Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးများခဲ့သည့် မတူပီတွင် အမိုးအကာများအရေးပေါ်လိုအပ်နေ

ချင်းပြည်နယ်မင်းတပ်တွင်လည်း စပါးကျီ ၁၅၀ အပါအဝင်လူနေအိမ်အဆောက်အဦးများစွာ ပျက်စီးခဲ့၍ စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

(မေလ ၁၄ရက်က တိုက်ခတ်သောမုန်တိုင်းကြောင့် မတူပီမြို့နယ်အတွင်း နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မတူပီ CDF)
(မေလ ၁၄ရက်က တိုက်ခတ်သောမုန်တိုင်းကြောင့် မတူပီမြို့နယ်အတွင်း နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မတူပီ CDF)

မိုခါမုန်တိုင်းကြောင့် မတူပီ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) ထိန်းချုပ်နယ်မြေအတွင်း ထိခိုက်ပျက် စီးမှုများပြားခဲ့ပြီး အမိုးအကာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မေလ ၁၄ရက်က မုန်တိုင်းတိုက်ခိုက်ခဲ့၍ မတူပီ CDFထိန်းချုပ်နယ်မြေရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ် ၂၃၀နီးပါး ပျက်စီးခဲ့ကြောင်း၊ ဆက်သွယ်ရေးအခက်အခဲကြောင့် ထိခိုက်ပျက် စီးမှု ထိုထက်ပိုများနိုင်ကြောင်း ၎င်းက ဆိုသည်။

(မေလ ၁၄ရက်က တိုက်ခတ်သောမုန်တိုင်းကြောင့် မတူပီမြို့နယ်အတွင်း နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မတူပီ CDF)
(မေလ ၁၄ရက်က တိုက်ခတ်သောမုန်တိုင်းကြောင့် မတူပီမြို့နယ်အတွင်း နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – မတူပီ CDF)

“အဓိက အခက်အခဲက ကျနော်တို့မှာ အမိုးအကာတွေအကုန်လုံးလိုအပ်တယ်။ အများအားဖြင့် အမိုးလန်တာတွေအများအားဖြင့်ရှိတယ် ။အိမ်ပြိုပျက်တာနည်းတယ်။ ကျနော်တို့ အခုအချိန်မှာ ပိုက်ဆံဘယ်လောက်ရှိရှိ သွပ်မိုးတွေဆိုရင် ဝယ်လို့ခက်တယ်။ အလွယ်ဆုံးက မိုးကာလောက်ရနိုင်ရင် ကျနော်တို့မှာ လုံး၀ အဆင်ပြေတဲ့ အခြေအနေတော့ရှိတယ်။ ကျနော်တို့ တပ်ရင်းစခန်းတွေ လည်း ဒီအတိုင်းပါပဲ အားလုံးအပျက်အစီးတွေရှိတယ်။ အမိုးအကာလောက်ပဲ ရရင် ပြည်သူအတွက်ရော တပ်အတွက်ရော အဆင်ပြေမယ်”ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အမိုးအကာများ အချိန်မီမရပါက မိုးတွင်းကာလ၌ အခက်အခဲများစွာကြုံရမည်ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

(မေလ ၁၄ရက်က တိုက်ခတ်သောမုန်တိုင်းကြောင့် မတူပီမြို့နယ်အတွင်း နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မတူပီ CDF)
(မေလ ၁၄ရက်က တိုက်ခတ်သောမုန်တိုင်းကြောင့် မတူပီမြို့နယ်အတွင်း နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – မတူပီ CDF)

ပျက်စီးသွားသည့် လူနေအိမ်များ၊ ဘာသာရေး အဆောက်အုံများ ၊ စာသင်ကျောင်းများ ပြန်လည်ပြုပြင်နိုင်ရန်နှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အမိုးအကာပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများအပါအဝင် အခြားအရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း မတူပီ CDFက ထုတ်ပြန်သည်။

(မေလ ၁၄ရက်က တိုက်ခတ်သောမုန်တိုင်းကြောင့် မတူပီမြို့နယ်အတွင်း နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မတူပီ CDF)
(မေလ ၁၄ရက်က တိုက်ခတ်သောမုန်တိုင်းကြောင့် မတူပီမြို့နယ်အတွင်း နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – မတူပီ CDF)

နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်း (NGO/INGO)နှင့် လူမှုအခြေပြု အဖွဲ့အစည်းများ အနေဖြင့် အကူအညီပေးကြရန်လည်း မတူပီ CDFက မေတ္တာရပ်ခံထားသည်။

Public Service Announcement
Public Service Announcement

ချင်းပြည်နယ်မင်းတပ်တွင်လည်း စပါးကျီ ၁၅၀ အပါအဝင်လူနေအိမ်အဆောက်အဦးများစွာ ပျက်စီးခဲ့၍ စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ မုန်တိုင်းတစ်ခုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လေပြင်းတွေတိုက်၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်းကို ၂ပတ်အတွင်း အကြိမ် ၄၀ခန့် ဗုံးကြဲ

သတင်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းမြို့တွေ ဖြစ်တဲ့ မင်းတပ်နဲ့ မတူပီမြို့ကို လေကြောင်းက ဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့သလို မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။