Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့နယ်ရှိ စီသာရွာ စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲတိုက်ခိုက်၊ လူနေအိမ်များစွာ မီးလောင်ပျက်စီး

“အကုန်ပြာဖြစ်ပြီ စီသာရွာက။ မီးလောင်တိုက်သွင်းခံရသလိုပေါ့”ဟု တောထဲသို့ တိမ်းရှောင်နေရသည့် ရွှေကူဒေသခံက ပြောသည်။

(အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စီသာရွာရှိ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - PDF ရွှေဂူ)
(အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စီသာရွာရှိ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - PDF ရွှေဂူ)

ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ စီသာကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံက ပြောသည်။

“အကုန်ပြာဖြစ်ပြီ စီသာရွာက။ မီးလောင်တိုက်သွင်းခံရသလိုပေါ့”ဟု တောထဲသို့ တိမ်းရှောင်နေရသည့် ရွှေကူဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် မတ်လ ၂၃ရက်မှစ၍ ရွှေကူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက် လာ၍ ဒေသခံများစွာ တိမ်းရှောင်နေကြရသည်။ အဆိုပါ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသခံကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများလည်းဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

ဧပြီ ၅ရက်တွင် တပ်မ(၈၈)လက်အောက်ခံ ခလရ (၁၀)၊ ခလရ (၇၇)၊ ခလရ (၈၈)နှင့် ထပ်မံဖြည့်တင်းထားသည့် စစ်ကြောင်းများမှ စီသာကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး တိုက်လေယာဉ်များဖြင့် ထပ်မံ၍ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ်များစွာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရွှေကူ PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ပိုမိုကြိုးစား၍ ခုခံတော်လှန်နေဆဲဖြစ်ကြောင်း အသိပေးထားသည်။

မတ်လ ၃၀ရက်ကလည်း စစ်ကောင်စီတပ်က ရွှေကူနယ် မံဝိန်းရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ်အချို့မီးလောင်းခဲ့သည်။ထို့ပြင် စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ခဲ့ခြင်းကြောင့် မံဝိန်းရွာမှ နေအိမ် ၁၀၀ ထက်မနည်း မီးလောင်ခဲ့ရသည်။ မတ်လ ၂၅ရက်ကလည်း မံဝိန်း ရွာနှင့် စီသောင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ်ပျက်စီးမှုရှိပြီး နွား ငါးကောင်သေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ အလုံးလိုက် စျေးဖြတ်ပြီးရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေရဲ့ မြေပြင်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်က အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။