Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ပေါ်က ရွှေဆိုင်ရှေ့ ဓားပြတိုက်မှုဖြစ်ပွားပြီး ကျပ်သိန်း ၁,၂၀၀ ပါသွား

ဖြစ်စဉ်ကို မှတ်တင်ထားတဲ့ CCTV ဖိုင်အရ ပစ္စတို သေနတ်ကိုင်အမျိုးသား ၃ ဦး ဟာ Nissan March အမျိုးအစား ကားအနက်ရောင်နဲ့ ရောက်လာပြီး ငွေထုတ်တွေကို လုယက်သွားတာတွေ့ရပါတယ်။

ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ် CCTV မှတ်တမ်းပုံ
ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ် CCTV မှတ်တမ်းပုံ

မန္တလေးမြို့ပေါ်က စိန်ကျော်မိုး ရွှေသန့်စင် ရောင်းဝယ်ရေးဆိုင်ရှေ့မှာ မနေ့ မတ်လ ၂၇ ရက် ညပိုင်း ၅ နာရီခန့်က ဓားပြတိုက်မှုဖြစ်ပွားပြီး ကျပ်သိန်း ၁၂၀၀ ပါသွားတယ်လို့ ရွှေဆိုင်နဲ့နီးစပ်သူတစ်ဦးထံကသိရပါတယ်။

ချမ်းအေးသာစံမြို့နယ် မှာရှိတဲ့ အဲဒီရွှေရောင်းဝယ်ရေးဆိုင်ကို အမျိုးသား ၂ ဦး ရွှေလာရောင်းပြီး ရောင်းရငွေကို ကားပေါ် တင်နေချိန်ဓားပြတိုက်ခံလိုက်ရတာပါ။

ဖြစ်စဉ်ကို မှတ်တင်ထားတဲ့ CCTV ဖိုင်အရ ပစ္စတို သေနတ်ကိုင်အမျိုးသား ၃ ဦး ဟာ Nissan March အမျိုးအစား ကားအနက်ရောင်နဲ့ ရောက်လာပြီး ငွေထုတ်တွေကို လုယက်သွားတာတွေ့ရပါတယ်။

Public Service Announcement
Public Service Announcement

ပီနံအိတ်နဲ့ထုတ်ထားတဲ့ ငွေထုပ် ၄ ထုပ် လုယက်ခံရတာဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း ၁,၂၀၀ ပါသွားတာလို့ ရွှေဆိုင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်ကတော့ ဓားပြတိုက်သွားသူအမျိုးသား ၃ ဦးကို ညတွင်းချင်းပဲ ဖမ်းမိတယ်လို့ သတင်းထုတ်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ ဓားပြတိုက်တာ ၊လုယက်တာတွေ မကြာခဏဆိုသလိုဖြစ်ပွားနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေကူမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားပြီး၊ ပျူ​စောထီး​တွေများတဲ့မန္တလေးမြို့မှာ ဒီက​နေ့ည​နေပိုင်းက ချမ်းမြသာစည်မြို့နယ်ထဲက မီလျံနာ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၅၀ ကျပ်သားဝန်းကျင် ပါသွားတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌မြို့ခံ တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာလူတစုက စတိုးဆိုင်တစ်ဆိုင်ကိုဓါးပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုပါ သတ်ဖြတ်သွားပါတယ်။

Facebook