Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၂၄ ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများကို အမေရိကန်က ဒေါ်လာ ၁၇ သန်း၊ ပြင်သစ်က ယူရို ၁ သန်းကူညီမယ်

မိုခါဆိုင်ကလုန်းဒဏ်ကိုခံခဲ့ရတဲ့ မြန်မာပြည်သူများကို ယူရို ၁ သန်းတန်ဖိုးရှိ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးအပ်ဖို့ ပြင်သစ်အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းများရှိ ပြည်သူများကို အကူအညီများပေးနိုင်ဖို့ ပြင်သစ်က ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။

(မိုခါမုန်တိုင်း​ကြောင့် ​ဒေသခံပြည်သူ ၂၀ ဦး​သေဆုံးခဲ့​သော ညောင်ပင်ကြီးရွာကို ​မေ ၂၁ ရက်က​တွေ့ရစဥ်။ ဓာတ်ပုံ-Border News Agency)
(မိုခါမုန်တိုင်း​ကြောင့် ​ဒေသခံပြည်သူ ၂၀ ဦး​သေဆုံးခဲ့​သော ညောင်ပင်ကြီးရွာကို ​မေ ၂၁ ရက်က​တွေ့ရစဥ်။ ဓာတ်ပုံ-Border News Agency)

အလားတူ အမေရိကန်ပြည်ထောင်စုကလည်း ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများကို တုံ့ပြန်ဆောင်ရွက်ဖို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အမေရိကန် ဒေါ်လာ ၁၇ သန်းနီးပါးကို ထပ်တိုးကူညီသွားမယ်လို့ မနေ့က ထုတ်ပြန်ကြေညာပါတယ်။ အစောပိုင်းက အမေရိကန်ဟာ ကနဦး ဒေါ်လာ နှစ်သိန်းကူညီမယ်လို့ ကြေညာထားပါတယ်။

ဓာတ်ပုံ − အမေရိကန်သံရုံး
ဓာတ်ပုံ − အမေရိကန်သံရုံး

▪️အာဏာသိမ်း​ခေါင်း​ဆောင်အပါအဝင် လူပုဂ္ဂိုလ် ၁၁၆ ဦးနဲ့ အဖွဲ့အစည်း ၁၈ ခုကို အရေးယူပိတ်ဆို့မှုမှာ ဥရောပ ၁၀ နိုင်ငံ ထပ်တိုးလာ

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် လူပုဂ္ဂိုလ် ၁၁၆ ဦးနဲ့ အဖွဲ့အစည်း ၁၈ ခုကို အရေးယူပိတ်ဆို့ထားတဲ့ ဥရောပသမဂ္ဂ(EU)ရဲ့ဆုံးဖြတ်ချက်ကို ဥရောပရှိ နိုင်ငံ ၁၀ နိုင်ငံ ထပ်တူ အရေးယူပိတ်ဆို့မယ်လို့ အီးယူအကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က မနေ့က ကြေညာပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်မှာ ချမှတ်ခဲ့တဲ့ ဥရောပကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မြောက်မက်ဆီဒိုနီးယား၊ မွန်တီနီဂရိုး၊ ဆားဘီယား၊ အယ်ဘေးနီးယား၊ ယူကရိန်း၊ ဘော့စနီးယား၊ ဂျော်ဂျီယာနှင့် EFTA(ဥရောပလွတ်လပ်စွာကုန်သွယ်ရေးအသင်း)နိုင်ငံများဖြစ်တဲ့ အိုက်စလန်၊ လက်ချင်စတိန်းနဲ့ နော်ဝေးတို့က လိုက်နာကျင့်သုံးမယ်လို့ အီးယူအကြီးအကဲက ကြေညာခဲ့တာပါ။

Public Service Announcement

Public Service Announcement

(အီးယူအကြီးအကဲ ဂျိုဆက်ဘော်ရဲလ်။ဓါတ်ပုံ-EU)
(အီးယူအကြီးအကဲ ဂျိုဆက်ဘော်ရဲလ်။ဓါတ်ပုံ-EU)

▪️မိုးဗြဲမြို့ စစ်ရှောင်ပြည်သူများနေရာကို စစ်ကောင်စီလေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲ

ရှမ်း-ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ရှိ စစ်ရှောင်ပြည်သူများရှိရာနေရာကို စစ်ကောင်စီက လေယာဥ်နဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။ မနေ့ ညပိုင်းက မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ခုမှာ စစ်ရှောင်ပြည်သူများနေထိုင်တဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိ တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိမှာဖြစ်ပေမယ့် ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရလို့ အသေးစိတ်မသိရသေးပါဘူး။

