Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုတိုက်ပွဲနယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအလောင်းအပါအဝင် ရုပ်အလောင်းများကိုတွေ့

စစ်ကောင်စီ၏ ဗိုလ်ကြီးအဆင့်အပါအဝင် တပ်သား ၁၀ဦးထက်မနည်းသေဆုံးသည့် တိုက်ပွဲမှာ ဒီးမော့ဆိုအရှေ့ခြမ်း ဒေါစဲကျေးရွာအနီး၌ ဖြစ်သည်။

(စစ်ကောင်စီတပ်​၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရှိစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်​၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရှိစဉ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တိုက်ပွဲ နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အလောင်းအပါအဝင် တပ်သားအလောင်းများကိုတွေ့ရှိပြီး ကျည်နှင့် ခဲယမ်းအချို့ရရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သေဆုံးသူများနှင့်အတူ တွေ့ရှိရသည့် မှတ်တမ်းများအရ ရှမ်းပြည်နယ် မိုင်းပွန်အခြေစိုက် ခမရ (၅၁၇)တပ်မှ ဖြစ်သည်။

အဆိုပါ အဖွဲ့ကို ဦးဆောင်သူမှာ သေဆုံးသွားသည့် ဗိုလ်ကြီး ရဲဇော်ထွေးဖြစ်ကာ ၎င်းနှင့်အတူ တပ်ကြပ်ကြီးအဆင့်မှ တပ်သားအဆင့်အထိ စုစုပေါင်း ၁၁ဦးပါရှိသည်။

(စစ်ကောင်စီတပ်​၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရှိစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်​၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရှိစဉ်။ ဓာတ်ပုံ – KNDF)

“ရုပ်အလောင်းကိုတောင် ခွေးသေ၊ဝက်သေလို မြုပ် ပေးသွားခဲ့ကြတာ။တစ်ချိူ့ အလောင်းတွေဆို လက်တွေတောင်ပေါ့လို့ ။ သုံးပွင့်လည်း ခေါင်းပွင့်တာပဲနော် “ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်များကို ဖော်ပြနေသည့် We are Karenni က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီ၏ ဗိုလ်ကြီးအဆင့်အပါအဝင် တပ်သား ၁၀ဦးထက်မနည်းသေဆုံးသည့် တိုက်ပွဲမှာ ဒီးမော့ဆိုအရှေ့ခြမ်း ဒေါစဲကျေးရွာအနီး၌ ဖြစ်သည်။

“အဲဒီဘက်မှာက စကစဘက်က အင်အား ၃၀၀ ဝန်းကျင်လောက်နဲ့ စစ်ထိုးနေတာ။အခုထိလည်း ထိတွေ့မှုက ရှိနေတုန်း”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

(စစ်ကောင်စီတပ်​၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရှိစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်​၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရှိစဉ်။ ဓာတ်ပုံ – KNDF)

ယခုလ ၂၀ ရက်ကလည်း ဒီးမော့ဆိုမြို့အနောက် ဘက်၊ဒေါငံခါးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား သုံးဦးခန့်သေဆုံးနိုင်ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(DMO local PDF) ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲမှာ နံနက် ၆ နာရီကစ၍ နေ့လည် ၁ နာရီခန့်အထိ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

အလားတူ ယခုလ ၁၈ ရက်ကလည်း ဒီးမော့ဆိုမြို့၊ တနီးလာလဲကျေးရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးပြီး လက်နက် ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်။

တိုက်ပွဲတွင်မူ စစ်ကောင်စီတပ် ခမရ(၅၁၃)မှ ထိခိုက်ဒဏ်ရာ အများအပြားဖြင့်ဆုတ်ခွာသွားခဲ့ရကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန် ရေးအဖွဲ့က အသိပေးသည်။

(စစ်ကောင်စီတပ်​၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရှိစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်​၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများအား တွေ့ရှိစဉ်။ ဓာတ်ပုံ – KNDF)

ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ ကရင်နီ (ကယား)ပြည်နယ်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ လေးခုဖွင့်ကာ စစ်ကြောင်းများစွာဖြင့် ထိုးစစ်ဆင်နေသည်။

ထို့ကြောင့် စစ်ကောင်စီ၏ ထိုးစစ်ကို တန်ပြန်နိုင်ရန် အတွက် “၂၁ ရက်အတွင်း သိန်းတစ်သောင်း”စည်းရိုး− The Fence ပရောဂျက်ကို KNDF စီစဥ်နေပြီး ပါဝင်လှူဒါန်းပေး ရန် ပြည်သူများကို မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။