Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ရှိ စစ်ရှောင်ပြည်သူများနေရာကို စစ်ကောင်စီလေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်

ယမန်နေ့ ည ၁၀ နာရီခန့်က မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ခုတွင် စစ်ရှောင်ပြည်သူများနေထိုင်သည့် နေရာကို ရည်ရွယ်ချက်ရှိရှိ တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

(ကရင်နီပြည်နယ်အတွင်း အသုံးပြုတိုက်ခိုက်နေသော စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(ကရင်နီပြည်နယ်အတွင်း အသုံးပြုတိုက်ခိုက်နေသော စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ် မိုးဗြဲမြို့ရှိ စစ်ရှောင်ပြည်သူများရှိရာနေရာကို စစ်ကောင်စီက လေယာဥ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ် များက ပြောသည်။

ယမန်နေ့ ည ၁၀ နာရီခန့်က မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ခုတွင် စစ်ရှောင်ပြည်သူများနေထိုင်သည့် နေရာကို ရည်ရွယ်ချက်ရှိရှိ တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

“ဗုံး၁၀လုံးကြဲသွားတယ်။အနောက်ဘက်ခြမ်းက စစ်ရှောင်တွေရှိတဲ့ ရွာနှစ်ရွာကို ကြဲတာ။ထိခိုက်မှုတော့ရှိတယ်။ဆက်သွယ်ရေးလိုင်းတွေ ဖြတ်ထားလို့ ကွင်းဆင်းမှ သေချာသိနိုင်မှာ”ဟု မိုးဗြဲ Rescue Team တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ယခုလက်ရှိ မိုးဗြဲသာမက ကရင်နီပြည်နယ်တစ်ခုလုံးတွင် နေ့စဉ်နှင့်အမျှ စစ်ရေးတင်းမာလျှက်ရှိသည့်အတွက် စစ်ရေးအခြေအနေများကို နားစွင့် ထားခြင်းနှင့် နောင်လာမည့်အရာများကို ကြိုတင်တွက်ဆကြပြီး ဆောင်ရန်၊ရှောင်ရန်ရမည့် အရာများကို မြို့ခံပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် မိုးဗြဲ PDF က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“တိုက်ပွဲမရှိဘဲနဲ့ကို အကြောင်းမဲ့လာပစ်သွားတာ။သိရသလောက်ဆို တိုက်လေယာဥ်တစ်စီးနဲ့ လေးခါဝဲပြီး ဗုံးကြဲသွားတာ”ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့ကြောင့် မိုးဗြဲမြို့ပြည်သူများနှင့် စစ်ရှောင်ပြည် သူများအနေဖြင့် လုံခြုံရေးကို အဓိကထားပြီး အထူးသတိထား နေထိုင်ရန် မိုးဗြဲ PDF က မေတ္တာရပ်ခံသည်။

ကရင်နီဒေသအတွင်း မိုးဗြဲနှင့် ဖယ်ခုံမြို့အပါအဝင် စစ်ကောင်စီတပ်မှာ ထိခိုက်သေဆုံးမှုများစွာ ရှိနေပြီး နေ့စဥ်လေကြောင်းအသုံးပြု တိုက်ခိုက်နေသည်။

ပြီးခဲ့သည့်လပိုင်းက ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှ စစ်ဘေးရှောင် နေရာတစ်ခု တိုက်ခိုက်ခံရပြီး အမျိုးသားတစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

အလားတူဧပြီ ၂၅ ရက် နေ့လယ်ပိုင်းကလည်း ဖယ်ခုံမြို့အနောက်ဘက်ခြမ်းရှိ ဆောင်းဖွေးကျေးရွာ ဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေရဲ့ မြေပြင်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်က အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။