Connect with us

Hi, what are you looking for?

သတင်း

မိုခါမုန်တိုင်း ယ​နေ့နံနက် ၁၀နာရီခွဲတွင်မုန်တိုင်းငယ်အဖြစ်အားလျော့သွားမည်ဟု အိန္ဒိယမိုးဇလ ခန့်မှန်း

မိုခါမုန်တိုင်းသည် စစ်​တွေကမ်းရိုးတန်းကို ​ယမန်​နေ့ (​မေ ၁၄ )နံနက် ၁၁ နာရီ ခွဲမှစ၍ တစ်နာရီ ​လေတိုက်နှုန်း ၁၁၂ မိုင်မှ ၁၁၈ မိုင်အတွင်းအင်အားဖြင့် ဖြတ်သန်းတိုက်ခတ်ခဲ့သည်။ထို​နောက်ရခိုင်ပြည်နယ် ၊စစ်ကိုင်းတိုင်းအတွင်းကုန်းတွင်းမုန်တိုင်းအဖြစ် ဖြတ်သန်းတိုက်ခတ်​နေခြင်းဖြစ်သည်။

(အိန္ဒိယမိုးဇလ ၏ ယ​နေ့နံနက် ထုတ်ပြန်ချက်)
(အိန္ဒိယမိုးဇလ ၏ ယ​နေ့နံနက် ထုတ်ပြန်ချက်)

▪︎ လေတိုက်နှုန်း မှာတစ်နာရီလျှင် ၂၅မိုင်ခန့်မှ ၃၁ မိုင်းအတွင်းရှိ​တော့မည်ဟုအသိ​ပေး

မိုခါမုန်တိုင်းသည် မြန်မာနိုင်ငံအတွင်းဖြတ်သန်းတိုက်ခတ်​နေရာ ယ​နေ့နံနက် ၁၀ နာရီခွဲတွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်မှ မုန်တိုင်းငယ် အဖြစ်အား​လျော့နည်းသွား​တော့မည်ဟု အိန္ဒိယမိုးဇလ(IMD)ကခန့်မှန်းသည်။

ယ​နေ့နံနက် ၁၀ နာရီခွဲ( အိန္ဒိယအချိန် ၁၁ ခွဲ)တွင် လေတိုက်နှုန်း မှာတစ်နာရီလျှင် ၂၅မိုင်ခန့်( ၄၀ ကီလိုမီတာ)မှ ၃၁ မိုင်( ၅၀ ကီလိုမီတာ)အတွင်းရှိ​တော့မည်ဖြစ်ပြီး တစ်ချက် တစ်ချက်ဆာင့်တိုက်​သောလေမှာ တစ်နာရီလျှင် ၃၇ မိုင်(ကီလိုမီတာ ၇၀) ရှိမည်ဟု IMD ကယ​နေ့ နံနက်တွင် ထုတ်ပြန်လိုက်သည်။

(အိန္ဒိယမိုးဇလ ၏ ယ​နေ့နံနက် ထုတ်ပြန်ချက်)
(အိန္ဒိယမိုးဇလ ၏ ယ​နေ့နံနက် ထုတ်ပြန်ချက်)

မုန်တိုင်းကို ခန့်မှန်းသုံးသပ်​သော မိုးဇလဌာနများစွာ၊မုန်တိုင်း​စောင့်ကြည့်​ရေးဌာနများစွာက မိုခါမုန်တိုင်းကို​စောင့်ကြည့်ခန့်မှန်းချက်များထုတ်ပြန် ရာတွင် အိန္ဒိယမိုးဇလမှ မုန်တိုင်းဖြစ်စဥ်တစ်​လျှောက်အမှန်ဆုံးဖြစ်ခဲ့သည်ကို​တွေ့ရသည်။

