Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖြူဖြူ​ထွေးနှင့် ​ကြော်ငြာရိုက်ကူးမည့်ကုမ္ပဏီများကို Boycott လုပ်မည်ဟု လူမှုကွန်ရက်တွင်​တောင်းဆို​နေ

Samsung ၊ New V-Rohto ၊ Rainbow ဆပ်ပြာ၊ T Home Electronics စသည့် ကုမ္ပဏီများက ဖြူဖြူထွေး နှင့် လက်တွဲလုပ်ဆောင်မှုမရှိကြောင်း ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများ၌ ကြေညာထားသည်။

ဖေ့စ်ဘွတ်ခ်ဆယ်လီ ဖြူဖြူထွေးနှင့်ကြော်ငြာဆက်လက်ရိုက်ကူးသည့် ကုမ္ပဏီများကို Boycott လုပ်မည်ဖြစ်ကြောင်း ပြည်သူများက လူမှုကွန်ရက်၌ တောင်းဆိုမှုများပြုလုပ်နေသည်။

“ ဖြူဖြူထွေးနဲ့လက်တွဲထားတဲ့မည်သည့်ကုန်ပစ္စည်း ဝန်ဆောင်မှုမဆိုBoycottလုပ်မှရမှာပါ။ဖြူဖြူထွေးကို BA ခန့်ထားရင် ဖြုတ်ပေးပါမခန့်ထားရင် ဖြူဖြူထွေးနဲ့ လုပ်ကိုင်ခဲ့ပြီးသား marketing campaign (Photo, post, video, Commercial, catalog, vinyl) မှန်သမျှ ဖျက်ပေးပါ ။ ” ဟု ဖေ့စ်ဘွတ်ခ်အသုံးပြုသူများက ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်များ၌ ပို့စ်များတင်ထားသည်။

ထို့အတူ ဖြူဖြူထွေး နှင်လက်တွဲလုပ်ကိုင်ဖူးသည့် ကုမ္ပဏီများ၏ ဖေ့စ်ဘွတ်ခ်ပို့စ်များအောက်တွင် အထက် ပါစာသာများကို မှတ်ချက်ရေးသား၍ တောင်းဆိုခဲ့သည်။

ယင်းကဲ့သို့တောင်းဆိုမှုများကြောင့် Samsung ၊ New V-Rohto ၊ Rainbow ဆပ်ပြာ၊ T Home Electronics စသည့် ကုမ္ပဏီများက ဖြူဖြူထွေး နှင့် လက်တွဲလုပ်ဆောင်မှုမရှိကြောင်း ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများ၌ ကြေညာထားသည်။

“ Samsung Myanmar အ​နေနှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဖြူဖြူ​​ထွေးနှင့် ကမ်ပိန်းတစ်ခုတည်းသာ လက်တွဲလုပ်ကိုင်ခဲ့ပြီး အဆိုပါ ကမ်ပိန်းဗီဒီယိုကို သူမ၏ page တွင်သာ အသုံးပြုခဲ့ပါသည်။ ယခုအချိန်တွင် သူမနှင့် လက်တွဲလုပ်ကိုင်​ဆောင်ရွက်​နေခြင်း လုံးဝမရှိ​ကြောင်း အသိ​ပေးအပ်ပါသည်။” ဟု ဆမ်ဆောင်းက သတင်းထုတ်ပြန်သည်။

ဖြူဖြူထွေးသည် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် နှုတ်ဆိတ်နေသည်ဟုဖေ့စ်ဘွတ်ခ်အသုံးပြုသူများက ဝေဖန်ခဲ့သလို ဇွန်လ၂၁ ရက်က မီးဘေးသင့် ကင်းမကျေးရွာသို့သွားရောက်လှူဒါန်းသည့် ဗီဒီယိုဖိုင်ကို ​ဖေ့စ်ဘွတ်ခ်၌ တင်ခဲ့သောကြောင့် ဝေဖန်မှုများပိုမိုမြင့်တတ်ခဲ့ခြင်းဖြစ်သည်။