Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်နှင့် ပခုက္ကူကြားထိန်းချုပ်နိုင်ရေး မဟာမိတ်များနှင့် NUGအောက်ရှိ တပ်ရင်းများဖြင့်ပူးပေါင်းဆောင်ရွက်မည်ဟု CDF အသိပေး

လက်ရှိတွင် မင်းတပ်မြို့နယ်အတွင်း ၅ရက်ဆက် တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ကျည်လိုအပ်ချက်များလည်းရှိနေသည်ဟု ဆိုသည်။

(မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CDF)
(မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CDF)

▪️ထိုးစစ်အတွက်ရည်ရွယ်သည့် ကမ်ပိန်းပြုလုပ်နေပြီး ရန်ပုံငွေပြည့်မီရေးအား ဖြည့်ကူညီပေးရန်တောင်းဆို

ချင်းပြည်နယ် မင်းတပ်နှင့် မကွေးတိုင်း ပခုက္ကူမြို့အကြားရှိမြို့များအား ထိန်းချုပ်နိုင်ရေး အတွက် ထိုးစစ်ဆင်ရန် စတင်ပြင်ဆင်နေပြီး မဟာမိတ်များ ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးအောက်ရှိ တပ်ရင်းများဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) စစ်ဒေသမှူး ဆလိုင်းနိုင်းတမ်က အသိပေးခဲ့ပြီး အဆိုပါ ထိုးစစ် အတွက် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူနိုင်ရေး ပြုလုပ်လျက်ရှိသည့် အားယူထပျံ အောက်ချင်းအားမာန် ကမ်ပိန်းရန်ပုံငွေ ပြည့်မီရေး ပံ့ပိုးကူညီပေးရန် တောင်းဆိုလိုက်သည်။

အဆိုပါ ကမ်ပိန်းအတွက် ရန်ပုံငွေကျပ်သိန်း ၅,၀၀၀ရရှိရေး ဆောင်ရွက်နေပြီး ကမ်ပိန်းကာလကို မေလ ၁၉ရက်မှ ဇွန်လ ၁၉ရက်အထိ သတ်မှတ်ထားသည်။

လက်ရှိတွင် မင်းတပ်မြို့နယ်အတွင်း ၅ရက်ဆက် တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ကျည်လိုအပ်ချက်များလည်းရှိနေသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“အခု ၅ရက်ကြာလာတဲ့ တိုက်ပွဲမှာ ကျနော်တို့ သုံးနေတာ ကျည် ၂၀၀၀ လောက်ဖြစ်လာပြီ။ ကျည်လိုအပ်ချက်တွေရှိနေသလို ကျနော်တို့ရဲ့ သိန်း ၅,၀၀၀ Campaign ကလည်း ၁၀ ရာခိုင်နှုန်းတောင် မရသေးဘူး။အားဖြည့်ပေးဖို့ အကူအညီတောင်းလိုပါတယ်။”ဟု ဆလိုင်းနိုင်းတမ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယခုပြုလုပ်သည့် ကမ်ပိန်းသည် ထိုးစစ်အတွက် ပြင်ဆင်မှုတစ်ရပ်ဖြစ်သည်ဟုလည်း အသိပေးသည်။

“Campaign က ထိုးစစ်အတွက်လိုအပ်တဲ့ဟာလေးတွေ ဝယ်ဖို့ လုပ်တာပါ။ ကျနော်တို့ မင်းတပ် နဲ့ ပခုက္ကူကြားက မြို့တွေကို မဟာမိတ်တွေ ၊MOD အောက်တပ်ရင်းတွေနဲ့ ပူးပေါင်းပြီး အတက်နိုင်ဆုံး ထိန်းချုပ်ဖို့ ခြေလှမ်းစနေတာပါ” ဟု ဆလိုင်းနိုင်းတမ်က ပြောသည်။

မင်းတပ်နှင့်ကျောက်ထုအကြား တိုက်ပွဲ ၅ရက်တာအတွင်း စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူး အပါအဝင် သေဆုံးထိခိုက်များပြားလျက်ရှိသည်ဟု CDF တာဝန်ရှိသူတို့က အသိပေးထားသည်။ အဆိုပါ တိုက်ပွဲများ၌လည်း မကွေးတိုင်းအတွင်းရှိ PDFများနှင့် CDF များ ပူးပေါင်း တိုက်ပွဲဝင်နေခြင်းဖြစ်သည်။

မင်းတပ် CDF၏ အားယူထပျံ အောက်ချင်းအားမာန် ကမ်ပိန်းကို ဦးဆောင်နေကြသည့် တော်လှန်ရေးခေါင်းဆောင်များအနေဖြင့် ကျဉ်းမြောင်းသည့် အမြင်မရှိဘဲ တောင်ပေါ်မြေပြန့် ကမ်းရိုးတမ်း မခွဲခြားဘဲ ပြိုင်တူ တသံတည်းညီ တချီတည်းရုန်းကြမည်ဟု စိတ်ထားရှိသည့်အတွက် များစွာ ဝမ်းသာကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။

“ထောက်ပံ့မှုများကအစအပြန်အလှန် ကူကြရမှာပါ။ ကျနော်တို့က အချိန်ဆွဲမခံဘူး။ အာရုံလွှဲမခံဘူး။ စိတ်ဝမ်းကွဲမခံဘူးလို့ ကြွေးကြော်ထားတဲ့အတိုင်း တသံတည်းချီတချီတည်းရုန်း ကြပါစို့။ ပြည်သူတွေက ငါတို့ အလှည့်ရောက်ပြီဆိုတဲ့ ကြွေးကြော်သံမျိုးနဲ့ ဟောဒီတိုက်ပွဲကို အနိုင်တိုက်ကြပါစို့။ အဲဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထောက်ကြကူကြ ဝန်းရံကြပါစို့”ဟု ဦးမင်းကိုနိုင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။