Connect with us

Hi, what are you looking for?

သတင်း

မြစ်ငယ်မီးရထားစက်ရုံ​ဆေးရုံအုပ် ကိုယ်ပိုင်​ဆေးခန်းတွင်​သေနတ်ဖြင့်ပစ်သတ်ခံရ

ဒေါက်တာတင်ချိုချိုကို အသတ်ခံရခြင်းအတွက် ထိန့်လန့်တုန်လှုပ်မိကြောင်းနှင့် မလုံခြုံတော့ကြောင်း မန္တလေးမြို့မှ စစ်​ကောင်စီ​ဆေးရုံတွင်တာဝန်ထမ်း​ဆောင်​နေ​သောဆရာဝန်တစ်ဦးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးထားသည်။

မြစ်ငယ်မီးရထားစက်ရုံ​ဆေးရုံအုပ် ကိုယ်ပိုင်​ဆေးခန်းတွင်​သေနတ်ဖြင့်ပစ်သတ်ခံရ
မြစ်ငယ်မီးရထားစက်ရုံ​ဆေးရုံအုပ် ကိုယ်ပိုင်​ဆေးခန်းတွင်​သေနတ်ဖြင့်ပစ်သတ်ခံရ

မြစ်ငယ်မီးရထားစက်ရုံ ဆေးရုံအုပ်ကြီး ဒေါက်တာတင်ချိုချိုကိုသည် ၎င်း၏ ဆေးခန်းအတွင်းယမန်နေ့(မေလ ၁၅ရက်)ညနေက ​သေနတ်ဖြင့်ပစ်သတ်ခံရ​ကြောင်း​ဒေသခံများက​ပြောသည်။

မေ ၁၅ ရ ညနေ ၆နာရီ၃၀မိနစ်ခန့်ကအချိန်ခန့်က ၊ပလိပ်မြို့၊လျှပ်စစ်ရုံးရှေ့ရှိ ဒေါက်တာတင်ချိုချိုကို မှာ ၎င်း၏ကိုယ်ပိုင်ဆေးခန်းအတွင်း ရှိနေစဉ် အမည်မသိအမျိုးသားနှစ်ယောက်က ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပုလိပ်မြို့မှ ​ဒေသခံအချို့ကပြောသည်။

“သူကစစ်တပ်ကကောင်တွေနဲ့အသွားအလာရှိတယ်။ဆေးလာကုတဲ့သူတွေကိုလည်း စစ်တပ်ကမှန်ကြောင်း မသိမသာပြောတတ်တယ်။ စစ်တပ်အမာခံပါ။ အခု အသတ်ခံရတာ သူ့ပုဂ္ဂိုလ်ရေးပြဿနာလို့လည်း သတင်းတွေ ထွက်နေပါတယ်” ဟု​ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

ဒေါက်တာတင်ချိုချိုကိုသည် အသက် ၅၄ နှစ်အရွယ်ရှိပြီဟု သိရသည်။

Public Service Announcement

Public Service Announcement

၎င်း အသတ်ခံရပြီး ၁၅မိနစ်ခန့်တွင်စစ်ကောင်စီတပ်သားများ ရောက်လာပြီး ဒေသခံများကို ကြိမ်းမောင်းသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။

ဒေါက်တာတင်ချိုချိုကို အသတ်ခံရခြင်းအတွက် ထိန့်လန့်တုန်လှုပ်မိကြောင်းနှင့် မလုံခြုံတော့ကြောင်း မန္တလေးမြို့မှ စစ်​ကောင်စီ​ဆေးရုံတွင်တာဝန်ထမ်း​ဆောင်​နေ​သောဆရာဝန်တစ်ဦးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ ဂိမ်းစက် သိမ်းသွားတဲ့ ဖခင်ကို အသက် ၁၁ နှစ်အရွယ် သားဖြစ်သူက သေနတ်နဲ့ ပစ်သတ်လိုက်ကြောင်း သိရပါတယ်။