Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အကယ်ဒမီပေးပွဲကို အပြင်းအထန် Boycottလုပ်ဖို့ တိုက်တွန်းတဲ့ YRF

အနုပညာရှင်များကို အကယ်ဒမီမတတ်ရောက်ရန် ဒေသအသီးသီးမှ တော်လှန်ရေးအဖွဲ့များက သပိတ်များဖော်ဆောင်၍ တိုက်တွန်းမှုများပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီ၏ အကယ်ဒမီပေးပွဲကို အပြင်းအထန် Boycottလုပ်ဖို့ တိုက်တွန်းတဲ့ YRF
စစ်ကောင်စီ၏ အကယ်ဒမီပေးပွဲကို အပြင်းအထန် Boycottလုပ်ဖို့ တိုက်တွန်းတဲ့ YRF

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့၏ အကြမ်းဖက်မှူဖြစ်စဉ်များကို ဖုံးကွယ်နိုင်ရန် ရည်ရွယ်ကျင်းပသည်ဟုဆိုသည့် အကယ်ဒမီပေးပွဲကို ပြည်သူများအနေဖြင့် Boycott အပြင်းအထန်ပြုလုပ်ကြရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုသည်။

“နိုင်ငံအနှံ့ စစ်ကောင်စီကြောင့် ဒုက္ခအခက်အခဲများစွာ ရင်ဆိုင်နေရတဲ့ပြည်သူတွေ ၊ စစ်ဒဏ်သင့်နေတဲ့ မိသားစုဝင်တွေအပါအဝင် တော်လှန်တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ငဲ့ကွက်သောအားဖြင့် စစ်ကောင်စီက ပြုလုပ်မယ့် အကယ်ဒမီပေးပွဲကို ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ အပြင်းအထန် Boycott လုပ်ကြဖို့ တောင်းဆိုလိုက်ရပါတယ်။ ” ဟု Yangon Revolution Force -YRF က တောင်းဆိုထားသည်။

စစ်ကောင်စီက ၂၀၁၉ ၊၂၀၂၀ ၊၂၀၂၁ သုံးနှစ်စာအတွက် အကယ်ဒမီပေးပွဲကို မေလ ၆ ရက်တွင် နေပြည်တော်၌ ကျင်းပရန် စီစဉ်နေခြင်းဖြစ်ပြီး ယင်းပွဲတတ်ရောက်ရန် အနုပညာရှင်များကိုလည်း ဖိအားစီစဉ်နေခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီက ကျင်းပမည့် အကယ်ဒမီပေးပွဲကို ကြည့်ရှုခြင်း ၊ ယင်းပွဲအကြောင်းပြောဆိုခြင်း ၊မျှဝေခြင်းများ မပြုလုပ်ရန် ‌YRF ကတောင်းဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီထောက်ခံသည့် တယ်လီဂရန် ချန်နယ်များ၌ အကယ်ဒမီပွဲတတ်ရောက်သည့် အနုပညာရှင်များကို Social Punishment ပြုလုပ်သူများအား အရေးယူဆောင်ရွက်ရန် ဧပြီကတည်းက ဖြန့်ဝေမှုများပြုလုပ်လျက်ရှိသည်။

အနုပညာရှင်များကို အကယ်ဒမီမတတ်ရောက်ရန် ဒေသအသီးသီးမှ တော်လှန်ရေးအဖွဲ့များက သပိတ်များဖော်ဆောင်၍ တိုက်တွန်းမှုများပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။