Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းကယ်ဆယ်ရေးအတွက် NUG၊ KIO၊ MNDAA တို့က ULA/AA ထံ အလှူ​ငွေများ​ပေးအပ်

မုန်ုတိုင်းကယ်ဆယ်ရေးအတွက် အမျိုးသား ညီညွတ်​ရေးအစိုးရ(NUG) က ကျပ်သိန်းတစ်ထောင်၊ KIOမှ ကျပ်သိန်း သုံးထောင်၊ MNDAAမှ ကျပ်သိန်း ၁၀၀၀ စီပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

မုန်တိုင်းကယ်ဆယ်ရေးအတွက် NUG၊ KIO၊ MNDAA တို့က ULA/AA ထံ အလှူ​ငွေများ​ပေးအပ်
မုန်တိုင်းကယ်ဆယ်ရေးအတွက် NUG၊ KIO၊ MNDAA တို့က ULA/AA ထံ အလှူ​ငွေများ​ပေးအပ်

မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့၍ကြီးမားစွာပျက်စီးဆုံးရှုံးခဲ့ရသည့် ရခိုင်ဒေသအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့်ကိုးကန့်တပ်မတော်(MNDAA) တို့က အလှူငွေများ ပေးအပ်ခဲ့ရာ ရက္ခိုင့်တပ်တော်(ULA/AA)ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကျေးဇူးတင်လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

မုန်ုတိုင်းကယ်ဆယ်ရေးအတွက် အမျိုးသား ညီညွတ်​ရေးအစိုးရ(NUG) က ကျပ်သိန်းတစ်ထောင်၊ KIOမှ ကျပ်သိန်း သုံးထောင်၊ MNDAAမှ ကျပ်သိန်း ၁၀၀၀ စီပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

မုန်တိုင်းကယ်ဆယ်ရေးအတွက် NUG၊ KIO၊ MNDAA တို့က ULA/AA ထံ အလှူ​ငွေများ​ပေးအပ်
မုန်တိုင်းကယ်ဆယ်ရေးအတွက် NUG၊ KIO၊ MNDAA တို့က ULA/AA ထံ အလှူ​ငွေများ​ပေးအပ်

မုန်တိုင်း ဒဏ်သင့် ရခိုင်ပြည်သူများအား အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဆောင်ရွက်ရန် ကော်မတီတစ်ရပ်ကိုလည်း ULA/AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးဖွဲ့စည်းခဲ့ကြောင်း AA က အသိပေးသည်။ ယင်းကော်မတီတွင် AA စစ်ဒေသမှူးများ၊ ULA စစ်ဒေသ နိုင်ငံရေးမှူးများ၊ ကမ္ဘာလုံးဆိုင်ရာ ရခိုင်အမျိုးသားကွန်ရက် နိုင်ငံအလိုက်တာဝန်ခံများ၊ ပြည်တွင်းမှ တာဝန်ပေးထားသူများဖြင့် ဖွဲ့စည်းခဲ့သည်ဟုဆိုသည်။

AA၏ ညီနောင်အဖွဲ့အစည်းများဖြစ်သည့်TNLAနှင့် MNDAA တို့ကလည်း မုန်တိုင်းဘေးဒဏ်သင့် ပြည်သူလူထုများ၊ အသက်ဆုံးရှုံးခဲ့ရသော ပြည်သူများအတွက်အထူးဝမ်းနည်းကြောင်း သဘောထား ထုတ်ပြန်ခဲ့ပြီး အရေးပေါ် အကူအညီများ လိုအပ်နေမှုအပေါ် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ကမ္ဘာ့နိုင်ငံကြီးများ၊ အိမ်နီးနားချင်း နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများထံ မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင်AA အနေဖြင့်လည်း မုန်တိုင်းဒဏ်သင့်ပြည်သူများ အတွက် အရေးပေါ် အကူအညီများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲ အကောင်အထည်ဖော်နိုင်ရန်အတွက် ဦးစီးပြီး အကောင်းဆုံးဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း MNDAAနှင့်TNLAက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်ဖြစ်တဲ့ မြန်မာ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)က လားရှိုးမြို့ကနေ ဆုတ်ခွာပေးခဲ့မှုမှာ နှစ်ဖက် အဖွဲ့အစည်းတွေရဲ့ ဆန္ဒနဲ့အညီ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရုံသာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၏ အထူးဒေသ(၁)လောက်ကိုင်မြို့တွင် လာရောက်နေထိုင်သူများအားလုံး နေထိုင်ခွင့်ကဒ် လျှောက်ထားရန် ယနေ့ သတင်းထုတ်ပြန်သည်။

ဆောင်းပါး

ဖျက်အားပြင်း စစ်ကိုင်းငလျင်ဒဏ်ကို ရှမ်းပြည်နယ်​မြောင်ပိုင်းမှလားရှိုးမြို့မခံစားခဲ့ရပါ။သို့သော် ဒေသခံများ အလွန်စိုးရိမ်နေသည့်နိုင်ငံရေးငလျင်က လားရှိုးမြို့အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ active ဖြစ်နေပါပြီ။

Infographics

MNDAA ၊ TNLA ၊ AA တို့ရဲ့ ​မြောက်ပိုင်းညီ​နောင် မဟာမိတ် ၃ ဖွဲ့ နဲ့ မဟာမိတ်တပ်​တွေရဲ့ ၂၀၂၃ ​အောက်တိုဘာ၂၇ ရက်​နေ့မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်​ရေးပထမပိုင်းမှာ ​တော်လှန်​ရေးတပ်​တွေက မြို့​ပေါင်း ၁၇ မြို့ သိမ်းပိုက်ခဲ့ပါတယ် ။ ဒါအပြင်...

Facebook