Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီသာ ရုရှားလက်နက်တွေ မရတော့ရင် မြန်မာ့အကျပ်အတည်း ပြေလည်နိုင်တယ်လို့ အမေရိကန် အရာရှိပြော

စစ်ပွဲမှာ အသုံးပြုမယ့် လက်နက်နဲ့ လောင်စာဆီတွေ ဝယ်ယူရေးအတွက် စစ်ကောင်စီ အရေးတကြီး လိုအပ်နေတဲ့ ဝင်ငွေလမ်းကြောင်းတွေကို ပိုမို ဖြတ်တောက်ဖို့ဆိုရင် နောက်ထပ် အရေးယူ ပိတ်ဆို့မှု အသစ်တွေလည်း လိုအပ်လိမ့်ဦးမယ်လို့ ချော်လတ်က ဆက်ပြောပါတယ်။

စစ်ကောင်စီသာ ရုရှားလက်နက်တွေ မရတော့ရင် မြန်မာ့အကျပ်အတည်း ပြေလည်နိုင်တယ်လို့ အမေရိကန် အရာရှိပြော
စစ်ကောင်စီသာ ရုရှားလက်နက်တွေ မရတော့ရင် မြန်မာ့အကျပ်အတည်း ပြေလည်နိုင်တယ်လို့ အမေရိကန် အရာရှိပြော

အာဏာသိမ်း စစ်ကောင်စီအတွက် ရုရှားက စစ်လက်နက် ထောက်ပံ့နေမှုတွေကိုသာ ရပ်တန့်နိုင်ရင် မြန်မာနိုင်ငံကို အကျပ်အတည်းထဲက ဆွဲထုတ်နိုင်ခြေ ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး အရာရှိ ဒါရက်ခ် ချော်လတ်က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ မြို့တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အချိန် ချော်လတ်က ရုရှားဟာ နိုင်ငံတကာ အသိုက်အဝန်းမှာ မြန်မာ (စစ်တပ်)ရဲ့ လက်ရှိ အယုံကြည် အားအကိုးဆုံး မိတ်ဆွေနိုင်ငံ ဖြစ်နေကြောင်း၊ ပြီးတော့ ရုရှားဟာ စစ်ကောင်စီရဲ့ စစ်ဘက် ယန္တရားတွေအတွက် လိုအပ်တဲ့ လောင်စာဆီတွေ ထောက်ပံ့ပေးနေပြီး အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က အားထုတ်နေတဲ့ မြန်မာ့ အကျပ်အတည်း ဖြေရှင်းရေး အစီအမံတွေကို ဖျက်လိုဖျက်ဆီး ပြုမူနေကြောင်းချော်လတ်က ဝေဖန် ထောက်ပြသွားပါတယ်။

မြန်မာ့ ပြည်တွင်းရေး ပြဿနာအတွက် အဖြေတစ်ခု ဖော်ထုတ်ချင်တယ်၊ မြန်မာနိုင်ငံကို ပြန်လည် ငြိမ်းချမ်းပြီး ဒီမိုကရေစီ လမ်းကြောင်းဆီ ပြန်ရောက်စေချင်တယ် ဆိုရင် လက်တွေ့ကျတဲ့ နည်းလမ်း တစ်ခုက စစ်ကောင်စီအတွက် စစ်လက်နက်တွေ တင်ပို့မှုရပ်ဆိုင်းသွားစေတာ ဖြစ်ကြောင်း၊ အာဏာသိမ်း စစ်တပ်ဆီ ရုရှားကစစ်လက်နက်တွေ ထောက်ပံ့မှု ရပ်တန့်သွားမယ်ဆိုရင်မြန်မာ့အကျပ်အတည်းက လွတ်မြောက်ရေးအတွက် အရမ်းထင်ရှားမြင်သာတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာနိုင်ကြောင်း ချော်လတ်က ပြောပါတယ်။

ဒါ့အပြင် အမေရိကန် အစိုးရဟာမြန်မာစစ်တပ်အနေနဲ့စစ်လက်နက်တွေတင်သွင်းဝယ်ယူတာ ပိုခက်ခဲလာအောင် ဘက်ပေါင်းစုံက ဆက်လက် ဖိအားပေးမှာ ဖြစ်သလို မြန်မာအပေါ် အရေးယူ ပိတ်ဆို့မှုတွေလည်း မြှင့်တင်သွားမယ်လို့ ချော်လတ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အချိန်ထိတော့ အမေရိကန်ဟာ မြန်မာနိုင်ငံကလူပုဂ္ဂိုလ် ၈၀ လောက်နဲ့ အဖွဲ့အစည်း ၃၀ လောက်ကို အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ထားပြီးပြီလို့ သူက ဆိုပါတယ်။

စစ်ပွဲမှာ အသုံးပြုမယ့် လက်နက်နဲ့ လောင်စာဆီတွေ ဝယ်ယူရေးအတွက် စစ်ကောင်စီ အရေးတကြီး လိုအပ်နေတဲ့ ဝင်ငွေလမ်းကြောင်းတွေကို ပိုမို ဖြတ်တောက်ဖို့ဆိုရင် နောက်ထပ် အရေးယူ ပိတ်ဆို့မှု အသစ်တွေလည်း လိုအပ်လိမ့်ဦးမယ်လို့ ချော်လတ်က ဆက်ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ၂ နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံ အနှံ့မှာ မတည်ငြိမ်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ပြီး ဆယ်စုနှစ်လောက် ကြာမြင့်တဲ့ ကာလတွေအတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့တောင် မြင်တွေ့ဖို့ခက်တဲ့ အကြမ်းဖက်မှုတွေ၊ မငြိမ်သက်မှုတွေ ခေါင်းထောင်ထလာပါတယ်။ စစ်တပ် အာဏာသိမ်းမှုကြောင့် နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍပေါင်းစုံ ချွတ်ခြုံကျသွားပြီး လူဦးရေ ၁၇.၆ သန်းလောက်ဟာ ဆင်းရဲနွမ်းပါးတဲ့ အခြေအနေဆီ တွန်းပို့ခံခဲ့ရသလို လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ အရေးတကြီး လိုအပ်နေကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အယောင်ဆောင် ရွေးကောက်ပွဲတစ်ခု ကျင်းပပြီး နိုင်ငံရေး ထွက်ပေါက်ရှာဖို့ ကြိုးစားနေပေမယ့် အဓိက ဆက်နွှယ်ပတ်သက်သူအားလုံး မပါဝင်တဲ့ ရွေးကောက်ပွဲဟာ ပြဿနာတွေနဲ့ အရှုပ်အထွေးတွေကို ဆက်လက် ရှည်ကြာနေစေရုံသာ ရှိမယ်လို့ အမေရိကန်က ဝေဖန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။