Connect with us

Hi, what are you looking for?

သတင်း

စစ်ပွဲအတွင်းပြည်သူ ၁၅ဦးကို ပအိုဝ်း၊ ကရင်နီတပ်နှင့် PDF တို့ပူးပေါင်းကယ်တင်

ရန်သူအကြမ်းဖက် စစ်ကောင်စီတပ် ရောက်ရှိရာနေရာနှင့် ကျန်ရှိသောရွာသားများ၏ အိမ်အကွာအဝေးမှာ မီတာ ၁၀၀ မှ ၅၀၀အကွာအဝေးအတွင်းသာ ရှိပြီး PNDF နှင့် ညီနောင်တပ်ရင်းတပ်ဖွဲ့များမှ ရန်သူ့အနီးတဝိုက်သို့ သတိကြီးစွာချဉ်းကပ်ကာ ရွာသား စုစုပေါင်း (၁၅) ဦးအား အန္တရာယ်ကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း အသိပေးသည်။

(တောင်စလုံးကျေးရွာအတွင်း ကျန်ရှိနေသော ဒေသခံပြည်သူများအား ပူးပေါင်းတပ်ဖွဲ့က ကယ်ထုတ်နေစဥ်။ ဓာတ်ပုံ - MOD-NUG)
(တောင်စလုံးကျေးရွာအတွင်း ကျန်ရှိနေသော ဒေသခံပြည်သူများအား ပူးပေါင်းတပ်ဖွဲ့က ကယ်ထုတ်နေစဥ်။ ဓာတ်ပုံ - MOD-NUG)

▪︎ကယ်ဆယ်​ပေးခဲ့သူများတွင်သက်ကြီးရွယ်အို၊ မကျန်းမာသူနှင့် စိတ်အခြေအနေအဆင်မပြေသူများပါဝင်

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် တောင်စလုံးရွာသို့စစ်ကောင်စီတပ် စစ်ကြောင်းရောက်ရှိနေစဉ် ရွာထဲ၌ ကျန်နေသည့် ဒေသခံ ပြည်သူ ၁၅ဦးကို ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မတ်လ ( ၈ )ရက်နေ့ မနက် ၈ နာရီခန့်တွင် တောင်စလုံးရွာ ဘုန်းကြီးကျောင်းနှင့် ရွာထိပ်စေတီသို့ အကြမ်းဖက်စစ်ကောင်စီတပ် ရောက်ရှိနေကြောင်း ကင်းထောက်မှတဆင့် သိရှိရပြီး ကျေးရွာအတွင်းရှိ ကျန်ရှိနေသည့်ဒေသခံများအား ကူညီကယ်ဆယ်ရေးကို ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(PNDF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPT PDF)၊ (၁၀၀၃) တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

(တောင်စလုံးကျေးရွာအတွင်း ကျန်ရှိနေသော ဒေသခံပြည်သူများအား ပူးပေါင်းတပ်ဖွဲ့က ကယ်ထုတ်နေစဥ်။ ဓာတ်ပုံ - MOD-NUG)
(တောင်စလုံးကျေးရွာအတွင်း ကျန်ရှိနေသော ဒေသခံပြည်သူများအား ပူးပေါင်းတပ်ဖွဲ့က ကယ်ထုတ်နေစဥ်။ ဓာတ်ပုံ – MOD-NUG)

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောက်ရွက်နေစဉ်အတွင်းဒေသခံစစ်ရှောင်ပအိုဝ်းတိုင်းရင်းသားတစ်ဦးကိုတွေ့ရှိရာ၎င်းအား PNDF မှ မေးမြန်းစုံစမ်းချက်အရ ရွာထဲရှိ အိမ်အချို့၌ လည်း သက်ကြီးရွယ်အိုများ၊ မကျန်းမာသူများ၊ စိတ်အခြေနေ အဆင်မပြေသူများ ကျန်ရှိနေသည်ကို သိခဲ့ကြသည်။ထို့နောက် PNDF နှင့်အတူ ကယ်ဆယ်ရေးလုပ်နေသည့် ညီနောင်တပ်ရင်းတပ်ဖွဲ့များမှ ရန်သူရှိရာအနီးတဝိုက်သို့ အရေးပေါ်ကယ်တင်ခြင်းလုပ်ငန်းကို အချိန်နှင့်တပြေးညီ စတင်အကောင်ထည်ဖော် လုပ်ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

