Connect with us

Hi, what are you looking for?

သတင်း

NUGက ကြားကာလဗဟိုဘဏ်ကိုဖွဲ့စည်း

ကြားကာလဗဟိုဘဏ်ကို ဒါရိုက်တာအဖွဲ့ဖွဲ့စည်း၍ စီမံခန့်ခွဲရမည်ဖြစ်ပြီး ဥက္ကဌသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးက ပူးတွဲဆောင်ရွက်ရမည်ဟု ယာယီသမ္မတက ထုတ်ပြန်ထားသည်။

NUGက ကြားကာလဗဟိုဘဏ်ကိုဖွဲ့စည်း
NUGက ကြားကာလဗဟိုဘဏ်ကိုဖွဲ့စည်း

ပြည်သူပိုင်နိုင်ငံခြားအရန်ငွေများကို စစ်ကောင်စီအသုံးပြုနေခြင်းကို တားဆီးရန် ကြားကာလဗဟိုဘဏ်ဖွဲ့စည်းပြီး ၎င်းတာဝန်ကို စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနအား အာဏာအပ်နှင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ယာယီသမ္မတ ဒူးဝါးလရှီးလက ယနေ့ထုတ်ပြန်လိုက်သည်။

ယာယီသမ္မတက ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ထုတ်ပြန်၍ နိုင်ငံတကာနှင့် ဒေသတွင်း ဗဟိုဘဏ်များနည်းတူဗဟိုဘဏ်လုပ်ငန်းများကိုဆောင်ရွက်ရန်အတွက် ကြားကာဗဟိုဘဏ်အဖြစ် အာဏာအပ်နှင်းရခြင်းဖြစ်သည်ဟုရှင်းလင်းထားသည်။

NUGက ကြားကာလဗဟိုဘဏ်ကိုဖွဲ့စည်း
NUGက ကြားကာလဗဟိုဘဏ်ကိုဖွဲ့စည်း

ကြားကာလဗဟိုဘဏ်ကို ဒါရိုက်တာအဖွဲ့ဖွဲ့စည်း၍ စီမံခန့်ခွဲရမည်ဖြစ်ပြီး ဥက္ကဌသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးက ပူးတွဲဆောင်ရွက်ရမည်ဟု ယာယီသမ္မတက ထုတ်ပြန်ထားသည်။

ထိုအမိန့်သည် ဇွန် ၁ ရက်တွင် စတင်အာဏာတည်ရမည်ဟုလည်း ထိုအမိန့်စာတွင်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ဗဟိုဘဏ်လုပ်ငန်းက အစိုးရတရပ်အတွက်မဖြစ်မနေလိုအပ်တဲ့ ဌာနတစ်ခုပါ။ အခုလိုကြားကာလမှလည်း လိုအပ်ပါတယ်။ ကျပ်ငွေကို စစ်ကောင်စီက ထိန်းချုပ်ပြီး လူထုကို အနိုင်ကျင့်နေတဲ့အချိန်မှာ တော်လှန်ရေးအစိုးရဘက်ကလည်း တန်ပြန်တုန့်ပြန်မှုတွေလုပ်ရမှာ” ဟု ငွေကြေးဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြသည်။

ထိုအမိန့်စာတွင် စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို လုယူပြီးနာက် အဖက်ဖက်မှ ပျက်စီးယိုယွင်းမှုများထဲတွင်ဘဏ်လုပ်ငန်းကဏ္ဍလည်းပါဝင်သည်ဟု​ဖော်ပြထားသည်။ စစ်ကောင်စီထိန်းချုပ်ထားသည့် ဘဏ်များသည် အပ်ငွေအပ်နှံသူပြည်သူများ၏ အကျိုးစီးပွားကိုမကြည့်ဘဲ အကြမ်းဖက်စစ်ကောင်စီအလိုကျဆောင်ရွက်ခဲ့၍ ပြည်သူများ နစ်နာဆုံးရှုံးမှုများ ခံစားခဲ့ရသည်ဟုအသိ​ပေးထားသည်။

ထိုပြင် စစ်ကောင်စီသည် နိုင်ငံခြားအရန်ငွေများကိုလည်းပြည်သူများကို သတ်ဖြတ်ရန် လေယာဉ်ဆီအပါအဝင် လက်နက်နှင့် လက်နက်ထုတ်လုပ်ရေးပစ္စည်းများဝယ်ယူခဲ့သည်။ ထိုသို့ ပြည်သူများ နစ်နာဆုံးရှုံးမှုများကို အချိန်မီကုစားနိုင်ရန်၊ ဘဏ်လုပ်ငန်းကို ထိရောက်စွာထိန်းကျောင်းနိုင်ရန် နှင့် နိုင်ငံခြားအရန်ငွေများကို စစ်ကောင်စီသုံးစွဲခြင်း ကာကွယ်တားဆီးနိုင်ရန် အတွက် ကြားကာလဗဟိုဘဏ်ကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ယာယီသမ္မတ၏ အမိန့်စာတွင်ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။