Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်း၊ မ​ကွေး၊ ချင်းမှ စစ်​ရှောင်ပြည်သူများ မုန်တိုင်း​အန္တရာယ်ထက် စစ်တပ်​အန္တရာယ်ကိုပိုစိုးရိမ်​နေရ

ကန့်ဘလူမြို့နယ် ပဇီကြီးရွာသည် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ၁၆၈ ဦး သေဆုံးမခဲ့သည့် ဒေသဖြစ်သကဲ့သို့ စစ်ကောင်စီတပ်၏ နေအိမ်မီးရှို့ဖျက်ဆီးမှုများကြောင့်လည်း နေအိမ်​ပေါင်း​သောင်းချီ ဖျက်ဆီးခံထား​ရ​သော​ဒေသဖြစ်သည်။

(စစ်ကိုင်း၊ချင်း၊မ​ကွေးမှ စစ်​​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-CJ)
(စစ်ကိုင်း၊ချင်း၊မ​ကွေးမှ စစ်​​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-CJ)

မိုခါဆိုင်ကလုန်းမုန်တိုင်းသက်​ရောက်မှုသည် စစ်​ဘေး​ရှောင်အများစုရှိ​နေ​သော စစ်ကိုင်း၊ မကွေးနှင့်ချင်း ပြည်နယ်များလည်းကြုံရမည်ဖြစ်​သော်လည်းပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ်ထက် စစ်ကောင်စီတပ်၏ အန္တရာယ်ကို ပိုမိုစိုးရိမ်ထိနေကြောင်း စစ်ကိုင်းတိုင်းမှ ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

ထီးချိုင့်၊ ယင်းမာပင်၊ ကန့်ဘလူ၊ ဆော၊ ပုလဲ၊ ရွှေဘို စသည့်ဒေသများမှ ဒေသခံများ၊ ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူများ၊ အုပ်ချုပ်​ရေးတာဝန်ရှိသူများသို့ ဆက်သွယ်​မေးမြန်းရာ မုန်တိုင်းအတွက် ပြင်ဆင်ခြင်းထက် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှု၊ စစ်ကြောင်းထိုးမှုအတွက် စိုးရိမ်ထိတ်လန့်နေကြသဖြင့်ပြင်ဆင်​နေရကြောင်း ပြောသည်။

ကန့်ဘလူမြို့နယ်မှ ​ဒေသခံတစ်ဦးက ၎င်းတို့ ဒေသတွင် မုန်တိုင်းနှင့်ပတ်သက်ပြီး ထူးထူးခြားခြား ပြင်ဆင်မှုမရှိဟု ပြောသည်။ ကျေးရွာများ မီးရှို့ခံထားရ၍ နေအိမ်ပျက်စီးမှုများ၊ တောတောင်များသို့ တိမ်းရှောင်နေထိုင်ရမှုများ ရှိသော်လည်း မုန်တိုင်းရန်ထက် စစ်ကောင်စီတပ် ရန်ကို ပို၍ ဒေသခံများက ကြောက်နေကြရသည်ဟု ၄င်းက​ပြောသည်။

(စစ်ကိုင်း၊ချင်း၊မ​ကွေးမှ စစ်​​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-CJ)
(စစ်ကိုင်း၊ချင်း၊မ​ကွေးမှ စစ်​​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-CJ)

“ဒီဘက်မှာက မနေ့က လေပြင်းတွေတိုက်တာမျိုးတော့ရှိတယ်။ စစ်ရေးကလည်း အခု ငြိမ်နေတာပေါ့။ ဒါပေမဲ့ မိုးတွင်းကာလမှာ သူတို့အနေနဲ့ ထွက်ဖို့ လမ်းပိုများတယ်။ ကျနော်တို့အတွက်တော့ သတိက ပိုထားရတာပေါ့။ အဓိကတော့ မုန်တိုင်း ဒဏ်ထက် စကစရဲ့ အန္တရာယ်ကို ပိုပြီးတော့ ကြောက်တာပေါ့” ဟု ကန့်ဘလူဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ကန့်ဘလူမြို့နယ် ပဇီကြီးရွာသည် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ၁၆၈ ဦး သေဆုံးမခဲ့သည့် ဒေသဖြစ်သကဲ့သို့ စစ်ကောင်စီတပ်၏ နေအိမ်မီးရှို့ဖျက်ဆီးမှုများကြောင့်လည်း နေအိမ်​ပေါင်း​သောင်းချီ ဖျက်ဆီးခံထား​ရ​သော​ဒေသဖြစ်သည်။

