Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော် PDF၏ ကွန်မန်ဒိုတပ်ဖွဲ့ ပထမဆုံးသင်တန်းဆင်းပွဲ ပြုလုပ်

ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးကလည်း နေပြည်တော်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အရေးကြီးသော စစ်မဟာဗျူဟာ ပစ်မှတ်နေရာဖြစ်ပြီး စစ်ကောင်စီပစ်မှတ်နေရာများကို ထိချက်မိမိတိုက်ခိုက်ကြရန် ပေးပို့သည့် သ၀ဏ်လွှာ၌ ဖော်ပြထားသည်။

(နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ကွန်မန်ဒိုတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - နေပြည်တော် PDF)
(နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ကွန်မန်ဒိုတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - နေပြည်တော် PDF)

နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ကွန်မန်ဒိုတပ်ဖွဲ့၏ ပထမဆုံးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သ၀ဏ်လွှာပေးပို့ခဲ့သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) – နေပြည်တော်၏ ကွန်မန်ဒိုအခြေပြု အပတ်စဥ် (၁)သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်ကို ဓာတ်ပုံမှတ်တမ်းများနှင့်အတူ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခြင်းဖြစ်သည်။

နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ စစ်ရေးတာဝန်ခံ ဗိုလ်​​တေဇ (ဒု-တာဝန်ခံ ၂)က “နေပြည်တော်ဟာ ရန်သူ့ရဲ့ နှလုံးသားနေရာ ဖြစ်တဲ့အတွက် တော်လှန်ရေးအတွက်အရေးကြီးကြောင်း ၊ ရဲဘော်များ အနေနဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း အကောင်းဆုံးပြင်ဆင်ထားကြပြီး နေပြည်တော်ကို အမြန်ဆုံးတိုက်ခိုက်သိမ်းပိုက်နိုင်ရန် အစွမ်းကုန်ကြိုးစား တည်ဆောက်ကြရန် “ဟု သင်တန်းဆင်းပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

Public Service Announcement
Public Service Announcement

ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးကလည်း နေပြည်တော်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အရေးကြီးသော စစ်မဟာဗျူဟာ ပစ်မှတ်နေရာဖြစ်ပြီး စစ်ကောင်စီပစ်မှတ်နေရာများကို ထိချက်မိမိတိုက်ခိုက်ကြရန် ပေးပို့သည့် သ၀ဏ်လွှာ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် “တော်လှန်ရေး ကာလအချိန်တစ်ခုရောက်လာချိန်တိုင်းမှာ ဖြစ်တတ်တဲ့ စိတ်ပျက်ခြင်း၊အားမလိုအားမရဖြစ်ခြင်းနဲ့စိတ်ဓာတ်ကျခြင်း တွေကိုလည်း ဉာဏ်ပညာအမျှော်အမြင်ရှိရှိနဲ့ ငါတို့ခေတ်မှာ စစ်အာဏာရှင်စနစ် ပြုတ်ကိုပြုတ်ကျ ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ရင်ဆိုင်ဖြတ်ကျော်ကြဖို့ အသိပေးလိုတယ်”ဟု သဝဏ်လွှာမှတဆင့် မိန့်ခွန်းပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။