Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့အဝင် စစ်ကောင်စီဂိတ်နှင့် ပေ(၁၅၀) ခန့်ထိ CDF ရဲဘော်များ ချဉ်းကပ်နိုင်ခဲ့သည့် ဓာတ်ပုံဖော်ပြ

မင်းတပ် CDF အနေဖြင့် မြို့နယ်၏ဧရိယာအများစုကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီး မြို့နှင့်အနီးတဝိုက်၌လည်း လှုပ်ရှားနိုင်ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ယခင်က ပြောကြားထားသည်။

(CDF မှ စနိုက်ပါရဲဘော်တစ်ဦးက စစ်ကောင်စီဂိတ်အား ချိန်ရွယ်နေစဉ်။ ဓာတ်ပုံ - Hkl Mindat)
(CDF မှ စနိုက်ပါရဲဘော်တစ်ဦးက စစ်ကောင်စီဂိတ်အား ချိန်ရွယ်နေစဉ်။ ဓာတ်ပုံ - Hkl Mindat)

ချင်းပြည်နယ် မင်းတပ်မြို့အဝင်ရှိ စစ်ကောင်စီဂိတ်အနီး သွားရောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် များ၏ အခြေအနေကို လေ့လာခဲ့သည့် ဓာတ်ပုံမှတ်တမ်းကို ချင်းကာကွယ်ရေးတပ်(CDF)များနှင့် နီးစပ်မှုရှိသည့် ဒေသခံ ဓာတ်ပုံဆရာတစ်ဦးက ဖော်ပြခဲ့သည်။

ထိုသို့ စစ်ကောင်စီဂိတ်အနီးသို့ သွားရောက်ကြည့်ရှုရာ၌ နွေဦးတော်လှန်ရေးအစ ၂၀၂၁ ဧပြီ လကုန်နှင့် မေလတွင် စစ်ကောင်စီတပ်ကို မင်းတပ် CDFများ တိုက်ခိုက်စဉ်က သိမ်းပိုက်ရရှိခဲ့သောစနိုက်ပါကို အသုံးပြုကြည့်ခဲ့သည်ဟု ဓာတ်ပုံနှင့်တကွ ဖော်ပြ သည်။ ဂေါက်ကွင်းတိုက်ပွဲ၌ ဒေသခံ CDFများက စစ်ကောင်စီတပ်ကို တူမီး၊ လက်လုပ်သေနတ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း စစ်ကောင်စီတပ် သေဆုံးထိခိုက်များခဲ့ပြီး စစ်ကောင်စီယာဉ် ၆စီးကို မီးရှို့ဖျက် ဆီးနိုင်ခဲ့ကာ လက်နက်များသိမ်းဆည်းရရှိခဲ့သည်။

ယခု စစ်ကောင်စီဂိတ်ကို သွားရောက်ကြည့်ရှုသည့် ဖော်ပြချက်နှင့်ပတ်သက်ပြီး ဓာတ်ပုံဆရာအား ဆက်သွယ်မေးမြန်းရာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သွားရောက်ခြင်းဖြစ်သည်ဟု ပြောသည်။

“တကယ်နီးနီးလေး ၁၅၀ ပေလောက်ပဲရှိမယ် တစ်အိမ်ကျော်လောက်ပေါ့”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့၏ မည်သည့်နေရာမဆို ဆန္ဒရှိပါက ရောက်အောင်သွားလို့ရသည့် အခြေအနေကို ပြသခြင်းဖြစ်သည်ဟုလည်း အသိပေးထား သည်။

မင်းတပ် CDF အနေဖြင့် မြို့နယ်၏ဧရိယာအများစုကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီး မြို့နှင့်အနီးတဝိုက်၌လည်း လှုပ်ရှားနိုင်ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ယခင်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။