Public Service Announcement
Public Service Announcement

“တချို့ရွာတွေဆိုရင် ရွာလုံးကျွတ် ပြည်သူလူထုတွေက မရှိတော့ဘူး။ တောထဲမှာပဲ နေကြတာ။ တောထဲမှာ နေတော့ တဲတွေဆိုတော့ မိုးပက်တာမျိုး လေပြင်းတွေလာရင် တချို့တဲတွေဆိုပြိုလဲတာမျိုးရှိနိုင်တာပေါ့”ဟု ကန့်ဘလူဒေသခံက ပြောသည်။

မုန်တိုင်းအဖျားခတ်မည့်ဒေသဖြစ်သော ထီးချိုင့်မြို့နယ်တွင် လည်းမုန်တိုင်းအန္တရာယ်နှင့်ပတ်သက်ပြီး သီးခြား ပြင်ဆင်မှုမရှိသော်လည်း နီးစပ်ရာ ကျေးရွာများကို သတိပေးမှုများ ပြုလုပ်ထားသည်ဟု ထီးချိုင့် မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

(စစ်ကိုင်း၊ချင်း၊မ​ကွေးမှ စစ်​​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-CJ)
(စစ်ကိုင်း၊ချင်း၊မ​ကွေးမှ စစ်​​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-CJ)

“ ၁၅ ရက်နေ့မနက်ကို စစ်ကိုင်းရောက်မယ်ပြောတာကိုး ။ ၁၄ရက်နေ့ကတည်းက ပြင်ဆင်ထားဖို့ အချိန်တိုင်း သတိရှိကြဖို့ပေါ့။ စစ်ခွေး(စစ်ကောင်စီတပ်)ကလည်း စစ်​​​ေးအလျောက်ရှိသလို သဘာ၀ဘေးဒဏ်ကလည်းရှိသေးတာကိုး။ ပြီးခဲ့တဲ့ သုံးလေးရက်လောက်က မြောက်ပြင်ဘက်မှာ အမိုးတွေလန်သွားတာရှိတယ်။ မထင်မှတ်ဘဲနဲ့ ဝင်သွားတာ တချို့တွေဆိုရင် အမိုးပါကွာသွားတာ။” ဟု ၎င်းက ပြောသည်။

ယင်းမာပင်မြို့နယ် ဒေသခံတစ်ဦးက “ မုန်တိုင်းအန္တရယ်က ထူးပြီးတော့ ကျွန်မတို့ဘက်က မစိုးရိမ်ဘူးရယ်။ နဂိုရ်ကတည်းကလည်း ဒီမုန်တိုင်းသင့်တဲ့ ဒေသမဟုတ်ခဲ့တော့ ဘာမှ ထွေထွေထူးထူး ပြင်မထားဘူး”ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များ မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှု ရှိနေကြောင်း ၎င်းကဆက်​ပြောသည်။ သို့ရာတွင် ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်စစ်ကြောင်း အန္တရာယ် ၊ လေကြောင်း တိုက်ခိုက်မှု အန္တရာယ်တို့အတွက်လည်း သီးခြား ပြင်ဆင်မှုမရှိကြောင်း ဒေသခံက ပြောသည်။

“ ကျမတို့မြို့နယ် ရင်ပေါင်တိုင်တုန်းက သူတို့ လေယာဉ်ကနေ ညတွေချတယ်။ မြေပြင်ကနေ စစ်ကြောင်းက ဝင်လာတဲ့အနေအထားဆိုတော့ ဒါက လက်တွေ့ခံထားရတာဆိုတော့ လေယာဉ်ပေါ်က ခွေးမချဘူး ချတယ် (ရဟတ်ယာဉ်ပေါ်မှ စစ်ကောင်စီတပ်အင်အား ချမချ )မသိတော့ကျတော့ အကုန်လုံး တပြုံကြီး မိမှာကြောက်တော့ ဗုံးခိုကျင်းကို မတူးချင်ကြဘူး။ ဒီအတိုင်းပဲ အဆင်ပြေသလိုပဲ လာရင်ပြေးမယ် အဲဒီသဘောပဲရှိတယ်။” ဟု ယင်းမာပင်ဒေသခံက ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်လာသည်ဖြစ်စေ သ

ဘာ၀ဘေးလာသည်ဖြစ်စေ ကြုံသလို ရင်ဆိုင်ကြရမည်ဟု၎င်းကဆက်​ပြောသည်။

“လာရင်ပြေးဖို့ရာ အထုပ်တွေပြင်ထားတယ်။ စားစရာ သောက်စရာလေးတွေ ထိုက်သင့်သလောက်ပါအောင်လှည်း

