Connect with us

Hi, what are you looking for?

သတင်း

သထုံမြို့နယ် ဒုံသမိတံတားဂိတ်အား KNU/PDF ပူးပေါင်းတပ် တိုက်ခိုက်

စစ်ကောင်စီ ဝါဒဖြန့်သတင်းဌာနအချို့က ဒုံသမိ ဂိတ် တိုက်ခိုက်ခံရမှုကို ဖော်ပြထားရာ KNU/PDF ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် ဒုရဲအုပ် အပါအဝင် ရဲသုံးဦး ဒဏ်ရာရရှိကြောင်း ဖော်ပြခဲ့ပြီး သေဆုံးမှု အခြေအနေကို ဖော်ပြမထားပေ။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNLA)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNLA)

▪️စစ်ကောင်စီ၏ လက်နက် ၅လက်ရဟု နယ်မြေခံတပ်မှူးပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ သထုံမြို့နယ် ဒူးရင်းဆိပ်ရွာအနီး ဒုံသမိတံတားဂိတ်ကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိပြီး လက်နက် ၅လက် ရရှိခဲ့ကြောင်း ဒေသခံနှင့် KNLA တပ်မှူးက ပြောသည်။

ယနေ့ (ဇွန်လ ၁ရက်) နံနက်အစောပိုင်း၌ အဆိုပါ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ဒုံသမိဖြစ်စဉ်ကတော့ အကြမ်းဖျဉ်းတော့ သိတယ်။ လက်နက်တော့ ၅လက်ရတယ်။ ထိခိုက်ဒဏ်ရာကတော့ စာရင်းမရသေးဘူး”ဟု KNLA တပ်မှူးက ပြောသည်။

ထို့ပြင် သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်း၊ ကျည်များ၏ ဓာတ်ပုံမှတ်တမ်းကိုလည်း KNLA တပ်မှူးက ပြသခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒေသခံတစ်ဦးကလည်း ယနေ့ ဒုံသမိတိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်က ၇ဦးခန့်သေဆုံးသည်ဟု ကြားရကြောင်းပြောသည်။

စစ်ကောင်စီ ဝါဒဖြန့်သတင်းဌာနအချို့က ဒုံသမိ ဂိတ် တိုက်ခိုက်ခံရမှုကို ဖော်ပြထားရာ KNU/PDF ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် ဒုရဲအုပ် အပါအဝင် ရဲသုံးဦး ဒဏ်ရာရရှိကြောင်း ဖော်ပြခဲ့ပြီး သေဆုံးမှု အခြေအနေကို ဖော်ပြမထားပေ။

စစ်ကောင်စီ ဝါဒဖြန့် သတင်းဌာန၏ ဖော်ပြချက် တွင် KNU/PDF ပူးပေါင်းအဖွဲ့က အင်အား ၂၀၀ ခန့်ဖြင့် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်က ဒုံသမိတံတားရှိ ဘန်ကာများ၌ နေရာယူ ၍ ပြန်လည် ပစ်ခတ်နေစဉ် ဒုံသမိတံတား (မွန်ဘက်ခြမ်း)၌ မော်တော်ယာဉ် ၁စီး အချိန်ကိုက်ရောက်ရှိလာပြီး ယာဉ်မောင်းမှာ မော်တော်ယာဉ် ကို တံတားအဝင် ဘယ်ရီဂိတ်အနီး ရပ်တန့် ထားရှိ ထွက်ပြေးသွားကြောင်း၊ အဆိုပါ ယာဉ်သည် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ အလားတူ ကရင်ဘက်အခြမ်းတွင်လည်း မော်တော်ယာဉ် တစ်စီး ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။