Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟင်္သာတမြို့တွင်စရဖတပ်ကြပ်တစ်ဦး ပစ်သတ်ခံရ

အောင်ထက်နှင့်အဖော်အမျိုးသားတစ်ဦးသည် ဆိုင်ကယ်မောင်းနှင်လာစဉ် ဟင်္သာတမြို့၊ ပန်းပဲတန်းလမ်းမကြီးပေါ်တွင် မေလ ၅ရက်ည (၈) နာရီခန့်ကသေနတ်ဖြင့်ပစ်သတ်ခံရခြင်းဟု မြို့ခံများက‌ ပြောသည်။

ဟင်္သာတမြို့
ဟင်္သာတမြို့

ဧရာဝတီတိုင်းဟင်္သာတမြို့တွင်စစ်ဖက်ဆိုင်ရာလုံခြံရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ​ဒေသခံများက​ပြောသည်။

ဟင်္သာတမြို့၊စစ်ဖက်ဆိုင်ရာလုံခြံရေးတပ်ဖွဲ့မှတပ်ကြပ်ကြီးအဆင့်ရှိ အောင်ထိုက်ဆိုသူကိုဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သောမဟူရာတွေ့မရှောင်အဖွဲ့က ယမန်နေ့(မေလ၅ရက်)ည တွင် သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

အောင်ထက်နှင့်အဖော်အမျိုးသားတစ်ဦးသည် ဆိုင်ကယ်မောင်းနှင်လာစဉ် ဟင်္သာတမြို့၊ ပန်းပဲတန်းလမ်းမကြီးပေါ်တွင် မေလ ၅ရက်ည (၈) နာရီခန့်ကသေနတ်ဖြင့်ပစ်သတ်ခံရခြင်းဟု မြို့ခံများက‌ ပြောသည်။

“သေနတ်ဒဏ်ရာ ၆ ချက်နဲ့သေသွားတာ။ ပစ်တဲ့လူငယ်တွေ အားလုံးအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြန်ကြားရတယ်”ဟု သင်္သာတမြို့ခံတစ်ဦးက‌ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

‌အောင်ထက်သည်ဟင်္သာတမြို့၊နတ်မော်တိုက်နယ်၊နတ်ချောင်းကျေးရွာတွင်နေထိုင်ပြီး တော်လှန်ရေးအင်အားစုများ၏ သတင်းကို စုံစမ်းထောက်လှမ်းနေသူဟု မြို့ခံများကပြောသည်။ ၎င်းသည် ဟင်္သာတမြို့စစ်ဖက်ဆိုင်ရာလုံခြံရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီးဖြစ်ပြီး ဒေသတွင်း စစ်ကောင်စီ၏ အဓိကထောက်‌တိုင်များထဲမှ တစ်ဦးဖြစ်ကြောင်း ဧရာဝတီတိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

​အောင်ထက်သည် ဟင်္သာတမြို့ပေါ်တွင် ပထမဆုံးရှင်းလင်းခံရသော စစ်ကောင်စီလက်‌အောက်ခံတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ၎င်းရှင်းလင်းခံရသည့် ဖြစ်စဉ်ကြောင့် ဟင်္သာတမြို့မှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ စိုးရိမ်ထိတ်လန့်နေသည်ဟု သိရသည်။

” ယူနီဖောင်းတကားကားနဲ့ သွားနေတဲ့ကောင်တွေလည်း မကြာတော့ဘူး။ဂေါက်ကွင်း(ဂေါက်ကလပ်)သွားနေတဲ့ကောင်တွေရော။ဒါကပါးပါးပဲရှိသေးတယ်။စစ်အုပ်စုနဲ့စစ်တပ်ကို ထောက်ခံသူတွေရဲ့သတင်းဆိုးတွေထပ်လာမယ်။မကြာတော့ဘူး”ဟုဧရာဝတီတိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့နှင့် နီးစပ်သူကပြောသည်။

ဟင်္သာတမြို့တွင် ပြီးခဲ့သည့်လအနည်းငယ်ကလည်းမြို့ခံလူထုထံ ငွေကြေးတောင်းခံနေသည့်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရသည်။ဟင်္သာတမြို့ပေါ်ရပ်ကွက်ဖြစ်သော လယ်တော်ရပ်ကွက်တွင်လည်း ဧပြီလ ၂၇ရက် နံနက်က ဗုံးပေါက်ကွဲခဲ့သည်။

ဟင်္သာတခရိုင်အတွင်းပါဝင်သော မြန်အောင်မြို့နယ်တွင်လည်းဧပြီလ ၂၀ရက်ပတ်ဝန်းကျင်တွင်ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့သည်။တိုက်ပွဲအတွင်းစစ်ကောင်စီစစ်ကြောင်းမှူးတစ်ဦးလက်ဖြတ်လိုက်ရပြီးနောက် အနီးဝန်းကျင်းကျေးရွာများကို စစ်ကောင်စီက မွှေနှောက်နေသည်ဟု ဒေသခံများပြောသည်။

ဧပြီလ( ၂၇ )ရက်ကလည်း မြန်အောင်မြို့ ၊တာနှစ်ရာကျေးရွာရှိ သုသာန်အနီးလယ်ကွင်းထဲတွင် မြေမြုပ်ဝှက်ထားသော သေနတ်ခြောက်လက်တွေ့သည်ဟုဆိုကာ လယ်ပိုင်ရှင်အပါအဝင် ဒေသခံအချို့ကိုစစ်ကောက်စီတပ်ကဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

ဘုရားသုံးဆူမြို့ရှိ အလှပြင်ဆိုင်တစ်ခုအတွင်း ရောက်ရှိနေသော စစ်ကောင်စီလက်အောက်ခံ ခလရ(၉၇)တပ် ဒုတပ်ရင်းမှူး အေးချမ်းအား နဂါးနီးစစ်ကြောင်းကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

သတင်း

ပျူစောထီးခေါင်းဆောင်ဝင်းနိုင်ဆိုသူ၏ ဆရာနှင့်တပည့်များ၊ ပျူစောထီးစာရင်းများကိုလည်းရရှိထားပြီးဖြစ်ရာ အချိန်မီပြည်သူ့လူထုနှင့် ပူးပေါင်းကြရန် တော်လှန်တပ်ဖွဲ့များက တိုက်တွန်းထားကာ ဆက်လက်လုပ်ဆောင်နေပါက ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား ပစ်ခတ်အရေးယူလျှက်ရှိရာ အောက်တိုဘာ ၂၉ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအုပ်စုမှ ပျူစောထီးအဖွဲ့ဝင် ကျော်သူနှင့် အတူးဆိုသူနှစ်ဦးကို ဘော်ဘင်ဆည်အနီး၌ ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။