Connect with us

Hi, what are you looking for?

သတင်း

ကျိုက်စကောအကျဥ်းထောင်တွင်ချုပ်နှောင်ခံထားရသောပဲခူးပကဖ အဖွဲ့ဝင်တစ်ဦးစစ်ကြောရေးပို့ခံရစဥ်သေဆုံး

စစ်ကောင်စီက ယခုနောက်ပိုင်းတွင် နိုင်ငံရေးအကျဥ်းသားများအား အကျဥ်းထောင်ပြင်ပသို့ ခေါ်ထုတ်စစ်ဆေးမှုများရှိရာ မေ ၂၁ မှ ၂၄ ရက်အထိ မြင်းခြံအကျဥ်းထောင်မှ အကျဥ်းသား ၁၁ ဦးကို အပြင်သို့ခေါ်ထုတ်ညှင်းပန်းနှိပ်စက်မှုများရှိနေပြီး တစ်ဦးသေဆုံးသွားသည်ဟု သတင်းများထွက်ပေါ်လျှက်ရှိသည်။

(စစ်ကြောရေးတွင် ကျဆုံးသွားပြီဟု သတင်းများထွက်ပေါ်နေသည့် ပဲခူး(ပကဖ)အဖွဲ့ဝင် ကိုသန့်ဇင်ဝင်း။ဓါတ်ပုံ-ပေးပို့)
(စစ်ကြောရေးတွင် ကျဆုံးသွားပြီဟု သတင်းများထွက်ပေါ်နေသည့် ပဲခူး(ပကဖ)အဖွဲ့ဝင် ကိုသန့်ဇင်ဝင်း။ဓါတ်ပုံ-ပေးပို့)

ကျိုက်စကောအကျဥ်းထောင်၌ စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော နိုင်ငံရေးအကျဥ်းသား ကိုသန့်ဇင်ဝင်းသည် စစ်ကြောရေးသို့ အပိုခံရစဥ် သေဆုံးသွားကြောင်း ပဲခူးမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ကိုသန့်ဇင်ဝင်းသည် ပဲခူး(ပကဖ)မှ လေ့ကျင့်စု ဆောင်းရေးတာဝန်ခံတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် အခြားရဲဘော်များနှင့်အတူ စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံခဲ့ရသည်။

ထို့နောက် ကိုသန့်ဇင်ဝင်းအား စစ်ကောင်စီက ပုဒ်မ ၅၄၊ ၅၀၅၊ ၅၁၊ ၅၂ စသည့် မတရားပုဒ်မများတပ်ကာ ထောင်ဒဏ် နှစ်ပေါင်း(၈၀)ကျော်အထိ ချမှတ်ထားသော်လည်းမပြီးပြတ်သေးသည့်အမှုများအား ဆက် လက်ရင်ဆိုင်နေရစဥ် ယမန်နေ့(မေ ၂၆)က အခြားသောနိုင်ငံရေးအကျဥ်းသား ၃ ဦးနှင့်အတူ စစ်ကြောရေးသို့ ပို့ခံရခြင်းဖြစ်ကြောင်း ပဲခူး(ပကဖ)က အသိ ပေးသည်။

အပြင်သို့ ခေါ်ထုတ်ခံရပြီးနောက် ကိုသန့်ဇင်ဝင်းသေဆုံးသွားပြီဖြစ်ကြောင်းကို ခိုင်လုံသောသတင်းရင်းမြစ်ထံမှ သိရှိရပြီးနောက် မိသားစုမှ ထောင်အာဏာပိုင်များထံ စုံစမ်းခဲ့သော်လည်း ကိုသန့်ဇင်ဝင်း အသက်သေဆုံးခြင်းရှိ ၊မရှိကို တိကျသေချာစွာဖြေကြားခြင်းမရှိဘဲ ငြင်းဆန်ခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဘာကြောင့်(အပြင်)ခေါ်မှန်းတော့ မသိရသေးဘူးဗျ။ စစ်ကြောရေးပို့တယ်ပဲ သိရသေးတာပါ။သူ့အမှုကတော့မကုန်သေးပါဘူး”ဟု ပဲခူး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ကိုသန့်ဇင်ဝင်းနှင့်အတူ ကျိုက်စကောအကျဥ်းထောင်မှ အခြားနိုင်ငံရေးအကျဥ်းသား ၃ ဦးကိုပါ စစ်တပ်က အပြင်သို့ခေါ်ထုတ်ခဲ့ပြီး ထိုသုံးဦးမှာလည်း ယနေ့(မေ ၂၇)အထိ သတင်းအစအနပင် မရသေးကြောင်း၊ အလားတူ ယနေ့တွင်လည်း အကျဥ်းသားအချို့အား အပြင်သို့ထပ်မံခေါ်ထုတ်မှုများရှိနေကြောင်း ပဲခူး(ပကဖ)က ဆိုသည်။

စစ်ကောင်စီက ယခုနောက်ပိုင်းတွင် နိုင်ငံရေးအကျဥ်းသားများအား အကျဥ်းထောင်ပြင်ပသို့ ခေါ်ထုတ်စစ်ဆေးမှုများရှိရာ မေ ၂၁ မှ ၂၄ ရက်အထိ မြင်းခြံအကျဥ်းထောင်မှ အကျဥ်းသား ၁၁ ဦးကို အပြင်သို့ခေါ်ထုတ်ညှင်းပန်းနှိပ်စက်မှုများရှိနေပြီး တစ်ဦးသေဆုံးသွားသည်ဟု သတင်းများထွက်ပေါ်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။