Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မလေးရှားမှာ နေ့ခင်းကြောင်တောင် ရွှေဆိုင် ဓားပြတိုက်သွားသူတွေကို ရဲတပ်ဖွဲ့ လိုက်ရှာနေ

မလေးရှားနိုင်ငံက စျေးဝယ်စင်တာ တစ်ခုမှာ ရွှေပန်းထိမ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်သွားသူ ၃ ဦးကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။

ဓာတ်ပုံ - Screengrab/Threads/teh7792

မလေးရှားနိုင်ငံက စျေးဝယ်စင်တာ တစ်ခုမှာ ရွှေပန်းထိမ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်သွားသူ ၃ ဦးကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။

ဂန်တင်ဟိုက်လန်းစ် ဧရိယာမှာရှိတဲ့ စျေးဝယ်စင်တာ တစ်ခုထဲက ရွှေပန်းထိမ်နဲ့ လက်ဝတ်ရတနာဆိုင်ဟာ ဩဂုတ် ၁၇ ရက် နေ့လယ်ပိုင်းတုန်းက ဓားပြတိုက် ခံခဲ့ရပြီး ရင်းဂစ် ၁.၇ သန်း (ဒေါ်လာ ၄၂၀၀၀၀)ဖိုး နီးပါးလောက် ရွှေထည်တွေ လုယက်ခံခဲ့ရပါတယ်။

ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ အက်ဇာ အက်ခ်မာ အေယော့ဘ်က ကနဦး စုံစမ်းမှုတွေအရ ဓားပြတွေဟာ စျေးဝယ်စင်တာကို BMW ကားတစ်စီးနဲ့ ရောက်လာပြီး ရွှေပန်းထိမ်ဆိုင်ကို စတင်တိုက်ခိုက်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

ဓားပြသုံးဦးဟာ ဦးထုပ်တွေဆောင်းပြီး မျက်နှာဖုံးတွေလည်း ဝတ်ထားခဲ့ကြောင်း၊ ပြီးတော့ တူတစ်လက်နဲ့ ပုဆိန်တစ်လက်ကို အသုံးပြုပြီး ၂ မိနစ်အတွင်း လုယက်မှုကို ပြီးစီးအောင် ကျူးလွန်သွားခဲ့ကြောင်း အက်ဇာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဓားပြတိုက်ပြီးတဲ့နောက် သုံးယောက်စလုံးဟာ အဲဒီနေရာကနေ ဒရောသောပါး ထွက်ပြေး လွတ်မြောက်သွားခဲ့ကြတယ်လို့လည်း သူက အတည်ပြုခဲ့ပါတယ်။ ဓားပြတွေဟာ လက်ဝတ်ရတနာ ပစ္စည်း ၈၁ ခုနဲ့ ၂.၅ ကီလိုဂရမ်လောက် လေးတဲ့ ရွှေချောင်းတွေကို လုယက် ယူဆောင်သွားတယ်လို့ သိရပါတယ်။

ဓားပြမှု ဖြစ်ချိန်က ဆိုင်မှာ စျေးဝယ်သူတွေရော၊ လုံခြုံရေး ဝန်ထမ်းတွေပါ ရှိမနေခဲ့ဘူးလို့ ဆိုပါတယ်။ ပြီးတော့ ဆိုင်ဝန်ထမ်း ၃ ယောက်လည်း ဒဏ်ရာမရခဲ့ပါဘူး။

ရဲတွေကတော့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို စစ်ဆေးနေပြီး ဓားပြတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့ လမ်းကြောင်းတွေကို ရှာဖွေနေပါတယ်။ လမ်းပေါ်က စစ်ဆေးရေးဂိတ် တစ်ခုကတော့ အဲဒီဓားပြတွေ အသုံးပြုတဲ့ကားလို့ ယူဆရတဲ့ယာဉ်ကို မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: The Star

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေထု အရည်အသွေး ဆိုးရွားနေမှု ပြဿနာကြောင့် မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ထဲမှာ ကျောင်းတွေ ဆက်ပြီး ပိတ်ထားလိုက်ရပါတယ်။

သတင်း

မလေးရှားကနေ မြန်မာဖက် ပြန်ပို့လိုက်သူ ၁၅၀၀ နီးပါးထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့တဲ့ မလေးရှား အစိုးရရဲ့ ဆုံးဖြတ်ချက်ကိုအရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး(အာဆီယံ)ရဲ့လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ မလေးရှားရောက်မြန်မာတွေ တစ်ရက်တာအလုပ်နားပြီး သပိတ်မှောက်လှုပ်ရှားမှုပြုလုပ်ကြဖို့ မြန်မာ့အရေးမဟာမိတ်အင်အားစု (Myanmar Affairs Alliance - MAA) က တိုက်တွန်းထားပါတယ်။