Connect with us

Hi, what are you looking for?

သတင်း

ပြ​ည်သူ့ရင်ပြင်ရှေ့ YBS ယာဥ်တစ်စီး မီးလောင်

အဆိုပါ YBS ယာဥ် မီးလောင်မှုကြောင့် ပြည်လမ်း ပြည်သူ့ရင်ပြင်အနီး၌ လမ်းပိတ်ဆို့မှုများ ဖြစ်ခဲ့သော်လည်း လက်ရှိတွင် ပြန်လည်ရှင်းလင်းနေပြီဖြစ်ကြောင်း အဌားယာဥ်မောင်းတစ်ဦးက ဆိုသည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ - MFSD

ရန်ကုန်မြို့၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်ရှေ့တွင် ယနေ့ (မေလ ၁၅) နံနက်က YBS(၇၈)ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ယနေ့ နံနက် ၁၀ နာရီခန့်က YBS (၇၈)ယာဥ် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုကို မီးသတ်ကား (၃)စီးဖြင့် ​သွားရောက်ငြှိမ်းသတ်ခဲ့​ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

“မနက်က ရင်ပြင်ရှေ့မှာ YBS (၇၈)မီးလောင်တာပါ။ ကားနောက်ပိုင်းတစ်ခုလုံး မီးတွေ တော်တော် လောင်တာ တွေ့လိုက်ရတယ်။ နောက်ဘက် အင်ဂျင်ခန်းက အပူလွန်ပြီး လောင်တာလို့ ပြောကြတယ်။ မီးသတ်ကားတွေ လာငြှိမ်းသွားပါပြီ။ ခရီးသည်တွေတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ် “ဟု မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ပြောသည်။

အဆိုပါ YBS ယာဥ် မီးလောင်မှုကြောင့် ပြည်လမ်း ပြည်သူ့ရင်ပြင်အနီး၌ လမ်းပိတ်ဆို့မှုများ ဖြစ်ခဲ့သော်လည်း လက်ရှိတွင် ပြန်လည်ရှင်းလင်းနေပြီဖြစ်ကြောင်း အဌားယာဥ်မောင်းတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ဂျပန်မှာ ထာဝရ မီးတောက်လို့ တင်စားခံရပြီး ဘာသာရေးအရ အလေးအမြတ်ထား ခံရတဲ့ မီးလျံကို ထိန်းသိမ်းထားရှိရာ ခန်းမဆောင်ကြီး မီးလောင်မှုဖြစ်ပြီး ပြာကျသွားခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ဟင်္သာတမြို့က ပါဆယ်လမ်းမှာရှိတဲ့ ခြောက်ခန်းတွဲ မီးရထားတန်းလျား မီးလောင်မှုဖြစ်ပြီး တန်းလျားတစ်ခုလုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။