Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အိန္ဒိယတွင်ဖမ်းဆီးခံထားရ​​သော မြန်မာစစ်​ဘေး​ရှောင်များပြန်လွတ်​မြောက်​ရေးကြိုးစား​နေဟုလွှတ်​တော်အမတ်​ပြော

မဏိပူရ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင် ၈၀ ကျော်ကို အိန္ဒိယအာဏာပိုင်များက ဇန်နဝါရီ ၂၇ နှင့် ၃၀ တွင်ဖမ်းဆီးပြီးနိုင်ငံခြားသားထိမ်းသိမ်းရေးစခန်းတခုတွင်ထိမ်းသိမ်းထားခြင်းဖြစ်သည်ဟုသိရသည်။

(၂၀၂၃ ဇန်နဝါရီ ၂၇ ရက်တွင် မဏိပူရ်ပြည်နယ်တွင်ဖမ်းဆီးခံရ​သောမြန်မာစစ်​ဘေး​ရှောင်များ။ ဓါတ်ပုံ-India Today)
(၂၀၂၃ ဇန်နဝါရီ ၂၇ ရက်တွင် မဏိပူရ်ပြည်နယ်တွင်ဖမ်းဆီးခံရ​သောမြန်မာစစ်​ဘေး​ရှောင်များ။ ဓါတ်ပုံ-India Today)

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊မိုရေးမြို့တွင်သက်ကြီးရွယ်အိုလေးဦးအပါအဝင် မြန်မာနိုင်ငံသား ၈၀ ​ကျော်ဖမ်းဆီးခံထားရသဖြင့်လူသားချင်းစာနာထောက်ထားမှုအရပြန်လွှတ်ပေးရန်တောင်းဆိုထားကြောင်းတမူးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကပြောသည်။

မဏိပူရ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင် ၈၀ ကျော်ကို အိန္ဒိယအာဏာပိုင်များက ဇန်နဝါရီ ၂၇ နှင့် ၃၀ တွင်ဖမ်းဆီးပြီးနိုင်ငံခြားသားထိမ်းသိမ်းရေးစခန်းတခုတွင်ထိမ်းသိမ်းထားခြင်းဖြစ်သည်ဟုသိရသည်။

“သူတို့တွေက တရားမဝင်လာတာမဟုတ်ပါဘူး။စစ်ကောင်စီတပ်တွေကြောင့်ထွက်ပြေးလာတာပါ။သူတို့ပြန်လွတ်မြောက်ဖို့ကို ကြိုးစားနေကြပါတယ်”ဟုစစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၇)၊ တမူးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးထန်ဆေးကပြောသည်။

ချင်းပြည်နယ်မှ ပြည်သူများသည်စစ်ကောင်စီ၏အကြမ်းဖက်မှုများကြောင့်အိန္ဒိယနယ်စပ်သို့ထွက်​ပြေးတိမ်းရှောင်ခဲ့ကြရာအိန္ဒိယအစိုးရကတရားမဝင် ဝင်ရောက်လာသည်ဟုဆိုကာ မိုးရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံထားရသူများတွင် အသက် ၁၈နှစ်မပြည့်သေးသည့် လူငယ်ကိုးဦးနှင့် အသက် ၇၀ကျော် သက်ကြီးရွယ်အို လေးဦးပါဝင်​ကြောင်း ဦးထန်​ဆေးက​ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးထံထားရသူများပြန်လည်လွတ်မြောက်ရေးနှင့်မိုရေးမြို့ပါဝင်သော အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှ မြန်မာများအား ယာယီခိုလှုံနေထိုင်ခွင့်ပြုရန်အတွက် မဏိပူရ်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ်ထံ စာရေးသားတောင်းဆိုထားကြောင်း Burma Refugee Committee Kabaw Valley က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် မိုးရေးမြို့အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော Hill Tribal Council ၊ Kuki Students’ Organization ၊ Kuki Women Union and Human right ၊ Moreh Youth Club နှင့် Kuki Khanglai Lawmpi တို့ကလည်း မြန်မာ စစ်ဘေးရှောင်များအား အကူအညီပေးရေးအတွက် ဝန်ကြီးချုပ်ထံလက်မှတ်ရေးထိုးတောင်းဆိုထားကြောင်း ဦးထန်ဆေးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာ-အန္ဒိယနယ်စပ်မှတဆင့်မဏိပူရ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၃၀၀၀ ဝန်းကျင်ခန့်ရှိနေကြောင်း သတင်းရရှိသည်။ ချင်းပြည်နယ်မှပြည်သူများအများဆုံးထွက်​ပြေးတိမ်း​ရှောင်ခဲ့ရ​သော​ဒေသမှာ မိဇူရမ်ပြည်နယ်ဖြစ်ပြီးစစ်​ဘေး​ရှောင်ပြည်သူသောင်းနှင့်ချီ၍ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။