Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နေပြည်တော် PDF၏ ကွန်မန်ဒိုတပ်ဖွဲ့ ပထမဆုံးသင်တန်းဆင်းပွဲ ပြုလုပ်

ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးကလည်း နေပြည်တော်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အရေးကြီးသော စစ်မဟာဗျူဟာ ပစ်မှတ်နေရာဖြစ်ပြီး စစ်ကောင်စီပစ်မှတ်နေရာများကို ထိချက်မိမိတိုက်ခိုက်ကြရန် ပေးပို့သည့် သ၀ဏ်လွှာ၌ ဖော်ပြထားသည်။

(နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ကွန်မန်ဒိုတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - နေပြည်တော် PDF)
(နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ကွန်မန်ဒိုတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - နေပြည်တော် PDF)

နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ကွန်မန်ဒိုတပ်ဖွဲ့၏ ပထမဆုံးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သ၀ဏ်လွှာပေးပို့ခဲ့သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) – နေပြည်တော်၏ ကွန်မန်ဒိုအခြေပြု အပတ်စဥ် (၁)သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်ကို ဓာတ်ပုံမှတ်တမ်းများနှင့်အတူ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခြင်းဖြစ်သည်။

နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ စစ်ရေးတာဝန်ခံ ဗိုလ်​​တေဇ (ဒု-တာဝန်ခံ ၂)က “နေပြည်တော်ဟာ ရန်သူ့ရဲ့ နှလုံးသားနေရာ ဖြစ်တဲ့အတွက် တော်လှန်ရေးအတွက်အရေးကြီးကြောင်း ၊ ရဲဘော်များ အနေနဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း အကောင်းဆုံးပြင်ဆင်ထားကြပြီး နေပြည်တော်ကို အမြန်ဆုံးတိုက်ခိုက်သိမ်းပိုက်နိုင်ရန် အစွမ်းကုန်ကြိုးစား တည်ဆောက်ကြရန် “ဟု သင်တန်းဆင်းပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

Public Service Announcement
Public Service Announcement

ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးကလည်း နေပြည်တော်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အရေးကြီးသော စစ်မဟာဗျူဟာ ပစ်မှတ်နေရာဖြစ်ပြီး စစ်ကောင်စီပစ်မှတ်နေရာများကို ထိချက်မိမိတိုက်ခိုက်ကြရန် ပေးပို့သည့် သ၀ဏ်လွှာ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် “တော်လှန်ရေး ကာလအချိန်တစ်ခုရောက်လာချိန်တိုင်းမှာ ဖြစ်တတ်တဲ့ စိတ်ပျက်ခြင်း၊အားမလိုအားမရဖြစ်ခြင်းနဲ့စိတ်ဓာတ်ကျခြင်း တွေကိုလည်း ဉာဏ်ပညာအမျှော်အမြင်ရှိရှိနဲ့ ငါတို့ခေတ်မှာ စစ်အာဏာရှင်စနစ် ပြုတ်ကိုပြုတ်ကျ ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ရင်ဆိုင်ဖြတ်ကျော်ကြဖို့ အသိပေးလိုတယ်”ဟု သဝဏ်လွှာမှတဆင့် မိန့်ခွန်းပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။