Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့တွင် စစ်တပ် ရမ်းကားပစ်ခတ်၍ အရပ်သားနှစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

(တိုက်ပွဲများဖြစ်ပွားနေသော က​လေးမြို့​၌ ယနေ့ (ဖေ​ဖော်ဝါရီ ၂၇ ရက်)က လူသွားလူလာရှင်း​နေသည်ကို တွေ့ရစဥ် ။(ဓာတ်ပုံ - CJ)
(တိုက်ပွဲများဖြစ်ပွားနေသော က​လေးမြို့​၌ ယနေ့ (ဖေ​ဖော်ဝါရီ ၂၇ ရက်)က လူသွားလူလာရှင်း​နေသည်ကို တွေ့ရစဥ် ။(ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ် ရမ်းကားပစ်ခတ်၍ အရပ်သားနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ မြို့ခံများက ပြောသည်။

ကလေးမြို့လယ်ရှိ ဗိုလ်ချုပ်လမ်းမပေါ်တွင် ယနေ့(ဖေဖော်ဝါရီ ၂၇ရက်) နံနက် ၁၀ နာရီခွဲခန့်က စစ်ကားသုံးစီးပေါ်မှ စစ်ကောင်စီတပ်များသည် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကလေးမြို့ခံများက ပြောသည်။

“စစ်ကားမိုင်းဆွဲခံရလို့ လမ်းမှာ ရမ်းသမ်းပြီး အကုန်လိုက်ပစ်တော့တာပဲ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကလေးမြို့၊ ဘူတာလမ်းခွဲနှင့် စမ်းမြို့ဘုန်းကြီးကျောင်းတို့တွင် ပစ်ခတ်ခံရပြီး ပြည်သူနှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အခြား ပြည်သူတစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု အခြားကလေးမြို့ခံတစ်ဦးက ပြောသည်။

(တိုက်ပွဲများဖြစ်ပွားနေသော က​လေးမြို့​၌ ယနေ့ (ဖေ​ဖော်ဝါရီ ၂၇ ရက်)က လူသွားလူလာရှင်း​နေသည်ကို တွေ့ရစဥ် ။(ဓာတ်ပုံ - CJ)
(တိုက်ပွဲများဖြစ်ပွားနေသော က​လေးမြို့​၌ ယနေ့ (ဖေ​ဖော်ဝါရီ ၂၇ ရက်)က လူသွားလူလာရှင်း​နေသည်ကို တွေ့ရစဥ် ။(ဓာတ်ပုံ – CJ)

“အသက် ၅၀ ကျော် လူကြီးတစ်ယောက်က ဘုရားကျောင်းသွားတဲ့ အချိန်မှာ ပစ်သွားတာလို့သေသွားတာပါ”ဟု အခြားကလေးမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ရေးအရှိန်အဟုန်တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် ကလေးမြို့ဒေသခံများ အသက်အိုးအိမ်စည်းစိမ်ထိခိုက်နစ်နာမှုများ မဖြစ်စေရေး မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာရှောင်ရှားကြရန် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ရက်)တွင် အသိပေးချက်ထုတ်ပြန်သည်။

“လိုအပ်ချက်အရ သတိပေးထုတ်ပြန်တာဖြစ်ပါတယ်။ ပြည်သူတွေ အထိအခိုက်တွေ မဖြစ်စေဖို့ လိုက်နာကြဖို့ ထပ်မံတိုက်တွန်းပါတယ်” ဟု ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

(တိုက်ပွဲများဖြစ်ပွားနေသော က​လေးမြို့​၌ ယနေ့ (ဖေ​ဖော်ဝါရီ ၂၇ ရက်)က လူသွားလူလာရှင်း​နေသည်ကို တွေ့ရစဥ် ။(ဓာတ်ပုံ - CJ)
(တိုက်ပွဲများဖြစ်ပွားနေသော က​လေးမြို့​၌ ယနေ့ (ဖေ​ဖော်ဝါရီ ၂၇ ရက်)က လူသွားလူလာရှင်း​နေသည်ကို တွေ့ရစဥ် ။(ဓာတ်ပုံ – CJ)

“မိမိတို့တော်လှန်ရေးမဟာမိတ် အင်အားစုများသည် ယနေ့မှစ၍ ကလေးမြို့ပတ်ဝန်းကျင်နှင့် ကလေးမြို့အတွင်းသို့ စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် ကလေးမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် မလိုလားအပ်သည့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်နစ်နာမှုများ မဖြစ်စေရန် ကလေးမြို့အတွင်းမှ ထွက်ခွာ၍ အမြန်ဆုံး ရှောင်ရှားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်”ဟု ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

ကလေးမြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-ကလေး)လက်အောက်ခံ တပ်ဖွဲ့ဝင်များ ရှိသော စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၁ရက်မှစတင်တိုက်ခိုက်ပြီးနောက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။