Connect with us

Hi, what are you looking for?

သတင်း

ကိုကိုးကျွန်းမှာ တရုတ်သူလျှိုစခန်း ရှိနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေအတွက် စစ်​ကောင်စီကို အိန္ဒိယ ဖိအားပေး

အိန္ဒိယနဲ့ တရုတ်တို့ကြား စစ်ရေးအရ တင်းမာမှုတွေဟာ ဟိမဝန္တာ တောင်တန်းဒေသက နယ်စပ် ပြဿနာကို အကြောင်းပြုပြီး ၂၀၂၀ ကစလို့ တရိပ်ရိပ် မြင့်တက်လာနေကြောင်း သိရပါတယ်။

(ကိုကိုးကျွန်းကို ဂြိုဟ်တုမှ ​မှတ်တမ်းတင်ထား​သောပုံ။ ဓါတ်ပုံ-Maxer Technology)
(ကိုကိုးကျွန်းကို ဂြိုဟ်တုမှ ​မှတ်တမ်းတင်ထား​သောပုံ။ ဓါတ်ပုံ-Maxer Technology)

ကိုကိုးကျွန်းမှာ တရုတ်ရဲ့စစ်ဘက်ထောက်လှမ်းရေး အခြေစိုက် ကွန်ရက်တွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်လာတယ်လို့ ယုံကြည်ရတဲ့ အခြေအနေအတွက် အိန္ဒိယက အာဏာသိမ်းမြန်မာစစ်ကောင်စီကို ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ဆက်တိုက် ဖိအားပေး ကန့်ကွက်နေတယ်လို့ သိရပါတယ်။

အိန္ဒိယဖက်က ဒီကိစ္စနဲ့ ပတ်သက်ပြီး နီးနီးစပ်စပ် သိထားတဲ့ အရာရှိ တချို့က Bloomberg သတင်းဌာနကို အခုလို အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလား ပင်လယ်အော်ထဲက မဟာဗျူဟာအရ အချက်အခြာကျတဲ့ ကမ်းဝေးကျွန်းမှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တရုတ်ရဲ့ ကူညီပေးမှုနဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ တိုးလာခြင်းကိုအိန္ဒိယကဂြိုဟ်တု မှတ်တမ်း ဓာတ်ပုံတွေနဲ့ အတည်ပြုဖော်ထုတ်ထားနိုင်ခဲ့ပါတယ်။

အဲဒီ ဓာတ်ပုံတွေကို ပြပြီးအိန္ဒိယအစိုးရရဲ့ ရာထူးအဆင့်ဆင့် အရာရှိတွေက မြန်မာစစ်ကောင်စီကို ဖိအားပေး မေးမြန်းမှုတွေ ရှိခဲ့တယ်လို့လည်း အမည်မဖော်တဲ့ အိန္ဒိယသတင်းရင်းမြစ် တစ်ဦးက Bloombergကို ပြောပါတယ်။ အထူးသဖြင့် တရုတ်ဟာ အဲဒီ အဆောက်အအုံတွေ တိုးချဲ့ တည်ဆောက်မှုအတွက် ကိုကိုကျွန်းကို လုပ်သားတွေ တိုက်ရိုက် ပို့ဆောင်ခဲ့ပြီး မြန်မာစစ်ကောင်စီဟာတရုတ် အကူအညီနဲ့ ကျွန်းပေါ်က လေယာဉ်ပြေးလမ်း တစ်ခုကိုပါ တိုးချဲ့ တည်ဆောက်ထားပြီးပြီ ဆိုတာကို ဂြိုဟ်တု ဓာတ်ပုံတွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။

(ကိုကိုးကျွန်းကို ဂြိုဟ်တုမှ ​မှတ်တမ်းတင်ထား​သောပုံ။ ဓါတ်ပုံ-Maxer Technology)
(ကိုကိုးကျွန်းကို ဂြိုဟ်တုမှ ​မှတ်တမ်းတင်ထား​သောပုံ။ ဓါတ်ပုံ-Maxer Technology)

မြန်မာဖက်က အဲဒီလို အဆောက်အအုံတွေ တိုးချဲ့တည်ဆောက်မှုမှာ တရုတ် ပါဝင် ကူညီတယ် ဆိုရင်တောင်မှ တရုတ်ရဲ့ လွှမ်းမိုးထိန်းချုပ်မှု မရှိဖူးဆိုတဲ့ သဘောမျိုး ပြောပေမယ့် အိန္ဒိယရဲ့ စိုးရိမ် သောကတွေကတော့ လျော့ပါးမသွားဘူးလို့ သတင်းရင်းမြစ်တွေက Bloombergကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဇော်မင်းထွန်းက ကိုကိုးကျွန်းပေါ်မှာ တရုတ်ရဲ့ သူလျှို အခြေစိုက်စခန်းတစ်ခု တည်ဆောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။ ပြီးတော့ မြန်မာ့မြေပေါ်မှာ နိုင်ငံခြားတပ်တွေ အခြေစိုက်ခွင့်ကို လုံးဝ ခွင့်ပြုမှာ မဟုတ်ကြောင်းလည်းသူကဆိုပါတယ်။

အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အရင်ဒမ် ဘက်ဂ်ချီကတော့ အိန္ဒိယဟာနိုင်ငံရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် လုပ်သင့်တာ မှန်သမျှကို လုပ်မယ်လို့ ပြောထားပါတယ်။

(ကိုကိုးကျွန်းကို ဂြိုဟ်တုမှ ​မှတ်တမ်းတင်ထား​သောပုံ။ ဓါတ်ပုံ-Maxer Technology)
(ကိုကိုးကျွန်းကို ဂြိုဟ်တုမှ ​မှတ်တမ်းတင်ထား​သောပုံ။ ဓါတ်ပုံ-Maxer Technology)

Bloombergဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်ကို ဆက်သွယ် မေးမြန်းပေမယ့်လည်း တုံ့ပြန် ဖြေကြားမှု မရှိခဲ့ပါဘူး။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ကိုကိုးကျွန်းမှာသူလျှိုစခန်း ဆောက်နေသလား ဆိုတဲ့ မေးခွန်းကို လတ်တလော ဘာမှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတ်နေပါတယ်။

အိန္ဒိယ သမုဒ္ဒရာထဲမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုမြင့်တက်လာခြင်းကို အိန္ဒိယက အကြီးအကျယ် စိုးရိမ်နေတဲ့အချိန် တကယ်လို့ ကိုကိုးကျွန်းလို အချက်အခြာ နေရာမျိုးမှာသာ တရုတ်ရဲ့ သူလျှိုစခန်း တစ်ခု ဖွင့်လှစ်ထားမယ်ဆိုရင် အိန္ဒိယအတွက် သေချာပေါက် အိပ်မက်ဆိုး ဖြစ်လာနိုင်ပါတယ်။

ကိုကိုးကျွန်းမှာတရုတ်ရဲ့ စစ်အခြေစိုက် စခန်းငယ် တစ်ခုကို မြန်မာစစ်တပ်က ဖွင့်လှစ်ခွင့် ပြုထားတယ်ဆိုတဲ့ သတင်းတွေကု ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ပျံ့နှံ့နေခဲ့ပေမယ့် သီးခြား အတည်ပြုလို့တော့မရပါဘူး။ အိန္ဒိယကလည်း ကိုကိုးကျွန်းမှာ တရုတ် အနေနဲ့ တိုက်ခိုက်ရေးကဏ္ဍအတွက် အသုံးပြုနိုင်တဲ့ စစ်စခန်းမျိုး တည်ဆောက်ထားတယ်လို့တော့ မယုံကြည်ပါဘူး။ ပြီးတော့ အိန္ဒိယ သမုဒ္ဒရာထဲမှာ ခုတ်မောင်းလေ့ရှိတဲ့ တရုတ် သုတေသန ရေယာဉ်တွေကလည်း သံသယတွေကို ရှောင်ဖို့အတွက် ကိုကိုးကျွန်းမှာ ကမ်းကပ် ရပ်နားလေ့ မရှိဘူးလို့ အိန္ဒိယက ဆိုပါတယ်။

(ကိုကိုးကျွန်းကို ဂြိုဟ်တုမှ ​မှတ်တမ်းတင်ထား​သောပုံ။ ဓါတ်ပုံ-Maxer Technology)
(ကိုကိုးကျွန်းကို ဂြိုဟ်တုမှ ​မှတ်တမ်းတင်ထား​သောပုံ။ ဓါတ်ပုံ-Maxer Technology)

အိန္ဒိယဟာ ကိုကိုးကျွန်းနဲ့ ကီလိုမီတာ ၆၀ တောင် မဝေးတဲ့ အန်ဒမန်နဲ့ နစ်ကိုဘာ ကျွန်းတွေမှာစစ်စခန်းတစ်ခုကိုတည်ဆောက်ထားပါတယ်။ လောလောဆယ် အိန္ဒိယကလည်း အဲဒီ စစ်စခန်းတွေကို ပိုမိုချဲ့ထွင် တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေက Bloombergဆီ ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်သွားပါတယ်။

အိန္ဒိယနဲ့ တရုတ်တို့ကြား စစ်ရေးအရ တင်းမာမှုတွေဟာ ဟိမဝန္တာ တောင်တန်းဒေသက နယ်စပ် ပြဿနာကို အကြောင်းပြုပြီး ၂၀၂၀ ကစလို့ တရိပ်ရိပ် မြင့်တက်လာနေကြောင်း သိရပါတယ်။

ကိုးကား-Bloomberg

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။