▪︎အတူထိုင်နေသောအုပ်ချုပ်ရေးမှူးလက်ထိမှန်ဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင်ယနေ့နေ့လယ် ၁၂နာရီခန့်က စစ်ကောင်စီ၏ မြို့နယ်စည်ပင်ဦးစီးမှူးနှင့် လျှပ်စစ်ဌာန အရာရှိ သေနတ်ဖြင့် ပစ်သတ်ခံ ရကြောင်းဒေသခံများကပြောသည်။
ကျောက်မဲမြို့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ဦးစီးမှူးနှင့် နမ္မတူမြို့မှ လျှပ်စစ်ဌာန အရာရှိတစ်ဦးသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဟု သိရသည်။

” ကျောက်မဲမြို့၊စည်ပင်ဦးစီးမှူးက ပြောင်းလာတာ မကြာသေးဘူး။ဆိုင်ထဲဝင်ပစ်သွားတာ။ သူနဲ့အတူရှိနေတဲ့နမ္မတူမြို့က လျှပ်စစ်ဌာန အရာရှိတစ်ဦးလည်း သေတယ်။ အုပ်ချုပ်ရေးမှူးက လက်ထိသွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
အဆိုပါ ပစ်ခတ်မှုသည် ကျောက်မဲမြို့ ၁ရပ်ကွက်ရှိ မြို့တော်ခန်းမအနီး လက်ဖက်ရည်ဆိုင်တဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။
အမျိုးသမီးအမည်ဖြင့် ဖွင့်ထားသည့် ထိုလက်ဖက်ရည်ဆိုင်သည်စစ်ကောက်စီလက်အောက်ခံ များ လာရောက်ထိုင်နေကြဆိုင်ဟုဒေသခံအချို့ကပြောသည်။ ပစ်ခတ်သူနှစ်ဦးနှင့် ပတ်သက်၍ စစ်ကောင်စီတပ်က မေးမြန်းစစ်ဆေးသည်ကို ဒေသခံများက ဖြေလိုက်ကြရကြောင်းလည်း သိရသည်။
