Connect with us

Hi, what are you looking for?

သတင်း

ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှု ကန့်ကွက်ရှုံ့ချကြောင်း စစ်ကောင်စီနှင့် ဆွေးနွေးနေသည့် PPST ထုတ်ပြန်

လက်ရှိ နိုင်ငံရေးအကျပ်အတည်းအား ဖြေရှင်းနိုင်ရေးအတွက် ပဋိပက္ခ၌ အဓိက အခန်းကဏ္ဍတွင် ပါဝင်နေကြသည့် သက်ဆိုင်သူများအားလုံး ဝိုင်းဝန်းဆွေးနွေးအဖြေရှာရန် တိုက်တွန်းကြောင်းလည်း PPSTက ဆိုသည်။

ပဇီကြီးရွာကို စစ်တပ်က လေကြောင်းမှတိုက်ခိုက်ပြီးနောက် အပျက်အစီးများကို တွေ့ရစဥ်။ဓါတ်ပုံ-CJ
ပဇီကြီးရွာကို စစ်တပ်က လေကြောင်းမှတိုက်ခိုက်ပြီးနောက် အပျက်အစီးများကို တွေ့ရစဥ်။ဓါတ်ပုံ-CJ

အရပ်သားပြည်သူရာနှင့်ချီ သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုလုပ်ရပ်အပေါ် ကန့်ကွက်ရှုံ့ချကြောင်း အာဏာသိမ်းစစ်ကောင်စီနှင့် ဆွေးနွေးနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)က ကြေညာချက်ထုတ်ပြန်သည်။

“ပဇီကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော အရပ်သားအများအပြား သေဆုံးဒဏ်ရာရခဲ့သည့် လေကြောင်း တိုက်ခိုက်မှုဖြစ်ရပ်အပါအဝင် အရပ်သားပြည်သူများအား ထိခိုက်နစ်နာစေသည့် မည်သည့်အင်အားသုံး တိုက်ခိုက်မှုမျိုးကိုမဆို မိမိတို့အနေဖြင့် ကန့်ကွက်ရှုံ့ချသည်”ဟု PPST ၏ထုတ်ပြန်ချက်၌ ရေးသားခဲ့ခြင်းသာဖြစ်သည်။

လက်ရှိ နိုင်ငံရေးအကျပ်အတည်းအား ဖြေရှင်းနိုင်ရေးအတွက် ပဋိပက္ခ၌ အဓိက အခန်းကဏ္ဍတွင် ပါဝင်နေကြသည့် သက်ဆိုင်သူများအားလုံး ဝိုင်းဝန်းဆွေးနွေးအဖြေရှာရန် တိုက်တွန်းကြောင်းလည်း PPSTက ဆိုသည်။

Public Service Announcement
Public Service Announcement

PPST အနေဖြင့် NCAထိုးထားသည် နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရမည်ဟု အကြောင်းပြပြီး လက်နက်အားကိုးဖြင့် အာဏာသိမ်းပြီး ပြည်သူလူထုအား အကြမ်းဖက် သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်နှင့် ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

PPSTကို ယခင်က NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ဖွဲ့ဖြင့် စုဖွဲ့ထားသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့က စစ်ကောင်စီနှင့်ဆွေးနွေးမှု မပြုဘဲ ကျန် ၇ဖွဲ့ စစ်ကောင်စီနှင့် ဆွေးနွေးလျက်ရှိသည်။

စစ်ကောင်စီနှင့် ဆွေးနွေးမှုတွင် ပါဝင်သည့် PPST အဖွဲ့ဝင်များမှာ ရှမ်းအဖွဲ့(RCSS)၊ မွန်အဖွဲ့(NMSP) ၊ ပအိုဝ်းအဖွဲ့(PNLO)၊ လားဟူအဖွဲ့(LDU)၊ ရခိုင်အဖွဲ့(ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(PC)နှင့် DKBA တို့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်