Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုတွင် စစ်ကောင်စီတပ်လေကြောင်း ပစ်ခတ် ၍ အမျိုးသမီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး

ယမန်နေ့ မွန်းလွဲ ၂နာရီခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှတက်လာသည့် Mi-35 တိုက်ခိုက်ရေးသုံးရဟတ်ယာဥ်ဖြင့် ဆိပ်ခွန်ရွာကို လေကြောင်းမှ မိနစ် ၄၀ခန့်ကြာအထိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(ဆိပ်ခွန်ရွာ၌ Mi-35ယာဥ်ဖြင့်ပစ်ခတ်ခံရ၍ ထိခိုက်သေဆုံးခဲ့သူနှင့် ဝက်လက်မြို့နယ် သမ္မာရိုးစံပြကျေးရွာအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ၊ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)
(ဆိပ်ခွန်ရွာ၌ Mi-35ယာဥ်ဖြင့်ပစ်ခတ်ခံရ၍ ထိခိုက်သေဆုံးခဲ့သူနှင့် ဝက်လက်မြို့နယ် သမ္မာရိုးစံပြကျေးရွာအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ၊ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

▪️ဝက်လက်တွင်လည်း ရွာမီးရှို့ခံရပြီး အဘွားအိုတစ်ဦး မီးရှို့သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာတွင် စစ်ကောင်စီတပ်က Mi-35 ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့၍ အသက်(၆၀)အရွယ် အမျိုးသမီးကြီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ပြီး ဝက်လက်မြို့နယ်တွင်လည်း ကျေးရွာမီးရှို့ခံရကာ အဘွားအိုတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ မွန်းလွဲ ၂နာရီခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှတက်လာသည့် Mi-35 တိုက်ခိုက်ရေးသုံးရဟတ်ယာဥ်ဖြင့် ဆိပ်ခွန်ရွာကို လေကြောင်းမှ မိနစ် ၄၀ခန့်ကြာအထိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့်အသက်(၂၂) နှစ်အရွယ် လူငယ်တစ်ဦးနှင့် အသက်(၆၀)ကျော် အရွယ် အမျိုးသမီးတစ်ဦးတို့ ကျည်ထိမှန်သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“နေ့လယ် ၁နာရီခွဲလောက်က နမခကနေ ပျံတက် လာတဲ့ Mi-17 ယာဥ်တစ်စီီးက ရွှေဘိုလေ့ကျင့်ရေး(၈)ထဲကို အရင်ဆင်းတယ်။ မိနစ် ၂၀လောက် အကြာမှာ နမခကနေ Mi-35 တိုက်ခိုက်ယာဥ် တစ်စီး ထပ်တက်လာပြီး ရွှေဘို၊ ဆိပ်ခွန်ဘက်ကို လေကြောင်းပစ်ကူတိုက်ခိုက်ခဲ့တာပါ။”ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က ရွှေဘိုမြို့ အနောက် (၇)မိုင်ခန့်အကွာတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် ဆိပ်ခွန် ၊ ဗိုလ်တဲကုန်း၊ ဖွားစောကုန်းနှင့် ပုဏ္ဏားကုန်း ကျေးရွာတို့ရှိ နေအိမ်များပေါ်သို့ ကျရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ စစ်ကောင်စီတပ်သည် မတ်လ ၁၇ ရက်ကလည်း ဝက်လက်မြို့နယ်၊ သမ္မာရိုးစံပြကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ၂၆၉လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းအား မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး အဘွားအိုတစ်ဦးအား အရှင်လတ်လတ်မီးရှို့သတ်ဖြတ်သွားကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက သတင်းထုတ်ပြန်သည်။

(ဆိပ်ခွန်ရွာ၌ Mi-35ယာဥ်ဖြင့်ပစ်ခတ်ခံရ၍ ထိခိုက်သေဆုံးခဲ့သူနှင့် ဝက်လက်မြို့နယ် သမ္မာရိုးစံပြကျေးရွာအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ၊ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)
(ဆိပ်ခွန်ရွာ၌ Mi-35ယာဥ်ဖြင့်ပစ်ခတ်ခံရ၍ ထိခိုက်သေဆုံးခဲ့သူနှင့် ဝက်လက်မြို့နယ် သမ္မာရိုးစံပြကျေးရွာအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ၊ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

ထို့အပြင် မီးဘေးသင့်ပြည်သူများနေထိုင်ရန်ယာယီတဲများ၊ စားနပ်ရိက္ခါများ၊ အဝတ်အထည်များလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ရွာမီးရှို့ဖျက်ဆီးရာတွင် မပြေးနိုင်၍ ကျန်ခဲ့သည့် သက်ကြီးရွယ်အိုများကိုပါ ပစ်ခတ်သတ်ဖြတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

ထို့အပြင် ရွှေဘို-ကျောက်မြောင်းလမ်းတွင်စစ်ကောင်စီယာဉ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ခြေလျင်စစ်ကြောင်းကိုပါ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း BLACK WOLF – ARMY ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မတ်လ ၁၈ ရက်) နံနက် ၁၀နာရီ ၄၀မိနစ်က ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင်ရွှေဘိုထောက်ပို့တပ်မှ ထွက်လာသော စစ်ကောင်စီ၏ ၆ ဘီးကား နှစ်စီးအား လမ်းပိုင်းတစ်နေရာတွင် ပဒေသာ မိုင်း ၂၆လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ တင်ဆောင်လာသည့် ၆ ဘီးကား နှစ်စီးလုံးထိသွားပြီး ကားပေါ်ပါ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးနိုင်သည်ဟု အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကားပေါ်ပါ စစ်အုပ်စုက လက်နက်ငယ်ဖြင့် ပြန်ပစ်သော်လည်း PDFရဲဘော်များ အထိအခိုက်မရှိဟုဆိုသည်။

ထို့အပြင် ရွှေဘိုမြို့နယ်၊ အုံးပေါက်ရွာအနီးသို့ ကင်းပုန်းလာဝပ်သော အင်အား ၄၀ ဦးခန့်ပါ စစ်ကောင်စီစစ်ကြောင်းကိုလည်း ဒရုန်းဖြင့် ဗုံးနှစ်ကြိမ်ချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား များ ထိခိုက်သေဆုံးနိုင်ကြောင်း BLACK WOLF – ARMY က ထပ်မံသတင်းထုတ်ပြန်သည်။

“ဖြစ်တဲ့နေရာနှစ်ခုက နီးပါတယ်။ ကင်းပုန်းလာဝပ်တာက ခြုံခိုတိုက်ခိုက်ဖို့ လာဝပ်တာဖြစ်မယ်။ ကားကတော့ပျက်စီးနိုင်တယ်။ ရမ်းသမ်းပစ်ခတ်ပြီး ထွက်သွားတာဆိုတော့။”ဟု BLACK WOLF – ARMY ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။