Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုတိုက်ပွဲနယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအလောင်းအပါအဝင် ရုပ်အလောင်းများကိုတွေ့

စစ်ကောင်စီ၏ ဗိုလ်ကြီးအဆင့်အပါအဝင် တပ်သား ၁၀ဦးထက်မနည်းသေဆုံးသည့် တိုက်ပွဲမှာ ဒီးမော့ဆိုအရှေ့ခြမ်း ဒေါစဲကျေးရွာအနီး၌ ဖြစ်သည်။

(စစ်ကောင်စီတပ်​၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရှိစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်​၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရှိစဉ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တိုက်ပွဲ နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အလောင်းအပါအဝင် တပ်သားအလောင်းများကိုတွေ့ရှိပြီး ကျည်နှင့် ခဲယမ်းအချို့ရရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သေဆုံးသူများနှင့်အတူ တွေ့ရှိရသည့် မှတ်တမ်းများအရ ရှမ်းပြည်နယ် မိုင်းပွန်အခြေစိုက် ခမရ (၅၁၇)တပ်မှ ဖြစ်သည်။

အဆိုပါ အဖွဲ့ကို ဦးဆောင်သူမှာ သေဆုံးသွားသည့် ဗိုလ်ကြီး ရဲဇော်ထွေးဖြစ်ကာ ၎င်းနှင့်အတူ တပ်ကြပ်ကြီးအဆင့်မှ တပ်သားအဆင့်အထိ စုစုပေါင်း ၁၁ဦးပါရှိသည်။

(စစ်ကောင်စီတပ်​၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရှိစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်​၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရှိစဉ်။ ဓာတ်ပုံ – KNDF)

“ရုပ်အလောင်းကိုတောင် ခွေးသေ၊ဝက်သေလို မြုပ် ပေးသွားခဲ့ကြတာ။တစ်ချိူ့ အလောင်းတွေဆို လက်တွေတောင်ပေါ့လို့ ။ သုံးပွင့်လည်း ခေါင်းပွင့်တာပဲနော် “ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်များကို ဖော်ပြနေသည့် We are Karenni က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီ၏ ဗိုလ်ကြီးအဆင့်အပါအဝင် တပ်သား ၁၀ဦးထက်မနည်းသေဆုံးသည့် တိုက်ပွဲမှာ ဒီးမော့ဆိုအရှေ့ခြမ်း ဒေါစဲကျေးရွာအနီး၌ ဖြစ်သည်။

“အဲဒီဘက်မှာက စကစဘက်က အင်အား ၃၀၀ ဝန်းကျင်လောက်နဲ့ စစ်ထိုးနေတာ။အခုထိလည်း ထိတွေ့မှုက ရှိနေတုန်း”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

(စစ်ကောင်စီတပ်​၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရှိစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်​၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရှိစဉ်။ ဓာတ်ပုံ – KNDF)

ယခုလ ၂၀ ရက်ကလည်း ဒီးမော့ဆိုမြို့အနောက် ဘက်၊ဒေါငံခါးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား သုံးဦးခန့်သေဆုံးနိုင်ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(DMO local PDF) ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲမှာ နံနက် ၆ နာရီကစ၍ နေ့လည် ၁ နာရီခန့်အထိ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

အလားတူ ယခုလ ၁၈ ရက်ကလည်း ဒီးမော့ဆိုမြို့၊ တနီးလာလဲကျေးရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးပြီး လက်နက် ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်။

တိုက်ပွဲတွင်မူ စစ်ကောင်စီတပ် ခမရ(၅၁၃)မှ ထိခိုက်ဒဏ်ရာ အများအပြားဖြင့်ဆုတ်ခွာသွားခဲ့ရကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန် ရေးအဖွဲ့က အသိပေးသည်။

(စစ်ကောင်စီတပ်​၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရှိစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်​၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရှိစဉ်။ ဓာတ်ပုံ – KNDF)

ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ ကရင်နီ (ကယား)ပြည်နယ်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ လေးခုဖွင့်ကာ စစ်ကြောင်းများစွာဖြင့် ထိုးစစ်ဆင်နေသည်။

ထို့ကြောင့် စစ်ကောင်စီ၏ ထိုးစစ်ကို တန်ပြန်နိုင်ရန် အတွက် “၂၁ ရက်အတွင်း သိန်းတစ်သောင်း”စည်းရိုး− The Fence ပရောဂျက်ကို KNDF စီစဥ်နေပြီး ပါဝင်လှူဒါန်းပေး ရန် ပြည်သူများကို မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။