Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မော်လမြိုင်မြို့တွင် ကြိုးတုပ်အသတ်ခံထားရသော အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့

ယနေ့(နိုဝင်ဘာ ၁၂ရက်)က မော်လမြိုင်မြို့ရှိ မြေနီကုန်းဘူတာအနီး လမ်းဘေးတွင် အသတ်ခံထားရသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခြင်းဟု ဒေသခံများက ပြောသည်။

မော်လမြိုင်မြို့တွင် ကြိုးတုပ်အသတ်ခံထားရသော အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့
မော်လမြိုင်မြို့တွင် ကြိုးတုပ်အသတ်ခံထားရသော အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့

မော်လမြိုင်မြို့ လမ်းဘေးတစ်နေရာတွင် ကြိုးတုပ်အသတ်ခံထားရသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့နံနက်က တွေ့ရှိခဲ့သည်။

ယနေ့(နိုဝင်ဘာ ၁၂ရက်)က မော်လမြိုင်မြို့ရှိ မြေနီကုန်းဘူတာအနီး လမ်းဘေးတွင် အသတ်ခံထားရသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခြင်းဟု ဒေသခံများက ပြောသည်။

“ အလောင်းက ပုပ်နေပြီ။ မြို့ပေါ်မှာဖြစ်တဲ့ လူသတ် အလောင်းဖျောက်မှုဗျ။ ​ကြောက်စရာသိပ် ကောင်းနေပြီ” ဟု မြို့ခံတစ်ဦးက ပြောသည်။

သေဆုံးသူမှာ မည်သူဖြစ်သည်ကို မသိရသေးပေ။

Public Service Announcement
Public Service Announcement

မော်လမြိုင်မြို့တွင် နိုဝင်ဘာ ၃ရက်ကလည်း ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦး အသတ်ခံရပြီး ဆိုင်ကယ်လုယက်ခံခဲ့ရသည်။ ယင်းအမှုတရားခံမမိသေးခင် နောက်တစ်ဦး အသတ်ခံရခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၎င်းတို့၏အာဏာတည်မြဲရေးမှလွဲ၍ ကျန်သည့်အရာများကို အလေးမထားတော့ဘဲ တရားဥပဒေစိုးမိုးမှုလည်း လုံးဝမရှိတော့ဟု ဒေသခံများက ပြောသည်။

“ ပြည်သူတွေလဲ အစစအရာရာ သတိထားကြပါဗျာ။ တရားဥပဒေစိုးမိုးမှု မဲ့လာတော့ ခုတလော ဒုစရိုက်မှုတွေများလာပါတယ်။ ပစ္စည်းလုရုံတင်တွေက တော်သေးတယ်။ ခုဟာတွေက လူပါသတ်နေကြတာ ဆိုးပါတယ်” ဟု မော်လမြိုင်မြို့ခံ ကိုဇင်မိုးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

You May Also Like

သတင်း

စစ်ကောင်စီ၏ ဗိုလ်ကြီးအဆင့်အပါအဝင် တပ်သား ၁၀ဦးထက်မနည်းသေဆုံးသည့် တိုက်ပွဲမှာ ဒီးမော့ဆိုအရှေ့ခြမ်း ဒေါစဲကျေးရွာအနီး၌ ဖြစ်သည်။

သတင်း

သေဆုံးနေသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသားကို ရထားသံလမ်းဘေး၌ ယမန်နေ့ညနေပိုင်းက သွားရောက်တင်ဆောင်ရခြင်းဟု ဆိုသည်။

သတင်း

အရှေ့တောင်တိုင်းစစ်ဌာနချုပ် လေယာဉ်ကွင်း သည်ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဘုရားသုံးဆူနှင့်ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွဒေသ ဘက်သို့ စစ်တပ်ကလေကြောင်းမှ တိုက်ခိုက်ရာတွင်အသုံးပြုနေသောကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းမော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက မတ် ၁၇တွင်ထုတ်ပြန်သည်။

သတင်း

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ရောက်ရှိလာကာ လှည်းကူးစုပေါင်းရုံး၊ လှည်းကူးစျေးနှင့် လှည်းကူးတာဆုံတို့တွင်ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက​ပြောသည်။