Connect with us

Hi, what are you looking for?

သတင်း

မော်လမြိုင်မြို့တွင် ကြိုးတုပ်အသတ်ခံထားရသော အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့

ယနေ့(နိုဝင်ဘာ ၁၂ရက်)က မော်လမြိုင်မြို့ရှိ မြေနီကုန်းဘူတာအနီး လမ်းဘေးတွင် အသတ်ခံထားရသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခြင်းဟု ဒေသခံများက ပြောသည်။

မော်လမြိုင်မြို့တွင် ကြိုးတုပ်အသတ်ခံထားရသော အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့
မော်လမြိုင်မြို့တွင် ကြိုးတုပ်အသတ်ခံထားရသော အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့

မော်လမြိုင်မြို့ လမ်းဘေးတစ်နေရာတွင် ကြိုးတုပ်အသတ်ခံထားရသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့နံနက်က တွေ့ရှိခဲ့သည်။

ယနေ့(နိုဝင်ဘာ ၁၂ရက်)က မော်လမြိုင်မြို့ရှိ မြေနီကုန်းဘူတာအနီး လမ်းဘေးတွင် အသတ်ခံထားရသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခြင်းဟု ဒေသခံများက ပြောသည်။

“အလောင်းက ပုပ်နေပြီ။ မြို့ပေါ်မှာဖြစ်တဲ့ လူသတ် အလောင်းဖျောက်မှုဗျ။ ​ကြောက်စရာသိပ် ကောင်းနေပြီ”ဟု မြို့ခံတစ်ဦးက ပြောသည်။

သေဆုံးသူမှာ မည်သူဖြစ်သည်ကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မော်လမြိုင်မြို့တွင် နိုဝင်ဘာ ၃ရက်ကလည်း ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦး အသတ်ခံရပြီး ဆိုင်ကယ်လုယက်ခံခဲ့ရသည်။ ယင်းအမှုတရားခံမမိသေးခင် နောက်တစ်ဦး အသတ်ခံရခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၎င်းတို့၏အာဏာတည်မြဲရေးမှလွဲ၍ ကျန်သည့်အရာများကို အလေးမထားတော့ဘဲ တရားဥပဒေစိုးမိုးမှုလည်း လုံးဝမရှိတော့ဟု ဒေသခံများက ပြောသည်။

“ပြည်သူတွေလဲ အစစအရာရာ သတိထားကြပါဗျာ။ တရားဥပဒေစိုးမိုးမှု မဲ့လာတော့ ခုတလော ဒုစရိုက်မှုတွေများလာပါတယ်။ ပစ္စည်းလုရုံတင်တွေက တော်သေးတယ်။ ခုဟာတွေက လူပါသတ်နေကြတာ ဆိုးပါတယ်”ဟု မော်လမြိုင်မြို့ခံ ကိုဇင်မိုးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မော်လမြိုင်မြို့ နဂါးမောက်ဘုရားမှာ သာသနာပြုဆင်ဆိုတဲ့ခေါင်းစဉ်နဲ့ ထားရှိတဲ့ ဆင် ၅ကောင်ကို သဘာဝအတိုင်း ကျက်စားနိုင်ဖို့အတွက် ပဲခူးရိုးမထဲကို ပြန်လွှတ်လိုက်ပါတယ်။

သတင်း

မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာဒီနေ့ ( မတ်လ ၂ ရက်) မနက်အစောပိုင်းက နေအိမ် မီးလောင်မှုဖြစ်ပြီး သက်ကြီးပိုင်း အဘိုး၊အဘွား နှစ်ဦး သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းထံကသိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ထဲက ၈ ထပ်ရေတံခွန်မှာ ပြုတ်ကျပြီးပျောက်ဆုံးနေတဲ့ အမျိုးသမီးနှစ်ဦးအနက် အမေရိကန်နိုင်ငံသူရဲ့ ရုပ်အလောင်းကိုဒီနေ့ (စက်တင်ဘာလ ၃၀ ရက် )မှာပြန်တွေ့ပြီလို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) တိုင်းက ထုတ်ပြန်လာပါတယ်။