Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီအ​ပေါ် အရေးယူပိတ်ဆို့မှုများတိုးလုပ်ရန်အမေရိကန်နှင့်မိတ်ဖက်နိုင်ငံများဆွေးနွေး

နိုင်ငံများဖြစ်သည့် အိုက်စလန်၊ လက်ချင်စတိန်းနှင့် နော်ဝေးတို့ကလည်း ဥရောပကောင်စီ၏ ဆုံးဖြတ်ချက် အရေးယူပိတ်ဆို့မှုအတိုင်း လိုက်နာကျင့်သုံးမည်ဟု ဥရောပသမဂ္ဂ(EU)အကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က မေလ ၂၃ရက်တွင် ကြေညာခဲ့သည်။

(အာဏာသိမ်းစစ်​ခေါင်း​ဆောင် ​ပဲခူးမြို့သို့ ​မေလ​နောက်ဆုံးပါတ်တွင်သွား​ရောက်ခဲ့စဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)
(အာဏာသိမ်းစစ်​ခေါင်း​ဆောင် ​ပဲခူးမြို့သို့ ​မေလ​နောက်ဆုံးပါတ်တွင်သွား​ရောက်ခဲ့စဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်နေသော စစ်ကောင်စီ၏လုပ်ရပ်များကို ကန့်သတ်ရန် မိတ်ဖက်နိုင်ငံများက ဆက်လက်ပူးပေါင်းအရေးယူမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။

အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်တို့သည် ဥရောပကော်မရှင်နှင့် ဥရောပပြည်ပအရေးယူဆောင်ရွက်မှုဌာနတို့၏ အရေးယူပိတ်ဆို့ရေးမူဝါဒနှင့် အကောင်အထည်ဖော်မှု ဌာနအကြီးအကဲများနှင့် မေလ ၂၄ ရက်တွင် တွေ့ဆုံခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် စစ်ကောင်စီအပေါ်ဆက်လက်အရေးယူမှုများ ထပ်တူလုပ်ဆောင်ရေး ဆွေးနွေးခဲ့ကြသည်။

အထက်ပါမိတ်ဖက်နိုင်ငံများသည် ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းချိန်မှစ၍ လုပ်ဆောင်ခဲ့သော အရေးယူမှုများ၏ ထင်ရှားသည့်အတိုင်းအတာ၊ ဆက်လက်ပူးပေါင်းကြိုးပမ်းအားထုတ်မှုများနှင့် အစုံလိုက်အရေးယူမှုများကို အထောက်အပံ့ဖြစ်ရန် သတင်းအချက်အလက်နှင့် ပစ်မှတ်ထားမျှဝေမှုများ ဆက်လက်လုပ်ဆောင်ရန် အရေးကြီးမှုများကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ထို့အပြင် စစ်မှန်ပြီး အားလုံးပါဝင်သော ဒီမိုကရေစီစနစ်ဆီဦးတည်သည့်လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး စစ်ကောင်စီကို ဖိအားပေးရန် မိတ်ဖက်နိုင်ငံများက ဆန်းစစ်ခဲ့ကြသည်။

ဥရောပကောင်စီသည် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်များ၊ အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်သူများ စသည့် လူပုဂ္ဂိုလ် ၉၂ ဦးနှင့် အဖွဲ့အစည်း ၁၇ ခုကို ၂၀၂၄ ဧပြီ ၃၀ ရက်အထိ အရေးယူပိတ်ဆို့ကြောင်း ဧပြီလကုန်ပိုင်းက ဆုံးဖြတ်ခဲ့သည်။ ကောင်စီသည် ထပ်မံရရှိသော အချက်အလက်များအရ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် စစ်ကောင်စီအဖွဲ့ဝင် စုစုပေါင်း ၂၄ ဦး နှင့် အဖွဲ့အစည်း တစ်ခုတို့ကို ဥရောပကောင်စီ၏အရေးယူပိတ်ဆို့မှုစာရင်းတွင် ထပ်မံထည့်သွင်းခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြောက်မက်ဆီဒိုနီးယား၊ မွန်တီနီဂရိုး၊ ဆားဘီယား၊ အယ်ဘေးနီးယား၊ ယူကရိန်း၊ ဘော့စနီးယား၊ ဂျော်ဂျီယာနှင့် EFTA(ဥရောပလွတ်လပ်စွာကုန်သွယ်ရေးအသင်း)

နိုင်ငံများဖြစ်သည့် အိုက်စလန်၊ လက်ချင်စတိန်းနှင့် နော်ဝေးတို့ကလည်း ဥရောပကောင်စီ၏ ဆုံးဖြတ်ချက် အရေးယူပိတ်ဆို့မှုအတိုင်း လိုက်နာကျင့်သုံးမည်ဟု ဥရောပသမဂ္ဂ(EU)အကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က မေလ ၂၃ရက်တွင် ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။