Connect with us

Hi, what are you looking for?

သတင်း

ဝါရင့်ဂီတပညာရှင် ဦးစောနု ကွယ်လွန်

ဆရာ့သင်တန်းမှာ ၂ လတာပဲ တက်ခွင့်ရှိခဲ့ပေမယ့် အဆိုနဲ့ပါတ်သက်တဲ့ အခြေခံတွေ တန်ဖိုးရှိတဲ့အတွေးအခေါ်တွေ အများကြီးသိခွင့်ရခဲ့လို့ကျေးဇူးအများကြီးတင်ရပါတယ်ဆရာ” ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

ဝါရင့်ဂီတပညာရှင် ဦးစောနု ကွယ်လွန်
ဝါရင့်ဂီတပညာရှင် ဦးစောနု ကွယ်လွန်

နာမည်ကြီးအဆို‌တော်များကို မွေးထုတ်ပေးခဲ့သူ ဝါရင့်ဂီတပညာရှင် ဦးစောနုသည် အသည်းခြောက်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ဆေးရုံတတ်ရတာ သုံးလလောက်ရှိပြီ။ ဒီနေ့ (ဧပြီ၄)ည ၇နာရီခွဲမှာ ဆုံးသွားတာပါ” ဟု ၎င်းကပြောသည်။

ဦးစောနုသည် မြောက်ဥက္ကလာပဆေးရုံ မေဓါဝီဆေးရုံ၌ ဆေးကုသစဉ်ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက်(၇၇)နှစ်အရွယ်ရှိပြီ ဖြစ်သည်။

ဦးစောနုသည် လူငယ်များကို အဆိုပညာသင်ကြားပေးနေသူတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်လကလည်း ကျန်းမာရေးကောင်းမွန်လာသောကြောင့် သင်တန်းများ တစ်ပိုင်တစ်နိုင်ပြန်ဖွင့်မည့်အကြောင်း ၎င်း ၏ အကောင့်တွင် Live လွှင့်ပြောခဲ့သည်။

Public Service Announcement

Public Service Announcement

ဂီတလောကမှ နာမည်ကြီး အဆိုရှင်များဖြစ်သည့် စည်သူလွင်၊ တင်ဇာမော် စသည့် အနုပညာရှင်များသည် ဦးစောနု၏ အဆိုသင်တန်းမှ အနုပညာလောကသို့ရောက်ရှိလာသူများဖြစ်သည်။

“R.I.P ပါဆရာ ။ဆယ်တန်းအောင်စ ဘဝမှာ ဘာလုပ်ရမှန်းမသိ အချိန် ဝါသနာပါတဲ့ ဂီတကိုရူးသွပ်နေချိန်ဆရာရဲ့သင်တန်းတက်ရင်းလေ့ကျင့်ပေးခဲ့ ခွန်အားပေး ခဲ့တဲ့ ဆရာ့ရဲ့ကျေးဇူးတွေကိုအမြဲ အမှတ်ရ နေမယ်”ဟု ဆုန်သင်းပါရ်က ရေးသားထားသည်။

ထို့အတူ အဆိုတော် လင်းနစ်ကလည်း “လက်ဦးဆရာဦးစောနု ကွယ်လွန်သွားတယ်လို့ကြားသိရပါတယ် တစ်ကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဆရာကောင်းရာသုဂတိလားပါစေ

ဆရာ့သင်တန်းမှာ ၂ လတာပဲ တက်ခွင့်ရှိခဲ့ပေမယ့် အဆိုနဲ့ပါတ်သက်တဲ့ အခြေခံတွေ တန်ဖိုးရှိတဲ့အတွေးအခေါ်တွေ အများကြီးသိခွင့်ရခဲ့လို့ကျေးဇူးအများကြီးတင်ရပါတယ်ဆရာ” ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

ဦးစောနု၏ နာရေးအစီအစဉ်နှင့်ပတ်သက်၍ လူမှူကွန်ရက်မှ ကြေညာပေးမည်ဟု ၎င်း၏ မိသားစုဝင်က ပြောသည်။

ဆရာကြီးဦးစောနုသည် ၁၉၆၃တွင် ရန်ကုန်မြို့ပန်တျာအနုပညာ ကျောင်း၌ ဝင်ခွင့်စာမေးပွဲ အောင်မြင်ခဲ့ပြီး ရုရှားနိုင်ငံမှ ဂီတပညာသင်ဆု ခေါ်ယူရာတွင် အောင်မြင်ခဲ့သောကြောင့် ၁၉၆၅ ခုနှစ်တွင် ရုရှားနိုင်ငံသို့ ဂီတပညာသွားရောက်သင်ယူခဲ့ကာ Bachelor Of Music ဘွဲ့ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။