Connect with us

Hi, what are you looking for?

သတင်း

ဟားခါးသို့လာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ် သေဆုံးမှုရှိဟု CNA ပြော

ဧပြီ ၂၁ရက်ကလည်း စစ်ကောင်စီ၏ ဟားခါးအခြေစိုက် ခလရ (၂၆၆)တပ်ရင်းအတွင်းသို့ ချင်းပူးပေါင်းတပ်က လက်နက်ကြီးဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

(ချွန်ကျုံးရွာနှင့် ဒိုထက်အကြား ဖျက်ဆီးခံရသည့် အကြမ်းဖက်စစ်ကောင်စီ ရိက္ခာကားများအား တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Journal)
(ချွန်ကျုံးရွာနှင့် ဒိုထက်အကြား ဖျက်ဆီးခံရသည့် အကြမ်းဖက်စစ်ကောင်စီ ရိက္ခာကားများအား တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Journal)

ချင်းပြည်နယ် ဟားခါးစစ်ဗျူဟာသို့ လာရောက် သည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်ဖြစ်နေကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယနေ့ ပြောကြားသည်။

ကလေး-ဖလမ်း- ဟားခါးလမ်းအတိုင်း ဟားခါသို့လာသည့် စစ်ကောင်စီယာဉ်တန်းမှ ကျန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဟားခါးမြို့နယ် ချွန်ကျုံးရွာ၌ တိုက်ပွဲဆက်ဖြစ်နေသကဲ့သို့ ဂန့်ဂေါနယ်မှ ဟားခါးသို့လာသည့် စစ်ကောင်စီတပ်မ ၇၇ စစ်ကြောင်းနှင့်လည်း တိုက်ပွဲဆက်ဖြစ်နေကြောင်း ၎င်း ကဆိုသည်။

“တိုက်ပွဲက မပြီးသေးဘူး။ ဆက်လက်ဖြစ်နေဆဲလို့ပြောရမှာပေါ့။ကလေးကနေ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဟားခါးကို မဝင်နိုင်ဘဲနဲ့ ချွန်ကျုံးရွာမှာ အခုထိရှိနေသေးတယ်။ ရွာထဲမှာ တိုက်ပွဲတွေ ကွက်ကြားကွက်ကြား အဲဒီလို ဆက်လက်ဖြစ်နေပါတယ်။တိုက်လေယာဉ်တွေလည်း တခါတခါလာတယ်။ တကယ် ဗုံးကြဲတာမျိုးမဟုတ်ဘဲ လာဝိုက်တာမျိုးရှိတာပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement
Public Service Announcement

ဟားခါးမြို့ရှိ စစ်ကောင်စီတပ်အနေဖြင့်လည်း ဂန့်ဂေါမှာလာသည့် စစ်ကောင်စီ စစ်ကြောင်းကို သော်လည်းကောင်း၊ ချွန်ကျုံးရွာရှိ စစ်ကောင်စီတပ်ကိုသော်လည်းကောင်း စစ်ကူပေးလျက်ရှိကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းက ဂန့်ဂေါမြို့ဘက်မှလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ၌ စစ်ကောင်စီတပ် အထိနာခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့နဲ့ ထိတွေ့မှုရှိတယ်။ ပစ်ကွင်းထဲကို တစ်ခါ ဝင်တိုးတာ့ အင်အား ၃၀လောက်ဝင်တိုးတယ်။ ၁၀ယောက်ကျဆုံးတယ် ခြောက်ယောက်က ဒဏ်ရာရတယ်။” ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဟားခါးမြို့ကို ၃ရက်အတွင်း ဝင်ရောက်ရန်စီမံထားသည်ဟု ကြားသိရသော်လည်း ချင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ၂ပတ်ခန့်ကြာသည်အထိ ဟားခါးသို့ မရောက်နိုင်သေးကြောင်း ရှင်းပြသည်။

ထို့ပြင် ဧပြီ ၂၁ရက်ကလည်း စစ်ကောင်စီ၏ ဟားခါးအခြေစိုက် ခလရ (၂၆၆)တပ်ရင်းအတွင်းသို့ ချင်းပူးပေါင်းတပ်က လက်နက်ကြီးဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။