ရှိတဲ့သူက လှည်းပေါ်တင်ထားတယ်။ ကားရှိတဲ့သူကျလည်း

နီးစပ်ရာ အကုန်လုံး စုပေါင်းပြီး ကားပေါ်တင်ကြတယ်။ ဆိုင်ကယ်ရှိတဲ့သူကျလည်း တပိုင်တနိုင် ဆိုင်ကယ်လေးတွေပေါ် တင်ပြီး ပြေးမယ်ဆိုပြီး အထုပ်လေးတွေပြင်ထားတာပဲရှိတယ်” ဟု ယင်းမာပင်နယ်ခံက ပြောသည်။

ယင်းမာပင်ခရိုင် တပ်ရင်း၃၅ ‌ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း ” ကနီနဲ့ ယင်းမာပင်အစပ်မှာ မိုးက ညကတည်းက ဖွဲဖွဲရွာနေတာပါ။ စစ်ရှောင်တွေက ရွာပြင်တဲတိုက်( တောက်ယာတဲများ)တွေမှာ နေကြရတယ်။ တချို့ကလည်း သစ်ပင်တွေအောက် တဲထိုးနေကြရတယ်။ အမျိုးတွေအိမ်မှာလည်း ဝင်ခိုနေကြတယ်။ ဒီကြားထဲ စစ်ကြောင်းက ဝင်နေပါတယ်။ စစ်ရှောင်က ကနီနဲ့ ယင်းမာပင်အစပ်မှာ ၃၀၀၀ လောက်ရှိနေပါတယ်” ဟု ပြောသည်။

စစ်ကိုင်းတိုင်းအခြေစိုက် S&Cမီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့၏ တာဝန်ရှိသူက”ကျွန်တော်တို့ဘက်ကတော့ မုန်တိုင်းအခြေအနေ ဆိုးဆိုးရွားရွားတော့မရှိပါဘူး။ မိုးရွာရုံလောက်ပဲ။ မိုးကတော့ရွာတယ်။ ဆက်တိုက်ပဲ။ စစ်ရှောင်တွေ အရေးပေါ်သုံးဖို့အတွက် မိုးကာတွေကတော့ ပြင်ဆင်ပေးထားပြီးပြီ။ မုန်တိုင်းကမိုးရွာရုံပဲရှိသေးတော့ ဘာမှတော့မဖြစ်သေးဘူး။ အခုလက်ရှိ NUGဘက်ကတော့ ကျွန်တော်တို့ဘက်မှာ ပြင်ဆင်မှုကတော့မရှိသေးဘူး။ နောက်ပြီး စစ်တပ်ဆိုတာကလည်း စစ်ကြောင်းထိုးရုံကလွဲပြီးမလာဘူး။ စစ်ကြောင်းထိုးမယ် ရွာမီးရှို့မယ်ဆိုမှပဲဒီကောင်တွေလာတာ။ ဒီကောင်တွေက ဒီဘက်နယ်ကို ရန်သူလိုပဲသဘောထားမျိုး ရှိတဲ့အတွက် ကျွန်တော်တို့ဘက်ကို လာခဲ့ရင်တောင်မှ ပြည်သူကိုဒုက္ခပေးဖို့နဲ့ ဖျက်ဆီးဖို့မီးရှို့ဖို့လောက်ပဲရှိမယ်။ ဟန်ရေးပြကူညီဖို့အနေအထားကတော့ရှိလည်းမရှိ လာလည်းမလာဘူး။”ဟု ပြောသည်။

ပုလဲနယ်အခြေစိုက် Eagle Brigade အဖွဲ့ တာဝန်ခံက လက်ရှိ ၎င်းတို့ဒေသ၌ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းနေကြောင်း ပြောသည်။

“လတ်တလော မိုးတွေရွာနေတယ်။ ကန်ကြီးတော ရွာကို ခွေးတွေ ၁၀၀ လောက် ဝင်စီးနေတယ်။ စစ်ဘေးရှောင်နဲ့ ဒေသခံ တွေကို အချင်းချင်း သတိပေးနှိုးဆော်ပြီး အထိ

အခိုက် အပျက်အစီး နည်းနိုင်သမျှနည်းအောင် ကြိုးစားနေတယ်။ ဖက်ဆစ် စစ်တပ်က ကူညီဖို့ နေနေသာသာ ပေါ်တင် ဝင်စီး လူသတ်မီးရှို့ဖို့လုပ်နေတာ။”ဟု ၎င်းက ပြောသည်။

