Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်မြို့အဝင် စစ်ကောင်စီဂိတ်နှင့် ပေ(၁၅၀) ခန့်ထိ CDF ရဲဘော်များ ချဉ်းကပ်နိုင်ခဲ့သည့် ဓာတ်ပုံဖော်ပြ

မင်းတပ် CDF အနေဖြင့် မြို့နယ်၏ဧရိယာအများစုကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီး မြို့နှင့်အနီးတဝိုက်၌လည်း လှုပ်ရှားနိုင်ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ယခင်က ပြောကြားထားသည်။

(CDF မှ စနိုက်ပါရဲဘော်တစ်ဦးက စစ်ကောင်စီဂိတ်အား ချိန်ရွယ်နေစဉ်။ ဓာတ်ပုံ - Hkl Mindat)
(CDF မှ စနိုက်ပါရဲဘော်တစ်ဦးက စစ်ကောင်စီဂိတ်အား ချိန်ရွယ်နေစဉ်။ ဓာတ်ပုံ - Hkl Mindat)

ချင်းပြည်နယ် မင်းတပ်မြို့အဝင်ရှိ စစ်ကောင်စီဂိတ်အနီး သွားရောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် များ၏ အခြေအနေကို လေ့လာခဲ့သည့် ဓာတ်ပုံမှတ်တမ်းကို ချင်းကာကွယ်ရေးတပ်(CDF)များနှင့် နီးစပ်မှုရှိသည့် ဒေသခံ ဓာတ်ပုံဆရာတစ်ဦးက ဖော်ပြခဲ့သည်။

ထိုသို့ စစ်ကောင်စီဂိတ်အနီးသို့ သွားရောက်ကြည့်ရှုရာ၌ နွေဦးတော်လှန်ရေးအစ ၂၀၂၁ ဧပြီ လကုန်နှင့် မေလတွင် စစ်ကောင်စီတပ်ကို မင်းတပ် CDFများ တိုက်ခိုက်စဉ်က သိမ်းပိုက်ရရှိခဲ့သောစနိုက်ပါကို အသုံးပြုကြည့်ခဲ့သည်ဟု ဓာတ်ပုံနှင့်တကွ ဖော်ပြ သည်။ ဂေါက်ကွင်းတိုက်ပွဲ၌ ဒေသခံ CDFများက စစ်ကောင်စီတပ်ကို တူမီး၊ လက်လုပ်သေနတ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း စစ်ကောင်စီတပ် သေဆုံးထိခိုက်များခဲ့ပြီး စစ်ကောင်စီယာဉ် ၆စီးကို မီးရှို့ဖျက် ဆီးနိုင်ခဲ့ကာ လက်နက်များသိမ်းဆည်းရရှိခဲ့သည်။

ယခု စစ်ကောင်စီဂိတ်ကို သွားရောက်ကြည့်ရှုသည့် ဖော်ပြချက်နှင့်ပတ်သက်ပြီး ဓာတ်ပုံဆရာအား ဆက်သွယ်မေးမြန်းရာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သွားရောက်ခြင်းဖြစ်သည်ဟု ပြောသည်။

“တကယ်နီးနီးလေး ၁၅၀ ပေလောက်ပဲရှိမယ် တစ်အိမ်ကျော်လောက်ပေါ့”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့၏ မည်သည့်နေရာမဆို ဆန္ဒရှိပါက ရောက်အောင်သွားလို့ရသည့် အခြေအနေကို ပြသခြင်းဖြစ်သည်ဟုလည်း အသိပေးထား သည်။

မင်းတပ် CDF အနေဖြင့် မြို့နယ်၏ဧရိယာအများစုကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီး မြို့နှင့်အနီးတဝိုက်၌လည်း လှုပ်ရှားနိုင်ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ယခင်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။