Connect with us

Hi, what are you looking for?

သတင်း

သင်္ကြန်တွင်း YBSများ ယာဥ်စီးခတိုးကောက်နေ

အာဏာသိမ်းကာလမတိုင်မီက အထူးယာဥ်များမှလွဲ၍ YBS ယာဉ်များကို ကျပ် ၂၀၀သာ ကောက်ခံရန်သတ်မှတ်ထားသော်လည်း အာဏာသိမ်းသည့်အချိန်ကတည်းက ယာဉ်စီးခများသည် ယာဉ်မောင်းများသတ်မှတ်သည့် ပမာဏအတိုင်း ခရီးသည်များက ပေးဆောင်နေရသည်။

(သင်္ကြန်အကြိုနေ့တွင်ပြေးဆွဲနေသည့် YBS ယာဉ်များကိုတွေ့ရစဉ်။ ဓာတ်ပုံ - PS)
(သင်္ကြန်အကြိုနေ့တွင်ပြေးဆွဲနေသည့် YBS ယာဉ်များကိုတွေ့ရစဉ်။ ဓာတ်ပုံ - PS)

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်အများစုက ခရီးသည်နည်းပါးသည်ကို အကြောင်းပြ၍ ယာဉ်စီးခ တိုးမြှင့်ကောက်ခံနေသည်။

“တစ်ယောက်ငါးရာ ကောက်နေတာ။ မှတ်တိုင်နီးလည်း ငါးရာပဲ”ဟု ယနေ့ YBS-65 စီးနင်းသူတစ်ဦးက ပြောသည်။

သင်္ကြန်ကာလအတွင်း YBS ယာဉ်လိုင်းအားလုံး မပြေးဆွဲသောကြောင့် ကားသမားများ၏ အပိုကြေးကောက်ခံမှုအပေါ် ငြိမ်ခံနေရသည်ဟု ၎င်းက ဆိုသည်။

ခရီးသည်နည်းပါးသည်ဟု ဆိုသော်လည်း ယနေ့ပြေးဆွဲနေသည့် ယာဥ်အများစုတွင် ခရီးသည်များ ယာဥ်ပေါ်အပြည့်ပါရှိကြောင်း ခရီးသည်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သတ်မှတ်ထားသည်ထက်ပို၍ ကောက်ခံသည့်ငွေသည် လက်လုပ်လက်စား ခရီးသွားများအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ကောက်ခံမှုအပေါ် ယာဉ်လိုင်းများ၏ သက်ဆိုင်သည့် ကုမ္ပဏီများအား တိုင်ကြားမှုပြုလုပ်သင့်ကြောင်း ၎င်းက အကြံပြုသည်။

အာဏာသိမ်းကာလမတိုင်မီက အထူးယာဥ်များမှလွဲ၍ YBS ယာဉ်များကို ကျပ် ၂၀၀သာ ကောက်ခံရန်သတ်မှတ်ထားသော်လည်း အာဏာသိမ်းသည့်အချိန်ကတည်းက ယာဉ်စီးခများသည် ယာဉ်မောင်းများသတ်မှတ်သည့် ပမာဏအတိုင်း ခရီးသည်များက ပေးဆောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ အလုံမြို့နယ်က ဆင်မင်းဈေးကားမှတ်တိုင်အနီးမှာ အသက်ကြီးပိုင်း အမျိုးသမီး ၁ဦး YBS-144 ယာဉ်တိုက်ပြီး သေဆုံးသွားတယ်လို့ အခင်းနေရာကို သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီး လူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊လှိုင်မြို့နယ် ရွာမကွေ့ မှတ်တိုင်မှာ YBS(၂၂)တစ်စီး မီးခိုးတွေထွက်လာလို့ ကားတံခါးချက်ချင်းဖွင့်မပေးတာကြောင့် ခရီးသည်တွေက ကားပေါ်ကဆင်းဖို့ မှန်တွေရိုက်ခွဲဆင်းပြေးခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့ ၊အင်းစိန်မြို့နယ်၊ ဒညင်းကုန်းလမ်းဆုံအနီးမှာဒီနေ့ (မေ ၁၁ ရက်)မနက်ပိုင်းက YBS ကားတက်ကြိတ်မိပြီးသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့သူတွေထံကသိရပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ သင်္ကြန်ကာလအတွင်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တစ်ဦး ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးကာ ရုပ်အလောင်းကို ချင်းတွင်းမြစ်အတွင်းကပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။