မုံရွာခရိုင်အခြေစိုက် Area 71 PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံကလည်း မိုးရွာနေ၍ စစ်ကောင်စီတပ်များ ရွာများကို မီးရှို့ရန် ခက်ခဲသွားစေသည်ဟု ပြောသည်။

ရွှေဘိုနယ်အခြေစိုက် ဗိုလ်ကျားရိုင်းရွှေဘို LPDFအဖွဲ့ တာဝန်ရှိသူက “ခုတော့ မိုးတော့ရွာနေတယ်။ အိမ်မရှိတဲ့သူတွေက အိမ်ရှိတဲ့သူတွေနဲ့‌ ပေါင်းနေပါတယ်။တောမှာမနေကြတော့ဘဲ မြို့မှာနေကြတဲ့သူတွေရဲ့အိမ်မှာလည်း နေကြပါတယ်။ ကျွန်တော်တို့ဘက်မှာက ကမ်းရိုးတမ်းမဟုတ်တော့ အရင်ကတော့ မုန်တိုင်းဝင်ရင် မုန်းတိုင်းဒဏ်ကို သိပ်မခံကြရဘူးဗျ။မီးထဲပါသွားတဲ့သူတွေအိမ်တွေကိုလည်း အကူညီပေးရေးအဖွဲ့တွေက ထန်းရွက် နေဖြစ်အိမ်လေးတွေပေါ့ ‌လာလှူဆောက်ပေးကြတယ်။”ဟု ပြောသည်။

ပုလဲနယ်အခြေစိုက် Pale Entertainment စာမျက်နှာ၏ တာဝန်ရှိသူ ကိုနေသူရိန်က ၎င်းတို့ ဒေသ၌ မုန်တိုင်းအ

တွက် ကြိုပြင်ထားခြင်းမရှိဟု ပြောသည်။

“ကိုယ့်အစီအစဉ်နဲ့ကိုယ် စားနပ်ရိက္ခာနဲ့ဆေးဝါး ကြိုပြင်

ဆင်ကြတာပဲရှိတယ်။ ခါတိုင်းနှစ်တွေမှာလည်း မုန်တိုင်းက ကုန်းတွင်းပိုင်းရောက်လာရင် အားပျော့သွားတော့ ပြည်သူကလည်းမကြောက်တာပါတာပေါ့။ ဆေးဝါးလောက်ပဲဆောင်ထားတာပဲ။ ပြင်ပြင်ဆင်ဆင်မရှိဘူး။ စကစဘက်ကလည်း ရွာတွေဘက်ကို အယောင်ပြလာလှူလောက်အောင်အထိ မထွက်ရဲဘူး။ စစ်ကြောင်းမရှိဘဲ ရွေ့တာနည်းတယ်။ မြို့နယ်ပြည်သူ့အုပ်ချုပ်ရအဖွဲ့တွေကတော့ မုန်တိုင်းဒီလိုလာဖို့ရှိတယ် ပြင်ဆင်ထားဖို့ ရပ်ကျေးအဆင့်ဆင့်ကိုညွှန်ကြားတာတော့ရှိတယ်။”ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ် မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)ကလည်း ယမန်နေ့တွင် မုန်တိုင်း သတိပေးချက် ထုတ်ပြန်ရာ အကြမ်းဖက်စစ်ကောင်စီက မင်းတပ်မြို့နယ်ကို ဆက်သွယ်ရေးလိုင်း ဖြတ်ထား၍ မိုခါဆိုင်ကလုန်းမုန်တိုင်း သတင်းကို ပြည်သူများက နီးစပ်ရာရွာများ အုပ်စုအလိုက် ရနိုင်သည့်နည်းဖြင့် အမြန်ဆုံးသတိပေး ဆော်ဩရန် ဖော်ပြသည်။

ယခုရသတ္တပတ်အတွင်း မင်းတပ်နယ်နှင့် အနီး ဝန်းကျင်ရှိ ပြည်သူများ အနေဖြင့် လေပြင်းမုန်တိုင်း သတင်းနားစွန့ပြီး အကာအကွယ်ပေးနိုင်သည့် နေရာများ၌ နေရန်လည်း သတိပေးထားသည်။

