Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်ထဲက ရဲစခန်းနှင့် BGF တပ်ရင်းဝင်တိုက်ခဲ့သည့်အခြေအနေ KNU ထုတ်ပြန်

ပြီးခဲ့သည့် မတ်လ(၅)ရက်က ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ကတိုင်တိကျေးရွာရှိ ကတိုင်တိနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)တပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

ဖာပွန်ခရိုင်ထဲက ရဲစခန်းနှင့် BGF တပ်ရင်းဝင်တိုက်ခဲ့သည့်အခြေအနေ KNU ထုတ်ပြန်
ဖာပွန်ခရိုင်ထဲက ရဲစခန်းနှင့် BGF တပ်ရင်းဝင်တိုက်ခဲ့သည့်အခြေအနေ KNU ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ ရဲစခန်းနှင့် နယ်ခြားစောင့်တပ်(BGF)တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာတွင် စခန်းမှူးတစ်ဦးအပါအဝင် (၅)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ(၅)ရက်က ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ကတိုင်တိကျေးရွာရှိ ကတိုင်တိနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)တပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

ကတိုင်တိရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ရာတွင် စခန်းမှူးတစ်ဦးအပါအဝင် ရဲမေတစ်ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

Public Service Announcement
Public Service Announcement

ယင်းနေ့တွင်ပင် ကမမောင်း-ဖာပွန်ကားလမ်းပေါ်ရှိ နယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၁၀၁၃)ကိုKNLA တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး BGF တပ်ဖွဲ့ဝင် (၃)ဦး သေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မတ်လ ၈ ရက်တွင်တော့ ကတိုင်တိအခြေစိုက် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်ရင်းက ကေအဲန်ယူ-မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထာ့ကျေးရွာအုပ်စု၊ ပိုဂါကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် ကလေးတစ်ဦးအပါအဝင် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ကေအဲန်ယူ-မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းတွင် စစ်ကောင်စီတပ်နှင့် KNLA တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲအဆက်မပြတ်ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးနှင့်ပစ်ခတ်သဖြင့် ရွာသားများ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုများလည်းရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။