Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ရက်)ညပိုင်းက ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ဘေးရှောင်နေထိုင်ရာသို့ စစ်ကောင်စီတပ်မှ ည ၈နာရီခန့်တွင် လက်နက်ကြီးအဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် သွေးကွက်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - DMO
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် သွေးကွက်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - DMO

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း အလယ်ပိုင်းတိုင်း ဒီးမော့ဆို (၁၁၀၂)တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ရက်)ညပိုင်းက ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ဘေးရှောင်နေထိုင်ရာသို့ စစ်ကောင်စီတပ်မှ ည ၈နာရီခန့်တွင် လက်နက်ကြီးအဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၃၁)နှစ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၎င်းသေဆုံးသွားသောအမျိုးသမီး၏ ခင်ပွန်းအသက်(၃၅)နှစ် အမျိုး သားမှာ ဘယ်လက်ကျိုးဒဏ်ရာ နှင့် အသက် (၂၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူ အမျိုးသမီးတစ်ဦးမှာ အသက် (၂)နှစ်ကျော် ကလေးငယ်ရှိပြီး အဆိုပါကလေးမှာလည်း ပေါင်တွင်ထိခိုက်ဒဏ်ရာရရှိကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲမဖြစ်ဘဲနဲ့ကို စစ်ရှောင်တွေရှိတဲ့နေရာဆီကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာလို့ ပြောလို့ရတယ်။လူထု အပေါ် စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တစ်ခုပါပဲ။ဒါက နေ့စဥ်တိုင်လိုလို ဖြစ်လို့နေပါပြီ”ဟု အလယ်ပိုင်းတိုင်း ဒီးမော့ဆို(၁၁၀၂)တပ်ရင်း တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် ယမန်နေ့ နေ့လည်ပိုင်းက ဘောလခဲ​မြို့အခြေစိုက် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိကျေးရွာတစ်ရွာသို့ လက်နက်ကြီးဖြင့် အ ကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား သုံးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူများအနက် အသက် (၇၀)အရွယ် အမျိုးသားတစ်ဦးမှာ ဆေးခန်းပို့ဆောင်နေစဥ် လမ်းခုလတ်တွင် သေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။