(ကရင်နီပြည်နယ်အတွင်း အသုံးပြုတိုက်ခိုက်နေသော စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(ကရင်နီပြည်နယ်အတွင်း အသုံးပြုတိုက်ခိုက်နေသော စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

▪️BGF စခန်းတစ်ခုကို KNU တပ်မဟာ(၅) စီးနင်းတိုက်ခိုက်၊ BGF ငါးဦးသေဟု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန်ခရိုင်ရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တပ်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ BGF တပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့တယ်လို့ KNU တပ်မဟာ(၅)က ဒီနေ့ထုတ်ပြန်ပါတယ်။ မေလ ၂၀ ရက် နေ့ခင်းက ကတဲတိ(ကတိုင်တိ)နဲ့ ထီးကဆောမဲကြား စခန်းချ ဆက်ကြေးတောင်းယူနေတဲ့ BGF စခန်းကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၀၂) နဲ့ တပ်ခွဲများ စုပေါင်း တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။ တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲ BGFတပ်ခွဲမှူးပါဝင်ပြီး BGF ပိုင် ကားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

( KNLA တပ်မဟာ (၅)က BGF ကားကိုမီးရှို့​နေစဥ်။ဓါတ်ပုံ-KNU -Mutraw News)
(KNLA တပ်မဟာ (၅)က BGF ကားကိုမီးရှို့​နေစဥ်။ဓါတ်ပုံ-KNU Mutraw News)

▪️မြင်းခြံအကျဥ်းထောင်မှ နိုင်ကျဥ်း လေးဦးကို စစ်​ကောင်စီ ထပ်မံခေါ်ထုတ်သွား

​မန္တလေးတိုင်း၊ မြင်းခြံအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား လေးဦးကို စစ်​ကောင်စီက ထပ်မံခေါ်ထုတ်သွားတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောပါတယ်။ မနေ့က မြင်းခြံအကျဥ်းထောင်ရှိ မန္တလေးမှ ကိုမင်းရဲထွေး(ခ)ကိုမင်းသွေးနဲ့ ကိုကျော်စိုးတင့်၊ မြင်းခြံမှ ကိုဇော်လှိုင်းနဲ့ ကိုစိုးရာဇာတို့ကို​ ခေါ်ထုတ်သွားတယ်လို့ သိရပါတယ်။ မေလ ၂၁ နဲ့ ၂၂ ရက်တွေက မြင်းခြံအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၇ ဦးအား ခေါ်ထုတ်သွားခဲ့ပြီး စစ်သားနဲ့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ကိုဥက္ကာ ကျဆုံးခဲ့ပါတယ်။

(မြင်းခြံအကျဥ်းထောင်အား တွေ့ရစဥ် ။ဓာတ်ပုံ-CJ)
(မြင်းခြံအကျဥ်းထောင်အား တွေ့ရစဥ် ။ဓာတ်ပုံ-CJ)

▪️စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် မြင်းခြံနယ် နေအိမ် ၅၀ကျော် မီးလောင်၊ ဒေသခံနှစ်ဦး မီးလောင်သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ မန်ကျည်းစုကျေးရွာကို စစ်ကောင်စီတပ်သားများနဲ့ ပျူစောထီးများ ဝင်ရောက်မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူနှစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ဟာ မန်ကျည်းစုရွာကို မီးရှို့ခဲ့ပြီး အသက် ၆၀ အရွယ် ဒေါ်အေးကြိုင်၊ အသက် ၄၀အရွယ် ဦးခင်မောင်ဌေးတို့ မီးထဲပါ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အခြားပြည်သူတစ်ဦးကိုတော့ အချိန်မီ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

(၂၀၂၁ မေလက မြင်းခြံမြို့နယ်၊ တလုပ်ဒေသတွင် စစ်ကောင်စီတပ် ဝင်ရာက်အကြမ်းဖက်နေ၍ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့စဥ်။ ဓာတ်ပုံ - CJ)
(၂၀၂၁ မေလက မြင်းခြံမြို့နယ်၊ တလုပ်ဒေသတွင် စစ်ကောင်စီတပ် ဝင်ရာက်အကြမ်းဖက်နေ၍ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့စဥ်။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