Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာ၍ မုန်းဒေသရှိ ကျေးရွာ နှစ်ရွာမှ ဒေသခံပြည်သူ ၈၀၀ခန့် ထွက်ပြေးတိမ်းရှောင်ရဟု KNU အသိပေး

အာဏာသိမ်းစစ်ကောင်စီတပ်သည် မေလ ၁၀ရက်က မုန်းမြို့နယ် ညောင်ပင်သာရွာကို ဝင်ရောက်ပြီး ဒေသခံပြည်သူ ၂၀ဦးကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်။အာဏာသိမ်းစစ်ကောင်စီတပ်သည် မေလ ၁၀ရက်က မုန်းမြို့နယ် ညောင်ပင်သာရွာကို ဝင်ရောက်ပြီး ဒေသခံပြည်သူ ၂၀ဦးကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်။

(စစ်ကောင်စီတပ်ရန်ကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသော မုန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်ရန်ကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသော မုန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာ၍ ဒေသခံ ပြည်သူ ၈၀၀ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNUက ယနေ့ ညပိုင်း၌ ထုတ်ပြန်သည်။

မေလ ၁၆ရက်က စစ်ကောင်စီတပ်သည် တမာခေါရွာနှင့် တောင်စု(အနောက်)ရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အရပ်သား နှစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးခံရသူ နှစ်ဦးမှာ မေလ ၁၇ရက်တွင် ပြန်လွတ်လာသော်လည်း စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာ၍ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ထွက်ပြေးတိမ်းရှောင်သူအရေအတွက်မှာ တမာခေါကျေးရွာနှင့် တောင်စု(အနောက်) ကျေးရွာတို့မှ အိမ်ထောင်စု ၂၀၀ကျော်၊ လူဦးရေ ၇၉ဦး ဖြစ်သည်ဟု အသိပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် မေလ ၁၀ရက်က မုန်းမြို့နယ် ညောင်ပင်သာရွာကို ဝင်ရောက်ပြီး ဒေသခံပြည်သူ ၂၀ဦးကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါဒေသတွင် KNUနှင့် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိအပါအဝင်သေဆုံးထိခိုက်မှုများရှိခဲ့ပြီးနောက် ညောင်ပင်သာရွာခံများကို စစ်ကောင်စီတပ် စစ်ကြောင်းက သတ်ဖြတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို