Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ရက်)ညပိုင်းက ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ဘေးရှောင်နေထိုင်ရာသို့ စစ်ကောင်စီတပ်မှ ည ၈နာရီခန့်တွင် လက်နက်ကြီးအဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် သွေးကွက်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - DMO
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် သွေးကွက်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - DMO

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း အလယ်ပိုင်းတိုင်း ဒီးမော့ဆို (၁၁၀၂)တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ရက်)ညပိုင်းက ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ဘေးရှောင်နေထိုင်ရာသို့ စစ်ကောင်စီတပ်မှ ည ၈နာရီခန့်တွင် လက်နက်ကြီးအဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၃၁)နှစ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၎င်းသေဆုံးသွားသောအမျိုးသမီး၏ ခင်ပွန်းအသက်(၃၅)နှစ် အမျိုး သားမှာ ဘယ်လက်ကျိုးဒဏ်ရာ နှင့် အသက် (၂၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူ အမျိုးသမီးတစ်ဦးမှာ အသက် (၂)နှစ်ကျော် ကလေးငယ်ရှိပြီး အဆိုပါကလေးမှာလည်း ပေါင်တွင်ထိခိုက်ဒဏ်ရာရရှိကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲမဖြစ်ဘဲနဲ့ကို စစ်ရှောင်တွေရှိတဲ့နေရာဆီကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာလို့ ပြောလို့ရတယ်။လူထု အပေါ် စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တစ်ခုပါပဲ။ဒါက နေ့စဥ်တိုင်လိုလို ဖြစ်လို့နေပါပြီ”ဟု အလယ်ပိုင်းတိုင်း ဒီးမော့ဆို(၁၁၀၂)တပ်ရင်း တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် ယမန်နေ့ နေ့လည်ပိုင်းက ဘောလခဲ​မြို့အခြေစိုက် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိကျေးရွာတစ်ရွာသို့ လက်နက်ကြီးဖြင့် အ ကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား သုံးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူများအနက် အသက် (၇၀)အရွယ် အမျိုးသားတစ်ဦးမှာ ဆေးခန်းပို့ဆောင်နေစဥ် လမ်းခုလတ်တွင် သေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။