Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ရှိ စစ်ရှောင်ပြည်သူများနေရာကို စစ်ကောင်စီလေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်

ယမန်နေ့ ည ၁၀ နာရီခန့်က မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ခုတွင် စစ်ရှောင်ပြည်သူများနေထိုင်သည့် နေရာကို ရည်ရွယ်ချက်ရှိရှိ တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

(ကရင်နီပြည်နယ်အတွင်း အသုံးပြုတိုက်ခိုက်နေသော စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(ကရင်နီပြည်နယ်အတွင်း အသုံးပြုတိုက်ခိုက်နေသော စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ် မိုးဗြဲမြို့ရှိ စစ်ရှောင်ပြည်သူများရှိရာနေရာကို စစ်ကောင်စီက လေယာဥ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ် များက ပြောသည်။

ယမန်နေ့ ည ၁၀ နာရီခန့်က မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ခုတွင် စစ်ရှောင်ပြည်သူများနေထိုင်သည့် နေရာကို ရည်ရွယ်ချက်ရှိရှိ တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

“ဗုံး၁၀လုံးကြဲသွားတယ်။အနောက်ဘက်ခြမ်းက စစ်ရှောင်တွေရှိတဲ့ ရွာနှစ်ရွာကို ကြဲတာ။ထိခိုက်မှုတော့ရှိတယ်။ဆက်သွယ်ရေးလိုင်းတွေ ဖြတ်ထားလို့ ကွင်းဆင်းမှ သေချာသိနိုင်မှာ”ဟု မိုးဗြဲ Rescue Team တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ယခုလက်ရှိ မိုးဗြဲသာမက ကရင်နီပြည်နယ်တစ်ခုလုံးတွင် နေ့စဉ်နှင့်အမျှ စစ်ရေးတင်းမာလျှက်ရှိသည့်အတွက် စစ်ရေးအခြေအနေများကို နားစွင့် ထားခြင်းနှင့် နောင်လာမည့်အရာများကို ကြိုတင်တွက်ဆကြပြီး ဆောင်ရန်၊ရှောင်ရန်ရမည့် အရာများကို မြို့ခံပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် မိုးဗြဲ PDF က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“တိုက်ပွဲမရှိဘဲနဲ့ကို အကြောင်းမဲ့လာပစ်သွားတာ။သိရသလောက်ဆို တိုက်လေယာဥ်တစ်စီးနဲ့ လေးခါဝဲပြီး ဗုံးကြဲသွားတာ”ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့ကြောင့် မိုးဗြဲမြို့ပြည်သူများနှင့် စစ်ရှောင်ပြည် သူများအနေဖြင့် လုံခြုံရေးကို အဓိကထားပြီး အထူးသတိထား နေထိုင်ရန် မိုးဗြဲ PDF က မေတ္တာရပ်ခံသည်။

ကရင်နီဒေသအတွင်း မိုးဗြဲနှင့် ဖယ်ခုံမြို့အပါအဝင် စစ်ကောင်စီတပ်မှာ ထိခိုက်သေဆုံးမှုများစွာ ရှိနေပြီး နေ့စဥ်လေကြောင်းအသုံးပြု တိုက်ခိုက်နေသည်။

ပြီးခဲ့သည့်လပိုင်းက ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှ စစ်ဘေးရှောင် နေရာတစ်ခု တိုက်ခိုက်ခံရပြီး အမျိုးသားတစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

အလားတူဧပြီ ၂၅ ရက် နေ့လယ်ပိုင်းကလည်း ဖယ်ခုံမြို့အနောက်ဘက်ခြမ်းရှိ ဆောင်းဖွေးကျေးရွာ ဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Trending

Facebook