Connect with us

Hi, what are you looking for?

သတင်း

မန္တလေး NLD ပါတီတိုင်းရုံး ညအချိန် ထပ်မံဖျက်ဆီးခံရ

အဆောက်အဦးရဲ့ မှန်တံခါးတွေ ရိုက်ခွဲဖျက်ဆီးခံရသလို ရုံးအတွင်းပိုင်းလည်း ဝင်ရောက်မွှေနှောက်ခံထားရတယ်လို့သိရပါတယ်။

မန္တလေး NLD ပါတီတိုင်းရုံး ညအချိန် ထပ်မံဖျက်ဆီးခံရ
မန္တလေး NLD ပါတီတိုင်းရုံး ညအချိန် ထပ်မံဖျက်ဆီးခံရ

မန္တလေးတိုင်းရဲ့ NLD ပါတီတိုင်းရုံးကို ပြီးခဲ့တဲ့ စနေနေ့ ညပိုင်းက လူအုပ်စု လိုက် လာရောက်ဖျက်ဆီးသွားတယ်လို့ အဲဒီရုံး အနီးဝန်းကျင်မှာ နေထိုင်သူအချို့ထံကသိရပါတယ်။

ချမ်းအေးသာစံမြို့နယ် ၊ ၆၂ လမ်း ပေါ်မှာရှိတဲ့ NLD ပါတီတိုင်းရုံးဆီ ညအချိန် ကရိန်းကားပါ ခေါ်လာတဲ့ လူအုပ်စုဟာ ဝင်ရောက်ဖျက်ဆီးတာလို့ဆိုကြပါတယ်။

ရုံးမှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ် ကို ကရိန်းနဲ့ဆွဲခွာချသလို မျက်နှာစာက သံဘာဂျာတံခါးကို ကရိန်း ဆွဲဖျက်သွားခဲ့တယ်လို့ ဒေသခံအချို့ဆီကတဆင့်စုံစမ်းသိရပါတယ်။

Public Service Announcement
Public Service Announcement

အခုလို ဖျက်ဆီးခံရတဲ့ NLD မန္တလေးတိုင်းပါတီရုံးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏ ဖျက်ဆီးခံရတဲ့အဆောက်အဦးလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဆောက်အဦးရဲ့ မှန်တံခါးတွေ ရိုက်ခွဲဖျက်ဆီးခံရသလို ရုံးအတွင်းပိုင်းလည်း ဝင်ရောက်မွှေနှောက်ခံထားရတယ်လို့သိရပါတယ်။

စနေနေ့ ညပိုင်းက လာရောက်ဖျက်ဆီးမှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါးပါဝင်တယ်လို့ မနတလေး မြေပြင်သတင်းတွေကို ကင်းထောက် ဖော်ပြတဲ့ သပြေညိုသတင်းလွှာ ဖေ့ဘွတ်ခ်မှာ အသိပေးထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။