော့ဆိုအရှေ့ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ချောင်းသာကမ်းခြေဒေသမှာ ‌ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီးစွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ဆိပ်မှာ ရေနစ်ပျောက်ဆုံးနေတဲ့ က​လေး ၃ ဦးထဲက တစ်ဦးကို သေဆုံးလျက် ပြန်လည်ရှာဖွေတွေရှိခဲ့ပြီး ၂ ဦး ရှာမတွေ့သေးကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။