Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းသင့်ဒေသတွေအတွက် ဒေါ်လာ ၁၇ သန်း အမေရိကန် ထပ်တိုးကူညီ

အခုထပ်တိုးကူညီမယ့် ဒေါ်လာ ၁၇ သန်းကိုလည်း USAID ကတဆင့် မုန်တိုင်းသင့်ဒေသတွေမှာ ဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ပေးအပ်သွားမယ်လို့ အမေရိကန်သံရုံးက ဆိုပါတယ်။

ဓာတ်ပုံ − အမေရိကန်သံရုံး
ဓာတ်ပုံ − အမေရိကန်သံရုံး

မုန်တိုင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့ ဒေါ်လာ ၁၇ သန်း နီးပါးမြန်မာနိုင်ငံကို ထပ်တိုး ကူညီပေးသွားမယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကကြေညာအသိပေးပါတယ်။

ကနဦးက ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဒေါ်လာ ၂ သိန်းကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ထံကတဆင့် အမေရိကန်အစိုးရက မုန်တိုင်းအပြီးရက်ပိုင်းအတွင်းမှာတင် ထောက်ပံ့ဖူးပါတယ်။

အခုထပ်တိုးကူညီမယ့် ဒေါ်လာ ၁၇ သန်းကိုလည်း USAID ကတဆင့် မုန်တိုင်းသင့်ဒေသတွေမှာ ဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ပေးအပ်သွားမယ်လို့ အမေရိကန်သံရုံးက ဆိုပါတယ်။

ဒီထောက်ပံ့မှုတွေဟာ မုန်တိုင်းသင့်လူထုအတွက် အရေးပေါ် နားခိုစရာ ၊ သန့်ရှင်းတဲ့ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်ရာမှာ အထောက်အပံ့ဖြစ်စေမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

Facebook