Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယတွင်ဖမ်းဆီးခံထားရ​​သော မြန်မာစစ်​ဘေး​ရှောင်များပြန်လွတ်​မြောက်​ရေးကြိုးစား​နေဟုလွှတ်​တော်အမတ်​ပြော

မဏိပူရ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင် ၈၀ ကျော်ကို အိန္ဒိယအာဏာပိုင်များက ဇန်နဝါရီ ၂၇ နှင့် ၃၀ တွင်ဖမ်းဆီးပြီးနိုင်ငံခြားသားထိမ်းသိမ်းရေးစခန်းတခုတွင်ထိမ်းသိမ်းထားခြင်းဖြစ်သည်ဟုသိရသည်။

(၂၀၂၃ ဇန်နဝါရီ ၂၇ ရက်တွင် မဏိပူရ်ပြည်နယ်တွင်ဖမ်းဆီးခံရ​သောမြန်မာစစ်​ဘေး​ရှောင်များ။ ဓါတ်ပုံ-India Today)
(၂၀၂၃ ဇန်နဝါရီ ၂၇ ရက်တွင် မဏိပူရ်ပြည်နယ်တွင်ဖမ်းဆီးခံရ​သောမြန်မာစစ်​ဘေး​ရှောင်များ။ ဓါတ်ပုံ-India Today)

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊မိုရေးမြို့တွင်သက်ကြီးရွယ်အိုလေးဦးအပါအဝင် မြန်မာနိုင်ငံသား ၈၀ ​ကျော်ဖမ်းဆီးခံထားရသဖြင့်လူသားချင်းစာနာထောက်ထားမှုအရပြန်လွှတ်ပေးရန်တောင်းဆိုထားကြောင်းတမူးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကပြောသည်။

မဏိပူရ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင် ၈၀ ကျော်ကို အိန္ဒိယအာဏာပိုင်များက ဇန်နဝါရီ ၂၇ နှင့် ၃၀ တွင်ဖမ်းဆီးပြီးနိုင်ငံခြားသားထိမ်းသိမ်းရေးစခန်းတခုတွင်ထိမ်းသိမ်းထားခြင်းဖြစ်သည်ဟုသိရသည်။

“သူတို့တွေက တရားမဝင်လာတာမဟုတ်ပါဘူး။စစ်ကောင်စီတပ်တွေကြောင့်ထွက်ပြေးလာတာပါ။သူတို့ပြန်လွတ်မြောက်ဖို့ကို ကြိုးစားနေကြပါတယ်”ဟုစစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၇)၊ တမူးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးထန်ဆေးကပြောသည်။

ချင်းပြည်နယ်မှ ပြည်သူများသည်စစ်ကောင်စီ၏အကြမ်းဖက်မှုများကြောင့်အိန္ဒိယနယ်စပ်သို့ထွက်​ပြေးတိမ်းရှောင်ခဲ့ကြရာအိန္ဒိယအစိုးရကတရားမဝင် ဝင်ရောက်လာသည်ဟုဆိုကာ မိုးရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံထားရသူများတွင် အသက် ၁၈နှစ်မပြည့်သေးသည့် လူငယ်ကိုးဦးနှင့် အသက် ၇၀ကျော် သက်ကြီးရွယ်အို လေးဦးပါဝင်​ကြောင်း ဦးထန်​ဆေးက​ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးထံထားရသူများပြန်လည်လွတ်မြောက်ရေးနှင့်မိုရေးမြို့ပါဝင်သော အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှ မြန်မာများအား ယာယီခိုလှုံနေထိုင်ခွင့်ပြုရန်အတွက် မဏိပူရ်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ်ထံ စာရေးသားတောင်းဆိုထားကြောင်း Burma Refugee Committee Kabaw Valley က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် မိုးရေးမြို့အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော Hill Tribal Council ၊ Kuki Students’ Organization ၊ Kuki Women Union and Human right ၊ Moreh Youth Club နှင့် Kuki Khanglai Lawmpi တို့ကလည်း မြန်မာ စစ်ဘေးရှောင်များအား အကူအညီပေးရေးအတွက် ဝန်ကြီးချုပ်ထံလက်မှတ်ရေးထိုးတောင်းဆိုထားကြောင်း ဦးထန်ဆေးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာ-အန္ဒိယနယ်စပ်မှတဆင့်မဏိပူရ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၃၀၀၀ ဝန်းကျင်ခန့်ရှိနေကြောင်း သတင်းရရှိသည်။ ချင်းပြည်နယ်မှပြည်သူများအများဆုံးထွက်​ပြေးတိမ်း​ရှောင်ခဲ့ရ​သော​ဒေသမှာ မိဇူရမ်ပြည်နယ်ဖြစ်ပြီးစစ်​ဘေး​ရှောင်ပြည်သူသောင်းနှင့်ချီ၍ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။