Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သင်္ကြန်တွင်း YBSများ ယာဥ်စီးခတိုးကောက်နေ

အာဏာသိမ်းကာလမတိုင်မီက အထူးယာဥ်များမှလွဲ၍ YBS ယာဉ်များကို ကျပ် ၂၀၀သာ ကောက်ခံရန်သတ်မှတ်ထားသော်လည်း အာဏာသိမ်းသည့်အချိန်ကတည်းက ယာဉ်စီးခများသည် ယာဉ်မောင်းများသတ်မှတ်သည့် ပမာဏအတိုင်း ခရီးသည်များက ပေးဆောင်နေရသည်။

(သင်္ကြန်အကြိုနေ့တွင်ပြေးဆွဲနေသည့် YBS ယာဉ်များကိုတွေ့ရစဉ်။ ဓာတ်ပုံ - PS)
(သင်္ကြန်အကြိုနေ့တွင်ပြေးဆွဲနေသည့် YBS ယာဉ်များကိုတွေ့ရစဉ်။ ဓာတ်ပုံ - PS)

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်အများစုက ခရီးသည်နည်းပါးသည်ကို အကြောင်းပြ၍ ယာဉ်စီးခ တိုးမြှင့်ကောက်ခံနေသည်။

“တစ်ယောက်ငါးရာ ကောက်နေတာ။ မှတ်တိုင်နီးလည်း ငါးရာပဲ”ဟု ယနေ့ YBS-65 စီးနင်းသူတစ်ဦးက ပြောသည်။

သင်္ကြန်ကာလအတွင်း YBS ယာဉ်လိုင်းအားလုံး မပြေးဆွဲသောကြောင့် ကားသမားများ၏ အပိုကြေးကောက်ခံမှုအပေါ် ငြိမ်ခံနေရသည်ဟု ၎င်းက ဆိုသည်။

ခရီးသည်နည်းပါးသည်ဟု ဆိုသော်လည်း ယနေ့ပြေးဆွဲနေသည့် ယာဥ်အများစုတွင် ခရီးသည်များ ယာဥ်ပေါ်အပြည့်ပါရှိကြောင်း ခရီးသည်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သတ်မှတ်ထားသည်ထက်ပို၍ ကောက်ခံသည့်ငွေသည် လက်လုပ်လက်စား ခရီးသွားများအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ကောက်ခံမှုအပေါ် ယာဉ်လိုင်းများ၏ သက်ဆိုင်သည့် ကုမ္ပဏီများအား တိုင်ကြားမှုပြုလုပ်သင့်ကြောင်း ၎င်းက အကြံပြုသည်။

အာဏာသိမ်းကာလမတိုင်မီက အထူးယာဥ်များမှလွဲ၍ YBS ယာဉ်များကို ကျပ် ၂၀၀သာ ကောက်ခံရန်သတ်မှတ်ထားသော်လည်း အာဏာသိမ်းသည့်အချိန်ကတည်းက ယာဉ်စီးခများသည် ယာဉ်မောင်းများသတ်မှတ်သည့် ပမာဏအတိုင်း ခရီးသည်များက ပေးဆောင်နေရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

ရန်ကုန်မြို့ရှိ ကျောက်တံတား၊ စမ်းချောင်း၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း စသည့် မြို့နယ်တို့တွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များ တည်ဆောက်၍ ရေပက်ခံသူပြည်သူများဖြင့် စည်ကားနေကြောင်း ပြသရန် ကြိုးပမ်းလျက်ရှိသည်။

သတင်း

အာဇာနည်ဗိမာန်တွင် ပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားကို နံနက် ၄ နာရီမှ ၈ နာရီခန့်အထိသာပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း ယင်းနေရာအနီးအနားမှ လမ်းပိတ်ဆို့မှုများကို တစ်နေ့လုံးပြန်မဖွင့်ပေးသောကြောင့် ခရီးသွားပြည်သူများ အခက်အခဲကြုံခဲ့ရခြင်းဖြစ်သည်။

သတင်း

အဆိုပါ YBS ယာဥ် မီးလောင်မှုကြောင့် ပြည်လမ်း ပြည်သူ့ရင်ပြင်အနီး၌ လမ်းပိတ်ဆို့မှုများ ဖြစ်ခဲ့သော်လည်း လက်ရှိတွင် ပြန်လည်ရှင်းလင်းနေပြီဖြစ်ကြောင်း အဌားယာဥ်မောင်းတစ်ဦးက ဆိုသည်။