(တောင်စလုံးကျေးရွာအတွင်း ကျန်ရှိနေသော ဒေသခံပြည်သူများအား ပူးပေါင်းတပ်ဖွဲ့က ကယ်ထုတ်နေစဥ်။ ဓာတ်ပုံ - MOD-NUG)
(တောင်စလုံးကျေးရွာအတွင်း ကျန်ရှိနေသော ဒေသခံပြည်သူများအား ပူးပေါင်းတပ်ဖွဲ့က ကယ်ထုတ်နေစဥ်။ ဓာတ်ပုံ – MOD-NUG)

ရန်သူအကြမ်းဖက် စစ်ကောင်စီတပ် ရောက်ရှိရာနေရာနှင့် ကျန်ရှိသောရွာသားများ၏ အိမ်အကွာအဝေးမှာ မီတာ ၁၀၀ မှ ၅၀၀အကွာအဝေးအတွင်းသာ ရှိပြီး PNDF နှင့် ညီနောင်တပ်ရင်းတပ်ဖွဲ့များမှ ရန်သူ့အနီးတဝိုက်သို့ သတိကြီးစွာချဉ်းကပ်ကာ ရွာသား စုစုပေါင်း (၁၅) ဦးအား အန္တရာယ်ကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကယ်ဆယ်ရေးလုပ်ငန်းအပြီး သက်ဆိုင်ရာဆေးတပ်ဖွဲ့များနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှု ခံယူပေးနိုင်ခဲ့ပြီး စားနပ်ရိက္ခာများကိုလည်း အနည်းအကျဉ်း ဝေမျှပေးခဲ့သည်။ ကူညီကယ်ဆယ်ခဲ့သော ရွာသူ/သားများ လုံခြုံဘေးကင်း ကျန်းမာလျက်ရှိပြီး တိုက်ပွဲအတွင်းကွဲကွာခဲ့ရသည့် မိသားစုများနှင့်လည်း တစုတစည်းထဲ ပြန်လည်ဆုံစည်းနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်းလည်းသိရသည်။

(တောင်စလုံးကျေးရွာအတွင်း ကျန်ရှိနေသော ဒေသခံပြည်သူများအား ပူးပေါင်းတပ်ဖွဲ့က ကယ်ထုတ်နေစဥ်။ ဓာတ်ပုံ - MOD-NUG)
(တောင်စလုံးကျေးရွာအတွင်း ကျန်ရှိနေသော ဒေသခံပြည်သူများအား ပူးပေါင်းတပ်ဖွဲ့က ကယ်ထုတ်နေစဥ်။ ဓာတ်ပုံ – MOD-NUG)

ထို့အပြင်KNDF မှ ကူညီကယ်ဆယ်ထားသည့် ပြည်သူတချို့လည်း ရှိပြီး KNDF မှ ကူညီကယ်ဆယ်ထားသူများနှင့် PNDF မှ ကူညီကယ်ဆယ်ထားသည့် ဒေသခံပြည်သူများသည် မတ်လ ၁၉ ရက်နေ့တွင် လုံခြုံသည့်နေရာသို့ တစုတစည်းထဲ ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။မတ်လ ၂၂ ရက်နေ့တွင် အဆိုပါဒေသခံများ၏ ပြောဆိုချက်အရ မိသားစုများရှိနေသည့် စစ်ဘေးရှောင်စခန်းသို့ ချိတ်ဆက်ပို့ဆောင်ပြီး ဖြစ်ကြောင်း အသိပေးသည်။

စစ်ရှောင်ပြည်သူ ( ၁၅) ဦးကို PNDF မှ ၁ ဦးလျှင် နှစ်သောင်းကျပ်နှုံး နှင့် လာရောက်သယ်ယူပို့ဆောင်သည့် လူမှုကူညီရေးအတွက် ခရီးစရိတ် သုံးသောင်းကျပ်အား ထောက်ပံ့ကူညီခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။