မုန်တိုင်းကျရောက်မည့် ကာလအတွင်း၌ပင် စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်နှင့် ဆက်စပ်ဒေသရှိ မကွေးတိုင်း ဆောမြို့နယ်တို့တွင် တိုက်လေယာဉ် ပျံသန်းမှုရှိနေကြောင်း မင်းတပ်ဒေသခံနှင့် ဆောဒေသခံတို့က ယမန်နေ့ညပိုင်းက ပြောသည်။ လေကြောင်းရန်ကြောင့် ပုန်းခိုနေရကြောင်း ဆောဒေသခံက ယမန်နေ့ညတွင် ပြောသည်။

ယနေ့မနက်တွင် အဆိုပါဒေသ ဖုန်းများကို ဆက်သွယ်၍မရသောကြောင့် လေကြောင်း တိုက်ခိုက်မှုရှိမရှိကိုမူ စုံစမ်းနေဆဲဖြစ်သည်။

မင်းတပ်တွင် MPT ဖုန်းလိုင်း ပြန်ရသည်ဟု ဒေသခံ အချို့က လူမှုကွန်ရက်၌ ရေးသားမှု ရှိသော်လည်း သီးခြားအတည်မပြုနိုင်ပေ။

စစ်ကောင်စီတပ်သည် အာဏာသိမ်း ကာလအတွင်း စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီအပါအဝင် ဒေသအသီးသီးရှိ ပြည်သူလူထု များ၏ နေအိမ် ၆သောင်းကျော် မီးရှို့ဖျက်ဆီးခဲ့ရာ ဖျက်ဆီးခံရသည့် နေအိမ်အများစုသည် ယခု မုန်တိုင်းလမ်းကြောင်းရှိရာဒေသရှိ စစ်ကိုင်းတိုင်းနှင့် မကွေးမှ နေအိမ်များဖြစ်သည်။

“ ဒီဘက်မှာက လောလောဆယ် မိုးကတော့ အဆက်မပြတ်ရွာသွန်းမှုရှိနေတယ်။ ပြီးတော့ ပြင်ဆင်မှုက ဘာမှ မလုပ်ကြပါဘူးခင်ဗျ။ မရှိဘူးဗျ”ဟု မင်းတပ် ဒေသခံက ပြောသည်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကစစ်ကောင်စီ​ရော NUgbပါ မည်သည့်အဖွဲ့ကမှမုန်တိုင်းအတွကိ ပြင်ဆင်သည့် လှုပ်ရှားမှုမျိုးမတွေ့ရကြောင်း ၎င်းက ဆိုသည်။

“ ချင်းပြည်နယ်ကို မုန်တိုင်းဝင်ရောက်မှု ထိခိုက်မှုလည်း မကြုံခဲ့ဖူးဘူး မင်းတပ်အနေနဲ့ တခါမှ မကြုံခဲ့ဖူးဘူး။ကျနော်တို့ဘက်မှာတော့ မုန်တိုင်းအနေနဲ့ ဘာမှ ကြိုတင်ပြင်ဆင်ထားတာမရှိတဲ့အတွက် ကြိုတင်သိထားတာလည်းမရှိဘူး ။ မရှိဘူးဆိုပေမယ့် မုန်တိုင်းလာမယ် ဘာညာတော့ တဦးစ နှစ်ဦးစ ပြောကြာတာပေါ့။ ပြင်ဆင်ထားတာလည်းမရှိဘူး။ ဘာမှလည်းမဖြစ်ဘူးလို့ မျှော်လင့်တာပေါ့” ဟု မင်းတပ် ဒေသခံက ပြောသည်။

စစ်ရေးအခြေအနေမှာ CDF တပ်များအနေဖြင့် မဟာမိတ် ယောကကာကွယ်ရေးတပ် YDF ထံသွားရောက်ကာ စစ်ကူအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုရှိပြီး ကျန်သည့် ထူးခြားမှုမရှိကြောင်း ၎င်း ကဆိုသည်။

(စစ်ကိုင်း၊ချင်း၊မ​ကွေးမှ စစ်​​ဘေး​ရှောင်ပြည်သူများ။

ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

Taw Twin Tup Pee Local PDF အဖွဲ့သည် မတ်လ ၉ရက် နံနက်ပိုင်းက အုန်းတောရွာအနီး၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ရွာသစ်ကြီးရဲစခန်းမှ ရဲများအား ပစ်ခတ်တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး သေနတ်(၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

မကွေးတိုင်း၌လည်း ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်ကောင်စီစခန်းချရာ ပျူစောထီးကျေးရွာနှစ်ရွာ လက်နက်ကြီးများပစ်ခတ်ခံရပြီး စခန်းအဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။