Connect with us

Hi, what are you looking for?

News

ဖြူဖြူ​ထွေးနှင့် ​ကြော်ငြာရိုက်ကူးမည့်ကုမ္ပဏီများကို Boycott လုပ်မည်ဟု လူမှုကွန်ရက်တွင်​တောင်းဆို​နေ

Samsung ၊ New V-Rohto ၊ Rainbow ဆပ်ပြာ၊ T Home Electronics စသည့် ကုမ္ပဏီများက ဖြူဖြူထွေး နှင့် လက်တွဲလုပ်ဆောင်မှုမရှိကြောင်း ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများ၌ ကြေညာထားသည်။

ဖေ့စ်ဘွတ်ခ်ဆယ်လီ ဖြူဖြူထွေးနှင့်ကြော်ငြာဆက်လက်ရိုက်ကူးသည့် ကုမ္ပဏီများကို Boycott လုပ်မည်ဖြစ်ကြောင်း ပြည်သူများက လူမှုကွန်ရက်၌ တောင်းဆိုမှုများပြုလုပ်နေသည်။

“ဖြူဖြူထွေးနဲ့လက်တွဲထားတဲ့မည်သည့်ကုန်ပစ္စည်း ဝန်ဆောင်မှုမဆိုBoycottလုပ်မှရမှာပါ။ဖြူဖြူထွေးကို BA ခန့်ထားရင် ဖြုတ်ပေးပါမခန့်ထားရင် ဖြူဖြူထွေးနဲ့ လုပ်ကိုင်ခဲ့ပြီးသား marketing campaign (Photo, post, video, Commercial, catalog, vinyl) မှန်သမျှ ဖျက်ပေးပါ ။ ” ဟု ဖေ့စ်ဘွတ်ခ်အသုံးပြုသူများက ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်များ၌ ပို့စ်များတင်ထားသည်။

ထို့အတူ ဖြူဖြူထွေး နှင်လက်တွဲလုပ်ကိုင်ဖူးသည့် ကုမ္ပဏီများ၏ ဖေ့စ်ဘွတ်ခ်ပို့စ်များအောက်တွင် အထက် ပါစာသာများကို မှတ်ချက်ရေးသား၍ တောင်းဆိုခဲ့သည်။

ယင်းကဲ့သို့တောင်းဆိုမှုများကြောင့် Samsung ၊ New V-Rohto ၊ Rainbow ဆပ်ပြာ၊ T Home Electronics စသည့် ကုမ္ပဏီများက ဖြူဖြူထွေး နှင့် လက်တွဲလုပ်ဆောင်မှုမရှိကြောင်း ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများ၌ ကြေညာထားသည်။

Public Service Announcement

Public Service Announcement

“Samsung Myanmar အ​နေနှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဖြူဖြူ​​ထွေးနှင့် ကမ်ပိန်းတစ်ခုတည်းသာ လက်တွဲလုပ်ကိုင်ခဲ့ပြီး အဆိုပါ ကမ်ပိန်းဗီဒီယိုကို သူမ၏ page တွင်သာ အသုံးပြုခဲ့ပါသည်။ ယခုအချိန်တွင် သူမနှင့် လက်တွဲလုပ်ကိုင်​ဆောင်ရွက်​နေခြင်း လုံးဝမရှိ​ကြောင်း အသိ​ပေးအပ်ပါသည်။” ဟု ဆမ်ဆောင်းက သတင်းထုတ်ပြန်သည်။

ဖြူဖြူထွေးသည် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် နှုတ်ဆိတ်နေသည်ဟုဖေ့စ်ဘွတ်ခ်အသုံးပြုသူများက ဝေဖန်ခဲ့သလို ဇွန်လ၂၁ ရက်က မီးဘေးသင့် ကင်းမကျေးရွာသို့သွားရောက်လှူဒါန်းသည့် ဗီဒီယိုဖိုင်ကို ​ဖေ့စ်ဘွတ်ခ်၌ တင်ခဲ့သောကြောင့် ဝေဖန်မှုများပိုမိုမြင့်တတ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။