Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏မန်းဝန်ကြီးချုပ်ယာဥ်တန်းမြို့လယ်ခေါင်တွင်MPDFကပ​ဒေသာမိုင်းဆွဲတိုက်ခိုက်

ယာဉ်တန်းအားတိုက်ခိုက်ချေမှုန်းခဲ့သည့်နေရာသည်မန္တလေးမြို့လယ်ခေါင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အနီးတွင်ဖြစ်ပြီး ပဒေသာမိုင်းဆင်၍ ချေမှုန်းရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ​ဖော်ပြထားသည်။

စစ်ကောင်စီ၏မန်းဝန်ကြီးချုပ်ယာဥ်တန်းမြို့လယ်ခေါင်တွင်MPDFကပ​ဒေသာမိုင်းဆွဲတိုက်ခိုက်
စစ်ကောင်စီ၏မန်းဝန်ကြီးချုပ်ယာဥ်တန်းမြို့လယ်ခေါင်တွင်MPDFကပ​ဒေသာမိုင်းဆွဲတိုက်ခိုက်

▪︎ဝန်ထမ်းအကြီးအကဲ ၂ဦးနှင့်စစ်သား ၁၂ ဦး​​သေဟုထုတ်ပြန်

မန္တလေးတိုင်းဝန်ကြီးချုပ်လိုက်ပါလာသည့်ယာဥ်တန်းကို အစိုးရအဖွဲ့ရုံးအနီး မန္တလေးမြို့လယ်ခေါင်တွင် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော်(မန္တလေး) MPDF က ယနေ့ မတ် ၂၅ ရက်တွင် အသိပေးထုတ်ပြန်သည်။

“ရာဇနိုင်စစ်ဆင်​ရေး” ဟုအမည်​ပေးထား​သောအဆိုပါတိုက်ခိုက်မှုကို ယမန်နေ့ (မတ် ၂၄ ရက်) နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် MPDF ၏ အထူးစစ်ဆင် ရေးအဖွဲ့များမှ မန္တလေးမြို့အတွင်း ဝင်ရောက်ကာ စစ်ကောင်စီခန့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်လိုက်ပါလာသောယာဥ်တန်းအား ဖောက်ခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိ​ပေးထားသည်။

ယာဉ်တန်းအားတိုက်ခိုက်ချေမှုန်းခဲ့သည့်နေရာသည်မန္တလေးမြို့လယ်ခေါင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အနီးတွင်ဖြစ်ပြီး ပဒေသာမိုင်းဆင်၍ ချေမှုန်းရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ​ဖော်ပြထားသည်။

စစ်ကောင်စီ၏မန်းဝန်ကြီးချုပ်ယာဥ်တန်းမြို့လယ်ခေါင်တွင်MPDFကပ​ဒေသာမိုင်းဆွဲတိုက်ခိုက်
စစ်ကောင်စီ၏မန်းဝန်ကြီးချုပ်ယာဥ်တန်းမြို့လယ်ခေါင်တွင်MPDFကပ​ဒေသာမိုင်းဆွဲတိုက်ခိုက်

ယင်းစစ်ဆင်ရေးကြောင့်စစ်ကာင်စီယာဉ်တန်း၏ကားများတွင် ကြီးမားသောထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့ပြီး ယာဉ်တန်းတွင် လိုက်ပါလာသော ရန်သူများလည်း သေကြေ ထိခိုက်ဒဏ်ရာရှိမှုများ ရှိခဲ့ပါသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယခုကြေညာချက်ထုတ်ပြန်ချိန်အထိ ရန်သူဘက်မှ စစ်သားစုစုပေါင်း (၁၂) ဦး ပွဲချင်းပြီး သေဆုံးကာ ရန်သူ၏ အုပ်ချုပ်ရေးယန္တရားမှ ဝန်ထမ်းအကြီးအကဲ နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဖြစ်သည်ဟု MPDF က ဖော်ပြသည်။

“အဲ့ဒီ စစ်ဆင်ရေးမှာ ကျွန်တော်တို့ဘက်က တစ်စုံတစ်ရာ ထိခိုက်မှု လုံးဝမရှိခဲ့ပါဘူးခင်ဗျာ။ ရဲဘော်တွေ အားလုံးဘေးကင်းပါတယ်”ဟု MPDF မှတာဝန်ရှိသူတစ်ဦးကPeople’s Spring သို့ ပြောသည်။

စစ်ကောင်စီ၏ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်သူ မျိုးအောင်၏ နောက်ဆုံးအခြေအနေအားလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)MPDF မှ ထောက်လှမ်းစုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MPDFသည် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ၊ကာကွယ်​ရေးဝန်ကြီးဌာနလက်​အောက်ရှိ တပ်ဖွဲ့ဖြစ်သည်။

ယခုတိုက်ခိုက်မှုမှာ မန္တ​လေးမြို့လယ် ၊စစ်​ကောင်စီ၏မန္တ​​လေးအစိုးရအဖွဲ့ရုံး ၊ ​အောင်​မြေသာစံအမှတ်(၃)ရဲစခန်း၊ စစ်​ကောင်စီတပ်များရှိရာ မန္တ​လေးနန်း​တော် တို့အနီးတွင်ပြုလုပ်သွားခြင်းဖြစ်၍ ​ပြည်သူများပင် အံသြ​နေကြ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။