Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

NUGက ကြားကာလဗဟိုဘဏ်ကိုဖွဲ့စည်း

ကြားကာလဗဟိုဘဏ်ကို ဒါရိုက်တာအဖွဲ့ဖွဲ့စည်း၍ စီမံခန့်ခွဲရမည်ဖြစ်ပြီး ဥက္ကဌသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးက ပူးတွဲဆောင်ရွက်ရမည်ဟု ယာယီသမ္မတက ထုတ်ပြန်ထားသည်။

NUGက ကြားကာလဗဟိုဘဏ်ကိုဖွဲ့စည်း
NUGက ကြားကာလဗဟိုဘဏ်ကိုဖွဲ့စည်း

ပြည်သူပိုင်နိုင်ငံခြားအရန်ငွေများကို စစ်ကောင်စီအသုံးပြုနေခြင်းကို တားဆီးရန် ကြားကာလဗဟိုဘဏ်ဖွဲ့စည်းပြီး ၎င်းတာဝန်ကို စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနအား အာဏာအပ်နှင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ယာယီသမ္မတ ဒူးဝါးလရှီးလက ယနေ့ထုတ်ပြန်လိုက်သည်။

ယာယီသမ္မတက ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ထုတ်ပြန်၍ နိုင်ငံတကာနှင့် ဒေသတွင်း ဗဟိုဘဏ်များနည်းတူဗဟိုဘဏ်လုပ်ငန်းများကိုဆောင်ရွက်ရန်အတွက် ကြားကာဗဟိုဘဏ်အဖြစ် အာဏာအပ်နှင်းရခြင်းဖြစ်သည်ဟုရှင်းလင်းထားသည်။

NUGက ကြားကာလဗဟိုဘဏ်ကိုဖွဲ့စည်း
NUGက ကြားကာလဗဟိုဘဏ်ကိုဖွဲ့စည်း

ကြားကာလဗဟိုဘဏ်ကို ဒါရိုက်တာအဖွဲ့ဖွဲ့စည်း၍ စီမံခန့်ခွဲရမည်ဖြစ်ပြီး ဥက္ကဌသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးက ပူးတွဲဆောင်ရွက်ရမည်ဟု ယာယီသမ္မတက ထုတ်ပြန်ထားသည်။

ထိုအမိန့်သည် ဇွန် ၁ ရက်တွင် စတင်အာဏာတည်ရမည်ဟုလည်း ထိုအမိန့်စာတွင်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ဗဟိုဘဏ်လုပ်ငန်းက အစိုးရတရပ်အတွက်မဖြစ်မနေလိုအပ်တဲ့ ဌာနတစ်ခုပါ။ အခုလိုကြားကာလမှလည်း လိုအပ်ပါတယ်။ ကျပ်ငွေကို စစ်ကောင်စီက ထိန်းချုပ်ပြီး လူထုကို အနိုင်ကျင့်နေတဲ့အချိန်မှာ တော်လှန်ရေးအစိုးရဘက်ကလည်း တန်ပြန်တုန့်ပြန်မှုတွေလုပ်ရမှာ” ဟု ငွေကြေးဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြသည်။

ထိုအမိန့်စာတွင် စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို လုယူပြီးနာက် အဖက်ဖက်မှ ပျက်စီးယိုယွင်းမှုများထဲတွင်ဘဏ်လုပ်ငန်းကဏ္ဍလည်းပါဝင်သည်ဟု​ဖော်ပြထားသည်။ စစ်ကောင်စီထိန်းချုပ်ထားသည့် ဘဏ်များသည် အပ်ငွေအပ်နှံသူပြည်သူများ၏ အကျိုးစီးပွားကိုမကြည့်ဘဲ အကြမ်းဖက်စစ်ကောင်စီအလိုကျဆောင်ရွက်ခဲ့၍ ပြည်သူများ နစ်နာဆုံးရှုံးမှုများ ခံစားခဲ့ရသည်ဟုအသိ​ပေးထားသည်။

ထိုပြင် စစ်ကောင်စီသည် နိုင်ငံခြားအရန်ငွေများကိုလည်းပြည်သူများကို သတ်ဖြတ်ရန် လေယာဉ်ဆီအပါအဝင် လက်နက်နှင့် လက်နက်ထုတ်လုပ်ရေးပစ္စည်းများဝယ်ယူခဲ့သည်။ ထိုသို့ ပြည်သူများ နစ်နာဆုံးရှုံးမှုများကို အချိန်မီကုစားနိုင်ရန်၊ ဘဏ်လုပ်ငန်းကို ထိရောက်စွာထိန်းကျောင်းနိုင်ရန် နှင့် နိုင်ငံခြားအရန်ငွေများကို စစ်ကောင်စီသုံးစွဲခြင်း ကာကွယ်တားဆီးနိုင်ရန် အတွက် ကြားကာလဗဟိုဘဏ်ကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ယာယီသမ္မတ၏ အမိန့်စာတွင်ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။