မိုခါမုန်တိုင်းသည် စစ်​တွေကမ်းရိုးတန်းကို ​ယမန်​နေ့ (​မေ ၁၄ )နံနက် ၁၁ နာရီ ခွဲမှစ၍ တစ်နာရီ ​လေတိုက်နှုန်း ၁၁၂ မိုင်မှ ၁၁၈ မိုင်အတွင်းအင်အားဖြင့် ဖြတ်သန်းတိုက်ခတ်ခဲ့သည်။ထို​နောက်ရခိုင်ပြည်နယ် ၊စစ်ကိုင်းတိုင်းအတွင်းကုန်းတွင်းမုန်တိုင်းအဖြစ် ဖြတ်သန်းတိုက်ခတ်​နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယမန်​နေ့ည ၁၀ နာရီခွဲတွင် မုန်တိုင်းသည် စစ်​တွေမြို့၏ ​မြောက်-အ​ရှေ့​မြောက် ဘက် ၂၁၁ မိုင် အကွာ ၊ ​​ညောင်ဦးမြို့၏ ​မြောက်-အ​နောက်​မြောက်ဘက် ၁၀၅ မိုင် အကွာ၊ ​နေပြည်​တော်၏ ​မြောက် ၊အ​နောက်​မြောက် ၂၇၃ မိုင်အကွာတွင်ရှိ​နေခဲ့သည်။မုန်တိုင်းသည် ​မြောက်၊အ​ရှေ့​မြောက်အရပ်သို့ လျင်မြန်စွာ​ရွေ့လျားခဲ့ခြင်းဖြစ်သည်။

​ယမန်​နေ့ည ၁၀ နာရီခွဲ အချိန်တွင် ​မိုခါမုန်တိုင်၏လေတိုက်နှုန်းမှာတစ်နာရီလျှင် မိုင် ၆၀ မှ ၆၂ မိုင်အတွင်းရှိခဲ့သည်။တစ်ချက်တစ်ချက် ​ဆောင့်တိုက်​သော​လေမှာ ပြင်းအား ၆၈ မိုင်ရှိခဲ့သည်။ထို​နောက် ယ​နေ့နံနက် ၄ နာရီခွဲ အချိန်တွင်မုန်တိုင်၏လေတိုက်နှုန်းမှာတစ်နာရီလျှင် မိုင် ၃၇ မှ ၄၃ မိုင်အတွင်းရှိခဲ့သည်။တစ်ချက်တစ်ချက် ​ဆောင့်တိုက်​သော​လေမှာ ပြင်းအား မိုင် ၅၀ ခန့်ရှိခဲ့​ကြောင်းIMD ကတွက်ချက်ပြထားသည်။ မုန်တိုင်းမှာ ဆက်လက်အား​လျော့၍ ပျက်ပြယ်သွားမည်ဟု အိန္ဒိယမိုးဇလကခန့်မှန်းသည်။

“အဆိုးထဲကအ​ကောင်းက မုန်တိုင်းက ကုန်​ပေါ်မှာ မြန်မြန်ပြီးသွားတာပဲ” ဟု မုန်တိုင်း​စောင့်ကြည့်​နေ​သောစစ်ကိုင်းတိုင်းမှာ အမျိုးသားတစ်ဦးက​ပြောသည်။

ထို​ကြောင့်မုန်တိုင်းသည် ယမန်​​နေ့ နံနက် ၁၁ နာရီခွဲတွင်ဝင်လာပြီး.ယ​နေ့တွင် အား​လျော့ပျက်ပြယ်သွားမည်ဖြစ်သည်။သို့​သော် မုန်တိုင်း​ကြောင့် မိုးသည်းထန်ခြင်း၊​လေပြင်းတိုက်ခတ်ခြင်း၊​မြေပြိုခြင်း၊​ရေလွှမ်းမိုးခြင်းစသည်တို့ဖြစ်နိုင်​ကြောင်းမိုးဇလဌာနများကသတိ​ပေးထားသည်။

မုန်တိုင်း​ကြောင့်ထိခိုက်ပျက်စီးမှုများကို People’s Spring ကဆက်လက်​ဖော်ပြပါမည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်ဖိတ်ကြားပြီး အစိုးရ အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကရော၊ သမ္မတ ဒရုပဒီမုရ်မုတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါတယ်။