Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာ၍ မုန်းဒေသရှိ ကျေးရွာ နှစ်ရွာမှ ဒေသခံပြည်သူ ၈၀၀ခန့် ထွက်ပြေးတိမ်းရှောင်ရဟု KNU အသိပေး

အာဏာသိမ်းစစ်ကောင်စီတပ်သည် မေလ ၁၀ရက်က မုန်းမြို့နယ် ညောင်ပင်သာရွာကို ဝင်ရောက်ပြီး ဒေသခံပြည်သူ ၂၀ဦးကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်။အာဏာသိမ်းစစ်ကောင်စီတပ်သည် မေလ ၁၀ရက်က မုန်းမြို့နယ် ညောင်ပင်သာရွာကို ဝင်ရောက်ပြီး ဒေသခံပြည်သူ ၂၀ဦးကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်။

(စစ်ကောင်စီတပ်ရန်ကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသော မုန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်ရန်ကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသော မုန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာ၍ ဒေသခံ ပြည်သူ ၈၀၀ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNUက ယနေ့ ညပိုင်း၌ ထုတ်ပြန်သည်။

မေလ ၁၆ရက်က စစ်ကောင်စီတပ်သည် တမာခေါရွာနှင့် တောင်စု(အနောက်)ရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အရပ်သား နှစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးခံရသူ နှစ်ဦးမှာ မေလ ၁၇ရက်တွင် ပြန်လွတ်လာသော်လည်း စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာ၍ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ထွက်ပြေးတိမ်းရှောင်သူအရေအတွက်မှာ တမာခေါကျေးရွာနှင့် တောင်စု(အနောက်) ကျေးရွာတို့မှ အိမ်ထောင်စု ၂၀၀ကျော်၊ လူဦးရေ ၇၉ဦး ဖြစ်သည်ဟု အသိပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် မေလ ၁၀ရက်က မုန်းမြို့နယ် ညောင်ပင်သာရွာကို ဝင်ရောက်ပြီး ဒေသခံပြည်သူ ၂၀ဦးကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါဒေသတွင် KNUနှင့် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိအပါအဝင်သေဆုံးထိခိုက်မှုများရှိခဲ့ပြီးနောက် ညောင်ပင်သာရွာခံများကို စစ်ကောင်စီတပ် စစ်ကြောင်းက သတ်ဖြတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။