Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် ပျူစောထီးတစ်ဦးအား PDF ဖမ်းဆီး

Taw Twin Tup Pee Local PDF အဖွဲ့သည် မတ်လ ၉ရက် နံနက်ပိုင်းက အုန်းတောရွာအနီး၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ရွာသစ်ကြီးရဲစခန်းမှ ရဲများအား ပစ်ခတ်တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး သေနတ်(၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။

(အရှင်ဖမ်းဆီးရမိသော ပျူစောထီး နန်းအောင် အား တွေ့ရစဥ်။ ဓာတ်ပုံ - File Photo)
(အရှင်ဖမ်းဆီးရမိသော ပျူစောထီး နန်းအောင် အား တွေ့ရစဥ်။ ဓာတ်ပုံ - File Photo)

စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီလက်ပါးစေ ရဲများနှင့်ပူးပေါင်းပြီး လူသတ်ဓါးပြတိုက်နေသည်ဟုဆိုသည့် ပျူစောထီးအဖွဲ့ဝင်တစ်ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း Taw Twin Tup Pee Local PDF အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၈ရက်က စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ ကံတလူတိုးဂိတ်အနီး၌ ဆင်တပ်ကျေးရွာမှ ပျူစောထီး နန်းအောင်ဆိုသူအား အရှင်ဖမ်းဆီးခဲ့ကြောင်း Taw Twin Tup Pee Local PDF အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“သူက ထွေလာဂျီလာပြင်တာကိုဖမ်းခဲ့တာ။ စကစနဲ့နီးနီးလေးပဲ။ သူတို့နားလေးတင် ကပ်ဖမ်းခဲ့တာ။ သူကလမ်းကြောပေါ်ဓါးပြတိုက်တာ၊ ရဲတွေနဲ့ပိုက်ဆံတောင်းတာရှိခဲ့တယ်။”ဟု Taw Twin Tup Pee Local PDF အဖွဲ့က ပြောသည်။

၎င်းသည် နယ်ထိန်းရဲဟောင်းလွှမ်းမိုးနိုင်အပါအဝင် ရဲများနှင့်ပူးပေါင်း၍ မုံရွာ-မန္တလေးလမ်းပိုင်း၌ ဓားပြတိုက်ခြင်း၊ ပိုက်ဆံကောက်ခြင်းများ ကျူးလွန်ခဲ့သည်ကို ဝန်ခံခဲ့သည်။ ထို့အပြင် ဆင်တပ်ကျေးရွာမှ NLD ပါတီ ဥက္ကဋ္ဌဟောင်း ဦးဝင်းမောင်ကိုလည်း နယ်ထိန်းရဲဟောင်းနှင့် ဆင်တပ်ရွာမှ ပျူစောထီးများက သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု Taw Twin Tup Pee Local PDF အဖွဲ့က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

၎င်းပျူစောထီးအား စစ်ကိုင်းခရိုင် ပကဖအဖွဲ့ထံ အပ်နှံထားပြီး တရားဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၁၁ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာသို့ ဈေးထွက်ဝယ်သည့် အမှတ်(၆၀၀၅) တင့်ကားတပ်မှ ဗိုလ်ကျော်ဇင်ထွန်း၊ တပ်ကြပ်ကြီး ဇင်မျိုးသိန်းနှင့် ဒုတပ်ကြပ် ဇော်ဖြိုးချစ် တို့ကို Taw Twin Tup Pee Local PDF အဖွဲ့က အရှင်ဖမ်းဆီးခဲ့သေးသည်။

Taw Twin Tup Pee Local PDF အဖွဲ့သည် မတ်လ ၉ရက် နံနက်ပိုင်းက အုန်းတောရွာအနီး၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ရွာသစ်ကြီးရဲစခန်းမှ ရဲများအား ပစ်ခတ်တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး သေနတ်(၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။