Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်မြို့နယ် ပလိပ်ထွီရွာရှိ စစ်ရှောင်ကူညီရေးအဖွဲ့ နေထိုင်ရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ

ပြည်သူများအနေဖြင့် ပုန်းခိုကျင်းများ တူးထားရန်၊ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်အား အထူးသတိပြုကြရန်လည်း မင်းတပ် CDFက အသိပေးထားသည်။

(မင်းတပ်မြို့နယ် ပလိပ်ထွီကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်၊ ဓာတ်ပုံ - မင်းတပ်- ပအဖ)
(မင်းတပ်မြို့နယ် ပလိပ်ထွီကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်၊ ဓာတ်ပုံ - မင်းတပ်- ပအဖ)

▪️ထိခိုက်ဒဏ်ရာရသူရှိ၊ တိုက်ပွဲမရှိဘဲ လေကြောင်း တိုက်ခိုက်မှုများကြောင့် စစ်ရှောင်လေးဦး ဒဏ်ရာရ

ချင်းပြည်နယ် မင်းတပ်မြို့နယ် ပလိပ်ထွီကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားများထိခိုက်မှုရှိခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၂၃ရက် နံနက် ၁၁နာရီခန့်တွင် မင်းတပ် မြို့နယ်၊ တိုက်နယ် (၂)အတွင်းရှိ ပလိပ်ထွီကျေးရွာရှိ လူနေအိမ်များနှင့် ကျေးရွာဘုန်းကြီးကျောင်းအား အကြမ်းဖက်စစ်တပ်မှ တိုက်ပွဲမရှိဘဲ တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

လေယာဉ်ဖြင့်ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် နှစ်လုံး ၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ သိမ် တစ်လုံးပျက်စီးဆုံးရှုံးခဲ့ပြီး လေယာဉ်ဗုံးဆံကြောင့်ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း အသိပေးထားသည်။ ထိခိုက်သည့် အရေအတွက်ကိုမူ ဖော်ပြမထားပေ။

လေယာဉ်ဖြင့် ပစ်ခတ်၊ ဗုံးကြဲခံခဲ့ရသော ရွာဘုန်းကြီး‌ကျောင်းသည် မြို့နယ်စစ်ဘေးရှောင် (IDP) များကို ကူညီသူအရပ်သားများ (Volunteer)များ နေထိုင်ရာဖြစ်သည်ကြောင်း မင်းတပ်(ပအဖ)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ဗုံးကြဲတိုက်ခိုက်မှုသည် ဘာသာရေးအဆောက်အဦကို တိုက်ခိုက်ရုံမျှမက အရပ်ဖက်စစ်ဘေးရှောင်များကိုပါ ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်သည့် စစ်ကောင်စီ၏ အောက်တန်းကျသည့် လုပ်ရပ်ပင်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

ထို့ပြင် နေ့လည် ၁၂နာရီခန့်တွင်လည်း မင်းတပ် မြို့ပေါ် အထိုင်ချထားသော ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် တိုက်နယ်(၂)ရှိ ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန် သည်။

(မင်းတပ်မြို့နယ် ပလိပ်ထွီကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်၊ ဓာတ်ပုံ - မင်းတပ်- ပအဖ)
(မင်းတပ်မြို့နယ် ပလိပ်ထွီကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်၊ ဓာတ်ပုံ – မင်းတပ်- ပအဖ)

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မင်းတပ်မြို့နယ် စွန်တောင်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း လုပ်ဆောင်ခဲ့သည်။

ယခု ဇန်နဝါရီအတွင်း မင်းတပ်နယ်ရှိ ကျေးရွာများ၊ မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) တပ်စခန်းများကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ရှစ်ကြိမ်ပြုလုပ်ထားကြောင်း မင်းတပ် CDFက ယမန်နေ့တွင် ထုတ်ပြန်ထားပြီး ထိုသို့ တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်လေးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

ပြည်သူများအနေဖြင့် ပုန်းခိုကျင်းများ တူးထားရန်၊ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်အား အထူးသတိပြုကြရန်လည်း မင်းတပ် CDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။