Connect with us

Hi, what are you looking for?

သတင်း

မော်လမြိုင်ရှိ ရတခတိုင်းစစ်ဌာနချုပ်ကို ​တော်လှန်​ရေးအဖွဲ့များ ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကောင်စီတပ်သည် ယနေ့ (မတ်လ ၁၇ရက်) နံနက်ပိုင်းတွင် ရေးမြို့နယ် အစင်/ဇီးဖြူတောင်ကမ်းခြေမှတဆင့် စစ်ရေယာဥ်သုံးစင်းဖြင့် ခေါ်ဆောင်လာသည့် တပ်ဖွဲ့ဝင်အများအပြား အင်အားတိုးနေကြောင်းမော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက အသိပေးထားသည်။

(ရတခ တိုင်းဝန်းအတွင်းရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့​သော​နေရာများကို ​မော်လမြိုင် ပကဖ က​မြေပုံဖြင့်ပြသထားမှု)
(ရတခ တိုင်းဝန်းအတွင်းရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့​သော​နေရာများကို ​မော်လမြိုင် ပကဖ က​မြေပုံဖြင့်ပြသထားမှု)

မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)ဝန်းအတွင်းရှိ ရဟတ်ယာဉ်ကွင်းနှင့် အရာရှိအိမ်ယာတို့ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် KNDO တို့ကဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖနှင့် ​ဒေသခံများထံမှသိရသည်။

မတ်လ ၁၆ ရက် ည၉နာရီ ၇မိနစ်မှ ၉နာရီ ၄၀မိနစ်ကြားတွင်ဒရုန်းဖြင့် သုံးကြိမ်ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိသည်။

“လေယာဉ်ကွင်းဘက်ကနေပေါက်ကွဲသံကြားတယ်။ တော်တော်လည်း ကျယ်တယ်။သေနတ်သံလည်း ကြားလိုက်တယ်။ စစ်တပ်ဝင်းထဲဆိုတော့ ဘာသတင်းမှတော့ ထွက်မလာဘူး”ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် လေယာဉ်ကွင်း သည်ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဘုရားသုံးဆူနှင့်ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွဒေသ ဘက်သို့ စစ်တပ်ကလေကြောင်းမှ တိုက်ခိုက်ရာတွင်အသုံးပြုနေသောကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းမော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက ယ​နေ့(မတ် ၁၇)တွင်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒရုန်းငါးစီးဖြင့် တိုက်ခိုက်ရန်စီစဉ်ထားသော်လည်း လုံခြုံရေးအရ ဒရုန်းသုံးစီးဖြင့်သာ တိုက်ခိုက်ခဲ့ရပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ တိုက်ခိုက်ချိန်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း ရဟတ်ယာဉ်ကွင်း၌ ရဟတ်ယာဉ်နှစ်စင်းရှိနေသည်ဟု ပါရှိသည်။

အထက်ပါတိုက်ခိုက်မှုကို KNDO တပ်ဖွဲ့ဝင်များနှင့် ရှာထူးဝေါ်ဒရုန်းနည်းပညာတပ်ဖွဲ့၊ ကျိုက်မရောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မုဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းအသိ​ပေးထားသည်။

“တိုက်ခိုက်ခံရမှုကဖြစ်ခဲ့တယ်ဗျ။ တိုင်းစစ်ဌာနချုပ်ဆိုတော့ သတင်းကို ဖုံးဖိထားတာ”ဟု မော်လမြိုင်မြို့မှ ဌာနဆိုင်ရာအရာရှိတစ်ဦးကပြောသည်။

​အဆိုပါတိုက်ခိုက်မှုတွင်ထိခိုက်ပျက်စီးမှုရှိ ၊မရှိကို People’s Spring ကအတည်မပြုနိုင်​သေးပါ။

သို့​သော်တိုက်ခိုက်ခံရပြီး​နောက် ​မတ်လ၁၇ ရက်တွင် ရတခ အတွင်းစစ်သားများ​ခြေရှုပ်​နေပြီး ​မော်လမြိုင်မြို့တွင်လုံခြုံ​ရေးမြှင့်ထား​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့ (မတ်လ ၁၇ရက်) နံနက်ပိုင်းတွင် ရေးမြို့နယ် အစင်/ဇီးဖြူတောင်ကမ်းခြေမှတဆင့် စစ်ရေယာဥ်သုံးစင်းဖြင့် ခေါ်ဆောင်လာသည့် တပ်ဖွဲ့ဝင်အများအပြား အင်အားတိုးနေကြောင်းမော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။